လုံခြုံရေးအရ မန္တလေးတက္ကသိုလ်အနောက်ပေါက် ယာယီပိတ်မည်

မန္တလေး တက္ကသိုလ်အနောက်ဘက် ဝင်ပေါက်ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

 မန္တလေးတက္ကသိုလ် အတွင်း ဆိုင်ကယ်ပျောက်ဆုံးမှု၊ လုယက်မှုများမဖြစ်ပွားရန် လုံခြုံ ရေးအရ တက္ကသိုလ်ဝင်ပေါက် အနောက်ပေါက်ယာယီပိတ်မည် ဖြစ်ကြောင်း လုံခြုံရေးနှင့် စည်း ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက် တာတင်ထွန်းအောင်က ပြော သည်။

 တက္ကသိုလ်ဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများဆိုင်ကယ်ပျောက်ဆုံးမှု၊ လုယက်ခံရမှုများလာသည့်အပေါ် ကျောင်း က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ ဆိုကာ မန္တလေးတက္ကသိုလ်ကျောင်း သားများသမဂ္ဂအဖွဲ့ဝင်သုံးဦးက ဆန္ဒပြတောင်းဆိုမှုကို ညှိနှိုင်းပြီး နောက် ဝင်ပေါက်အနောက် ပေါက်ကို ဇူလိုင် ၁၁ ရက်က စတင်၍ ယာယီပိတ်မည်ဖြစ်ကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က ပြောသည်။

‘‘ကျောင်းသားတွေနဲ့ ညှိ တော့ လုံခြုံရေးအရ လောလော ဆယ်ပိတ်ပေးပါဆိုလို့ ဒီနေ့ကစ ပြီး ယာယီပိတ်လိုက်တာပါ။ ဆရာ တို့က ဘယ်လောက်ပဲလုပ်လုပ် အားလုံးက မညီညွတ်ရင် အကုန် မအောင်မြင်နိုင်ပါဘူး။ ကိုယ့်အသိနဲ့ ကိုယ်ဝိုင်းပေးမှရမှာပါ။ နိုးနိုး ကြားကြားရှိပါ။ ထူးခြားဖြစ်စဉ်ရှိ ရင် သတင်းပေးပေးပါ’’ဟု ၎င်းက ပြောသည်။

မန္တလေးတက္ကသိုလ်တွင် ဝင်ပေါက်နှစ်ခုရှိပြီး အနောက်ဘက်ပိတ်သဖြင့် မြောက်ဘက် အပေါက်ကသာ အဝင်၊ အထွက် ပြုလုပ်ရမည်ဖြစ်သည်။

လက်ရှိတွင် မန္တလေးတက္က သိုလ် ဝင်းအတွင်း လုံခြုံရေးချထားမှုသည် ငှားရမ်းထားသော ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်း ၁၀ ဦး၊ ကျောင်းမှ လုံခြုံရေး ၁၀ ဦးတို့ဖြင့် ဆောင်ရွက်နေသည်။

ကျောင်းသား၊ ကျောင်းသူများ ဆိုင်ကယ်ထားရှိရန် ဆိုင် ကယ်အပ်နှံရေးလုပ်ကိုင်မည့်သူ ကို လေလံစနစ်ဖြင့် ပြုလုပ်ခွင့်ပေး မည်ဖြစ်ကာ လေလံတင်ဒါရွေး ချယ်ခြင်းကို ကျောင်းသားများ ကိုယ်တိုင် အဆင်ပြေမည့်လေလံ ကို သာ ရွေးချယ်ညှိနှိုင်းစေမည်ဖြစ် သည်။

ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအ ပါအဝင် သမဂ္ဂအဖွဲ့ဝင် ကျောင်း သားသုံးဦးက ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ အာမခံချက်အ ပြည့်အဝပေးနိုင်မည့် လုံခြုံရေး စီမံချက်ပေါ်ထွန်းလာရေး၊ ဆိုင် ကယ်ပျောက်ဆုံးနစ်နာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအ တွက် တက္ကသိုလ်တာဝန်ရှိသူများ က တာဝန်ယူဖြေရှင်းပေးရေး တောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုချက်များ အနက် အချို့ ပြေလည်မှုရရှိ ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဝင်းစိန်က ပြောကြားခဲ့ သည်။

More in News Section