ပိတ်ကားနောက်ကွယ်က ဒွေးရဲ့ရုပ်ပုံလွှာ

လွန်ခဲ့သော ၁၁ နှစ် မိုးဖွဲ လေးများ တဖြောက်ဖြောက်ကျ ဆင်းနေသည့် ဇူလိုင် ၁၁ ရက်တွင် အနုပညာလောကတစ်ခုလုံး အုန်း အုန်းကျွက်ကျွက် ဖြစ်ခဲ့သည်။
 


ထိုနေ့သည်  နာမည်ကြီး သရုပ်ဆောင်ဒွေး အနုပညာလော က အပါအဝင် ၎င်း၏ မိသားစုနှင့် ပရိသတ်များကို နှုတ်ဆက်ထွက် ခွာသွားသည့် နေ့ပင်ဖြစ်သည်။

ထိုနေ့က တစ်နိုင်ငံလုံးရှိ ၎င်း ကို အားပေးနေသော ပရိသတ် များ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ မယုံနိုင်ခြင်း များဖြင့် ရုပ်ရှင်လောကအတွက် သဘာဝဆန်သည့် မင်းသားတစ် ဦးကို လက်လွှတ်ဆုံးရှုံးရသည့် နေ့လည်းဖြစ်သည်။

ယနေ့သည် မင်းသားဒွေး ကွယ်လွန်သည်မှာ (၁၁)နှစ် ပြည့် ပြီဖြစ်သည်။ သို့သော်ရုပ်ရှင် လောကတွင်း ၎င်းနေရာကို အစား ထိုးနိုင်သည့် သရုပ်ဆောင် ယနေ့ တိုင် ထွက်ပေါ်လာခြင်း မရှိသေး ဟု ပရိသတ်များက မှတ်ချက်ပြု သည်။

ကိုသားကြီးဟု အများက ချစ်စနိုးခေါ်သော ဒွေးသည် နာမည်ကြီး မင်းသားတစ်ဦးဖြစ်ရန် အောက်ခြေက စခဲ့သူဖြစ်သည်။ ရှုတင်မန်နေဂျာဘဝဖြင့်  အချိန် အတော်ကြာ ဖြတ်သန်းပြီး ကင်မရာမန်း၊  ထိုမှတစ်ဆင့် မင်းသားဖြစ်လာသူဖြစ်ရာ ရိုက် ကွင်းပေါ်မှ အခြေခံ စက်မှုလုပ် သားနှင့် လူကြမ်းများ၊ ဇာတ်ပို့၊ ဇာတ်ရံများ၏ဘဝကို အမြဲ စာနာ အားပေးတတ်သည်။

နာမည်ကြီးမင်းသား ဖြစ် တော့လည်း ၎င်း၏ ပြင်ပအသွင် သဏ္ဌာန်သည် မျက်နှာထားတည် တည်သဖြင့် မာကျောသည်ဟု ထင်ရသော်လည်း ရိုက်ကွင်းပေါ်တွင် ထိုသို့မဟုတ်။ ဟိတ်ကြီး ဟန်ကြီး ဖြင့်မနေဘဲ စက်မှုလုပ်သားများ အပါအဝင် မည်သူ့ကိုမဆို ပြုံး ရယ်နှုတ်ဆက်တတ်ပြီး ရှုတင်တွင် လာရောင်းသည့် စားစရာများကိုရိုက်ကူးရေးတစ်ဖွဲ့လုံးအား အမြဲ ဝယ်ကျွေးလေ့ရှိသည်။ ထို့အပြင် နယ်ဘက် (သို့မဟုတ်) ရန်ကုန် မြို့စွန်ကဲ့သို့သော နေရာများတွင် ရိုက်ကွင်းရှိပါက ရှုတင်သို့ လာ ရောက် ကြည့်ရှုသည့် ကလေးများ၊ ပရိသတ်များကို ကျွေးရန် ရှိသမျှ မုန့်သည် တိုင်းလိုလို ရှုတင်၌ ခေါ်ထားလေ့ရှိသည်။

