မန္တလေးသို့ ခရီးစဉ်သစ်ပျံသန်းရန် တရုတ်လေကြောင်းလိုင်း လာရောက်ဆွေးနွေး

တရုတ်နိုင်ငံအခြေစိုက် လေ ကြောင်းလိုင်း 9Air သည် Guang Zhou (ဂွမ်ကျိုး)ပြည်နယ်မှ မန္တ လေးသို့ လေကြောင်း ခရီးစဉ်သစ် တစ်ခု တိုးချဲ့ပျံသန်းရန် ဇွန်လ ပထမပတ်က လာရောက် ဆွေး နွေးခဲ့ကြောင်း မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်၏ စီမံခန့် ခွဲရေးဝန်ဆောင်မှု ကုမ္ပဏီ MC-Jalux Airport Services ၏ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောသည်။


‘‘Guang Zhou (ဂွမ်ကျိုး) ကနေ မန္တလေးကို တစ်ပတ်သုံး ရက် ပုံမှန်ခရီးစဉ်အနေနဲ့ ပျံသန်း နိုင်ဖို့အတွက် လာရောက်ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။ လေကြောင်း ဦးစီးကို ခွင့်ပြုချက်ရဖို့ တင်ပြ ထားတယ်လို့ သိရတယ်’’ ဟု ဦးကျော်ဆန်းက ပြောသည်။

9Air လေကြောင်းလိုင်း အနေဖြင့် ဂွမ်ကျိုး-မန္တလေး-ဂွမ် ကျိုး လေကြောင်းလိုင်း ခရီးစဉ် သစ်ကို ယခုနှစ် သြဂုတ်လကုန် တွင် စတင်ပျံသန်းနိုင်ရန် ခန့်မှန်း ထားပြီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက် မရသေးမီ စင်းလုံးငှားလေယာဉ် ခရီးစဉ်အချို့ ပျံသန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံမှ ခရီး သွားများအား ဗီဇာဖြေလျှော့ပေး ရန် စီစဉ်နေသဖြင့် တရုတ် လေကြောင်းလိုင်းများ မန္တလေး သို့ ခရီးစဉ်သစ်များ တိုးချဲ့ပျံ သန်းရန် စီစဉ်နေခြင်းဖြစ်သည်။

‘‘အခုနောက်ပိုင်း မန္တလေးကို တရုတ်လေကြောင်း လိုင်းတွေ၊ ခရီးစဉ်တွေ သိသိသာသာ တိုးလာ တယ်။ တခြားလေကြောင်းလိုင်း တစ်ခုလည်း ရှန်ကျန်းပြည်နယ်ကို ခရီးစဉ်သစ်အနေနဲ့ တိုးချဲ့ပျံသန်း ဖို့လာပြီး ဆွေးနွေးထားတာရှိပါ တယ်’’ ဟု ဦးကျော်ဆန်းကပြော သည်။

မန္တလေး အပြည်ပြည်ဆိုင် ရာ လေဆိပ်တွင် ပြည်တွင်းခရီး စဉ် ၁၂ ခုနှင့် နိုင်ငံတကာခရီးစဉ် ခြောက်ခု တိုက်ရိုက်ပျံသန်းနေ ကြောင်း ဦးကျော်ဆန်းက ပြော သည်။