Samsung Galaxy A8 Star စမတ်ဖုန်း ပြည်တွင်းဈေးကွက် စတင်မိတ်ဆက်

အဆုံးအစမဲ့ မျက်နှာ ပြင်နှင့် ကျောဘက်ကင်မရာနှစ်ခု ပါဝင်သော Galaxy A8 Star စမတ်ဖုန်းသစ်ကို ဇွန်လ ၂၇ ရက် ၌ မြန်မာနိုင်ငံ၌ စတင်မိတ်ဆက် ခဲ့ကြောင်း Samsung မြန်မာက သတင်းထုတ်ပြန်သည်။

‘‘ဒီဖုန်းဟာ ဓာတ်ပုံတွေကို သေသေသပ်သပ်နဲ့ လှလှပပ ရိုက်ရတာကို ကြိုက်တဲ့လူတွေနဲ့ ရုပ်ရှင်ကြည့်တဲ့အချိန် ဒါမှမဟုတ် ဂိမ်းကစားတဲ့အချိန်တွေမှာ အ ကောင်းဆုံး မြင်ကွင်းအတွေ့ အ ကြုံကို ခံစားချင်တဲ့လူတွေအတွက် တကယ့်ကို သင့်တော်ပါတယ်’’ဟု Samsung မြန်မာအိုင်တီနှင့် မို ဘိုင်းဌာန အကြီးအကဲ ဦးဇာနည် ဝင်းထက်က ပြောသည်။

Galaxy A8 Star စမတ်ဖုန်း တွင် ၆ ဒသမ ၃ လက်မရှိသော Full HD+sAMOLED အဆုံးအစ မဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး ကင်မရာပိုင်းအနေဖြင့် ကျော ဘက်တွင် f1.7 အသုံးပြုထား သည့် 16MP နှင့် 24MP ကင် မရာနှစ်လုံး တပ်ဆင်ပြီး ရှေ့ဘက် တွင် Selfie ရိုက်ကူးရန်  24MP ကင်မရာ တပ်ဆင်ထားသည့်အ တွက် အလင်းရောင် အားနည်း သည့်အချိန်များတွင်ပင် အရည် အသွေးကောင်းမွန်သော ဓာတ်ပုံ များ ရိုက်ကူးနိုင်မည်ဖြစ်သည်။

A8 Star တွင် စွမ်းဆောင် ရည်ပိုင်းအနေဖြင့် Snapdragon Snapdra 660 ကို Android Version 8.0 နှင့် ပေါင်းစပ်ပေး ထားပြီး ဖုန်းတွင်း မှတ်ဉာဏ် 64 GB နှင့် RAM 4GB တပ်ဆင်ထား ကာ မလုံလောက်ပါက Micro SD ကတ်ဖြင့် 512GB အထိ တိုး ချဲ့ကာ အသုံးပြုနိုင်သည်။

Galaxy Star ကို မြန်မာ နိုင်ငံတွင် ဇူလိုင် ၁၀ ရက်ကစတင် ၍ ကျပ် ၇၈၉,၀၀၀ ဖြင့် ဝယ်ယူ နိုင်ပြီး အဖြူရောင်နှင့် အနက် ရောင် နှစ်မျိုးရွေးချယ် ဝယ်ယူနိုင် သည်။ အရစ်ကျ ဝယ်ယူလိုသူ များအတွက် မြန်မာနိုင်ငံသား များဘဏ်နှင့် ပူးပေါင်းကာ လစဉ် ငွေပေးချေစနစ်ဖြင့် တစ်လလျှင် အတိုးနှုန်း ၁ ဒသမ ၀၈ ရာခိုင် နှုန်းဖြင့် ရောင်းချမည်ဖြစ်သည်။