ထို့အပြင် ဇာတ်ကားတစ် ကား ရိုက်ကူးပြီးတိုင်း ရှုတင်တစ် ဖွဲ့လုံးကို တန်းစီခိုင်းကာ မုန့်ဖိုးပေး လေ့ရှိကြောင်း ကိုသားကြီးအနီး တွင် ၁၇ နှစ်ခန့် မန်နေဂျာအဖြစ် အနီးကပ် လုပ်ကိုင်ပေးသည့် ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ဒွေးအကြောင်းကို ပြန် ပြောင်းပြောပြသည်။

‘‘ချောကလက်လေးတွေ တန်းစီဆိုပြီး အကုန်လုံးကို တန်း စီခိုင်းတယ်။ ရှုတင်အဖွဲ့မဟုတ်ဘဲ အပြင်ကလူတွေ လာတန်းစီလည်း မျက်နှာမကြည့်ဘဲ ပိုက်ဆံပေး တယ်။ ငါးသိန်းလောက်ယူခဲ့ဆိုပြီး တစ်ထောင်တန်တွေကိုရေပြီး မျက်နှာမကြည့်ဘဲပေးတော့ သုံးခါ ပြန်တန်းစီတဲ့သူကိုလည်း ပေး တယ်။ အရင်ကဆို အပျော် သဘောအနေနဲ့ ဒါရိုက်တာတွေက အစ ပြန်တန်းစီတယ်။ ဘယ်သူ လာတန်းစီစီပေးတယ်။ အစ်ကို ဘာလို့ မျက်နှာမကြည့်ဘဲ ပိုက်ဆံ ပေးတာလဲဆိုတော့ သူ့ကို အား လုံးက ရိုက်ကွင်းမှာ မင်းသားလို့ သိထားတယ်။ သူတို့ကိုကြည့်ပြီး ပေးရင် ငါတို့ မင်းသားဆီက ပိုက် ဆံယူရတယ်ဆိုတာမျိုး အားငယ် တဲ့စိတ် မဖြစ်စေချင်ဘူးတဲ့။ အဲဒါ ကြောင့် မျက်နှာကိုမကြည့်ဘဲပေး တာတဲ့။ မျက်နှာကြည့်ရင် သူတို့ အားငယ်သွားမှာစိုးလို့ မကြည့် တာလို့ ပြောဖူးတယ်’’ဟု ဒွေး၏ အမူအကျင့်အချို့ကို ၎င်းက ပြန် လည်ဝေမျှသည်။

အနုပညာကို ဘဝဟုသတ် မှတ်ထားသည့် သရုပ်ဆောင်ဒွေး က အနုပညာလောက တိုးတက် ရန် ၎င်းဖြစ်စေလိုသော ဆန္ဒများ ထဲတွင် စတူဒီယိုများတည်ဆောက် ခြင်း၊ စတူဒီယိုကြီးများဆောက် ပေးရန် အစိုးရထံ တောင်းဆိုခြင်း များကို ပြုလုပ်ချင်ခဲ့သည်ဟု ၎င်း က ထပ်ဆင့်ပြောသည်။

‘‘သူ သြစတြေးလျမှာ စတူဒီ ယိုတစ်ခုကို သွားလည်ရင်းနဲ့ အား ကျခဲ့ဖူးတယ်။ အဲဒီအချိန် မြန်မာ နိုင်ငံက ရုပ်ရှင်လောက မထွန်း ကားသေးတော့ အားမလိုအားမရ ဖြစ် ခဲ့ဖူးတယ်။ နည်းနည်း ခေတ်မီ လာတော့ သူက စတူဒီယိုဆောက် ချင်တယ်။ စက်မှုပိုင်းဆိုင်ရာတွေ မြှင့်တင်ချင်တယ်။ စက်မှုလုပ်သားတွေကို ပြည့်ပြည့် စုံစုံ ဖြစ်စေချင်တယ်။ စက်မှုလုပ် သားတွေနဲ့ လူကြမ်းတွေရဲ့ အာမခံချက်တွေ ဒါမျိုးတွေကအစ လုပ်ပေးချင်တယ်။ နောက်ပိုင်းမှာကျ တော့ ဒါက တစ်ယောက်တည်းနဲ့ မရဘူး။ အားလုံးပေါင်းလုပ်မှ ရ မယ်ဆိုပြီး   ပြောခဲ့တယ်။   ဒါပေမဲ့ မဖြစ်သွားဘူးပေါ့’’ဟု  ဒါရိုက်တာ စတီးလ်ကပြောသည်။

မင်းသားဒွေးသည် ရုတ် တရက်ကြည့်လျှင် ပေါင်းရသင်းရ ခက်သည့် လူမျိုးဖြစ်သော်လည်း တကယ် ပေါင်းကြည့်သည့်အခါ သူတစ်ပါးအပေါ် စေတနာထား ပြီး စိတ်ကောင်းရှိသူတစ်ဦး ဖြစ် သည့်အပြင် ပွင့်လင်းသည့် စိတ် နေစိတ်ထား ရှိသူဖြစ်သည်။

ယနေ့သည် ဒွေးကွယ်လွန် ခြင်း (၁၁)နှစ်ပြည့်အမှတ်တရ ဖြစ်သော်လည်း ၎င်းစိတ်ထဲတွင် ဒွေးဘယ်တော့မှ မသေဆုံးကြောင်း မင်းသားဒွေးနှင့် ဇာတ်ကားများစွာ လက်တွဲရိုက်ကူးခဲ့သူ ဒါရိုက်တာ ညိုမင်းလွင်က ပြောသည်။

သရုပ်ဆောင်ဒွေးသည် ၎င်း နှင့် ရိုက်ကူးသည့် ဒါရိုက်တာများ ကို ဆရာလုပ်သည့်အပြင် ရှုတင် ရိုက်ကူးရေးတွင် ကိုယ်တိုင်ကိုယ် ကျ ဝင်ပါလေ့ရှိသောကြောင့် ၎င်း နှင့် ရိုက်ကူးရန် ပတ်ပြေးနေခဲ့ သော်လည်း  ထားဝယ်ထုတ်လုပ် ရေးကြောင့် ‘ငါးနာရီမထိုးခင်’ ဇာတ်ကားကို ဒွေးနှင့် စတင် လက် တွဲရိုက်ကူးဖြစ်ခဲ့သည်ဟု ညိုမင်း လွင်က ဆိုသည်။

‘‘ကျွန်တော့်ကို သူက ခပ်ဆိုး ဆိုးညီတစ်ယောက်ကို ပေါင်း သလို အလိုလိုက်ပြီး ပေါင်းပေးခဲ့ တယ်ပဲ ပြောရမှာပေါ့။ ဘာတစ်ခု မှ ဝင်မပါဘူး။ ဘာမှ ဝင်မစွက် ဖက်ခဲ့ဘူး။ ကျွန်တော်လုပ်ချင်တာ ကို သူယုံကြည်စွာနဲ့ လိုက်လုပ်ပေး ခဲ့တယ်။ သူနဲ့ကျွန်တော်နဲ့ တစ် ယောက်ကိုတစ်ယောက် ယုံကြည် မှု တည်ဆောက်လို့ရသွားတယ်။ ကျွန်တော်ကလည်း သူ့ဟာသူ ယုံ ကြည်မှုနဲ့ ထိုက်တန်အောင် လုပ် ပေးတဲ့ ဒါရိုက်တာဆိုရင် ဘာမှ ဝင်မပါတော့ဘူးဆိုတာကို သိ သွားတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ ရေရှည်လက်တွဲဖြစ်သွားတယ်’’ ဟု ၎င်းကပြောသည်။

၎င်း ဒါရိုက်တာပေါက်စဘဝ တွင် ထိပ်တန်း စူပါမင်းသားဒွေး က ကြိုက်တာခိုင်းနော်ဆိုသည့် စကားဖြင့် ၎င်းအား အားပေးခဲ့ဖူး သည်ဟုဆိုသည်။

‘‘သူဆုံးခါနီး နှစ်ပတ်လောက် အလိုမှာ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်က ဆွစ်ဇာလန်က ကုမ္ပဏီတစ်ခုနဲ့ Join လုပ်ဖို့ ပြင် ဆင်နေတဲ့အချိန်။ အဲဒီမှာ ကျွန် တော့်ကို သူက ညိုကြီးလုပ်မယ့် ပရောဂျက်ကို အစ်ကိုအားပေး တယ်။ ဇာတ်လမ်းကိုလည်း အစ် ကိုသိပြီးပြီတဲ့။ ညိုကြီးဇာတ်လမ်း ထဲမှာ ကိုယ်ဘယ်နေရာမှ မလိုက် ဘူးတဲ့။ အစ်ကို့ကိုအားနာပြီး မထည့်နဲ့နော်တဲ့။ ညိုကြီးရိုက်မယ့် ပရောဂျက်အတွက် တစ်ခုခုလို အပ်ရင် ကြိုက်တဲ့နေရာက ခိုင်း နော်တဲ့။ အဲဒီလို နံပါတ်တစ်မင်း သားတစ်ယောက်က သူ့ထက် သမ္ဘာအားဖြင့်ရော၊ အသက်အား ဖြင့်ရောငယ်တဲ့ ဒါရိုက်တာ ပေါက်စတစ်ယောက်ကို ညိုကြီး ကြိုက်တာခိုင်းနော်ဆိုတဲ့ စကား လေးတစ်ခုနဲ့ အားပေးသွားခဲ့ တယ်။ အဲဒါကိုတော့ ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး’’ဟု ဒါရိုက်တာ ညိုမင်းလွင်က ပြော သည်။

ဒွေးမဆုံးမီ ငါးလအလိုက အနုပညာလောကထဲတွင် အနု ပညာတန်ဖိုးထက် ငွေရေးကြေး ရေးကို ဦးစားပေးသူများနှင့် ကြုံ တွေ့ခဲ့သောကြောင့် အနုပညာ လောကအား ငြီးငွေ့သည်ကို သတိပြုမိခဲ့ပြီး ယခုအချိန်ထိ သရုပ်ဆောင်ဒွေး သက်ရှိထင်ရှား ရှိပြီး အနုပညာအလုပ် ဆက် လက် လုပ်ကိုင်နေမည်ဆိုပါက ၎င်း၏နေရာ အခိုင်အမာ ရှိနေဦး မည်ဟု ၎င်းကဆိုသည်။

‘‘ငွေဆောင်မှာ သူနဲ့ကျွန် တော် ညဘက်နှစ်ယောက်တည်း ဂစ်တာထိုင်တီးတော့ သူ ကျွန် တော့်ကို ပြောသွားတဲ့ စကားတစ် ခုရှိတယ်။ ညိုကြီးဘာပဲလုပ်လုပ် စိတ်ထဲက စေတနာပါဖို့ပဲတဲ့။ ဘာ ကားပဲရိုက်ရိုက်၊ ဘာပဲလုပ်လုပ် အဓိကက စေတနာပါဖို့ပဲတဲ့။ အတွက်အချက်တွေ သိပ်များပြီး စေတနာမပါတဲ့အခါမျိုးကျရင် နံပါတ်တစ်နေရာကို ရောက်လာဖို့ မလွယ်ဘူးတဲ့’’ဟု ၎င်းကပြော သည်။

သရုပ်ဆောင်ဒွေး၏ နှစ်ပတ် လည်နေ့တိုင်း ကောင်းမှုကုသိုလ် လုပ်ပေးဖြစ်သလို ဒွေးနှင့်တူသည့် ရုပ်တုသစ်တစ်ခု အပ်ထားသော် လည်း ယခု ၁၁ နှစ်ပြည့်တွင် မီတော့မည်မဟုတ်ကြောင်း သရုပ်ဆောင် ဇွဲနိုင်ဝင်းက ပြော သည်။

‘‘ကျွန်တော်ကတော့ ဒီလော ကထဲ စရောက်ကတည်းက သူ့ကို အရမ်းချစ်တယ်။ ကျွန်တော်နဲ့သူနဲ့ ကြားက အရာတွေအားလုံးက အမှတ်တရချည်းပါပဲ။ ကျွန်တော့် အတွက် သူကဆရာပဲ။ ၁၁ နှစ် သာရှိသွားတာပါ။ ကျွန်တော့်ရင် ထဲ၊ စိတ်ထဲမှာ သူရှိနေတုန်းပဲ။ ဘယ်တော့မှ မပြောင်းပါဘူး’’ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်ဒွေး နှစ်ပတ် လည်နေ့တိုင်း နီးစပ်သည့်နေရာ တွင် ဆွမ်းကပ်သလို သင်္ကန်းလှူ ပေးလေ့ရှိသည့်အပြင် နှစ်စဉ်နှစ် တိုင်း ဒွေးအတွက် အမှတ်တရ ကဗျာတစ်ပုဒ် ရေးလေ့ရှိသူက ဒွေးနှင့် ဆရာတပည့်ဖြစ်သလို ဇာတ်ကားများစွာ တွဲဖက်ရိုက်ကူး ခဲ့သည့် သရုပ်ဆောင်ဖိုးကျော် ဖြစ်သည်။

ပြင်ဦးလွင်၌ သရုပ်ဆောင် ဒွေးနှင့် ဇာတ်ကားရိုက်ကူးစဉ် ဒွေး က အမှတ်တရတောင်းဆို၍ ‘သိ တတ်လိုက်တဲ့အမှား’ကဗျာလေး ကို ရေးသားကာ လက်ဆောင်ပေး ခဲ့ဖူးသည်ဟု ဖိုးကျော်က ဆိုသည်။

‘‘အဲဒီအချိန်ကာလတွေက သူ ဖယောင်းပန်းချီဆွဲနေတဲ့အချိန် လေ။ အဲဒီ သူဆွဲထားတဲ့ ပန်းချီ ကားမှာ ကျွန်တော့်လက်ရေးနဲ့ ရေးထားတဲ့ ကဗျာကို သူ့ပန်းချီ ကားထဲမှာ မြှုပ်ထားတယ်။ သူဆွဲ တဲ့ ရှားရှားပါးပါး ပန်းချီတွေထဲက မှ တစ်ခုမှာ ကျွန်တော့်ကဗျာလေး ကို ထည့်ထားတဲ့အတွက် ဝမ်းသာ တယ်။ သူအရမ်းကြိုက်တယ်၊ ရင် နင့်အောင်ခံစားရတယ်ပြောတယ်။ အဲဒါလေးကတော့ အမှတ်တရဖြစ် တယ်။ အဲဒီပန်းချီကားလေးပြပြီး တော့ ကောင်လေးတဲ့၊ ဘဝမှာ မင်းနဲ့ငါနဲ့ကြား အမှတ်တရတစ်ခု ရှိ သွားပြီတဲ့၊ အဲဒါကို ဖတ်ရင် ငါတို့ ရဲ့ရင်ဘတ်ထဲကို တွေ့မှာပေါ့တဲ့။ ကျွန်တော့်အတွက် လွမ်းစရာလေး။ တကယ် အမှတ်တရဖြစ်တယ်’’ဟု သရုပ်ဆောင်ဖိုးကျော်က လွမ်း ဆွတ်ပြောသည်။

အနုပညာအလုပ် လက်တွဲ လုပ်ကိုင်ခဲ့သည့် ကာလတစ် လျှောက် သရုပ်ဆောင်ဒွေးသည် ၎င်းကို သီးသန့်သင်ကြားပြသမှု မရှိသော်လည်း ၎င်းအကယ်ဒမီ ရသည့် ‘မျှော်လင့်ခြင်းများစွာ’ ဇာတ်ကား ပရက်ရှိုးပြသည့်နေ့က အက်တင်နှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခုကို သင် ပေးခဲ့သည်ဟုဆိုသည်။

သူအက်တင်နဲ့ပတ်သက်ပြီး တစ်ခါမှ မပြောခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အက်တင်လုပ် တဲ့အခါမှာ ကိုယ့်ဘက်က မမှား ရင်တောင် တခြားတစ်ဖက်က မှား သွားနိုင်တာတွေ အများကြီးရှိ တယ်တဲ့။ အဲဒီအခါမှာ ကိုယ်မှန်ရဲ့ သားနဲ့ မကျန်ခဲ့အောင် မင်းဂရု စိုက်ရမယ်တဲ့။ အလုပ်နဲ့ပတ်သက် ပြီး အဲဒါလေးက အမှတ်တရပေါ့’’ ဟု သရုပ်ဆောင်ဖိုးကျော်က ပြော သည်။

သရုပ်ဆောင်ဒွေး ကွယ်လွန် ခြင်း (၁၁) နှစ်ပြည့် အမှတ်တရ အဖြစ် နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေ ကျ မှော်ဘီရှိ သာသနာ့ဝန်ဆောင် ဘုန်းကြီးကျောင်းတွင် သံဃာ အပါး ၂၆၀ ကို နေ့ဆွမ်းကပ်ရန်ရှိ ကြောင်း ဒွေး၏ဇနီး မိုးမိုးက ပြော သည်။

‘‘၁၁ ရက်မှာ (၁၁) နှစ်ပြည့် မယ်ဆိုတော့ ၁၁ ဂဏန်းလေးကို ကိုယ်ကတော့ ကိုယ့်ဟာကို သတိ တော့ရနေတာပေါ့။ ၁၁ နှစ်၊ တော်တော်တောင် ကြာသွားပြီ။ ကိုယ့်စိတ်ထဲမှာထင်တာကတော့ ခဏလေးပဲ။ လပိုင်းလောက်ပဲ ရှိနေသေးတယ်လို့ထင်တယ်။ မရှိ ဘူး လို့ကို မသိဘူး။ စိတ်ထဲမှာရှိနေ သေးသလိုပါပဲ’’ဟု ၎င်းကပြော သည်။ သရုပ်ဆောင်ဒွေးနှင့် ၎င်း ကြားတွင် မမေ့နိုင်သည့် အမှတ် တရများစွာရှိသကဲ့သို့ ဒွေးသည် ၎င်းအပေါ် တာဝန်ကျေပြီး တန်ဖိုး မဖြတ်နိုင်သည့်သူဖြစ်ကြောင်း ကွယ်လွန်ရှာပြီဖြစ်သော ခင်ပွန်း သည်အပေါ် ၎င်းကယခုကဲ့သို့ လွမ်းဆွတ်စွာ ပြောသည်။

‘‘ကျွန်မအပေါ် အရမ်း တာ ဝန်ကျေတဲ့ ယောက်ျားတစ် ယောက်ပေါ့။ မိန်းမတစ်ယောက် ကို ကောင်းကောင်းမွန်မွန်ထားနိုင် တယ်။ တာဝန်ကျေတယ်။ ကျွန်မ မိဘလက်ထက်မှာတောင် မပြည့် စုံခဲ့တာ သူနဲ့ကျမှ ပြည့်စုံတယ်။ တာဝန်ကျေတယ်။ တန်ဖိုးဖြတ်လို့ မရဘူး’’