အာဆီယံဖူဆယ်ချန်ပီယံရှစ်တွင် ဗိုလ်လုပွဲရောက်ရန် MIC မျှော်မှန်း

 အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် MIC အ သင်းအနေဖြင့် ဗိုလ်လုပွဲတက် ရောက်ရန် မျှော်မှန်းထားကြောင်း နည်းပြချုပ် ဦးသန်းဝဏ္ဏအောင် ကပြောသည်။

 အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရှစ်သင်းက အုပ်စုနှစ်စုခွဲယှဉ်ပြိုင်မည်ဖြစ်သည်။


အုပ်စုခွဲဝေမှုအရ MIC အသင်းသည် အုပ်စု(က)တွင် သြစတြေးလျကလပ် East Coast Heat အသင်း၊ ကမ္ဘောဒီးယား ကလပ် U.Y.F. CKomchaymer အသင်း၊ ဘရူနိုင်းကလပ် Arbis-yam အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

‘‘ပြင်ဆင်ချိန်နည်းပါးတဲ့အ တွက် ရတဲ့အချိန်လေးမှာ အ ကောင်းဆုံးဖြစ်အောင် လုပ်ထား တယ်။ အုပ်စုတွင်းမှာ ဘယ်အ သင်းမှ လျှော့တွက်လို့မရတဲ့အ ခြေအနေပါ။ ဒါပေမဲ့ ကျွန်တော် တို့ ဗိုလ်လုပွဲအဆင့်အထိ တက် ရောက်ဖို့ မျှော်မှန်းထားပါတယ်’’ ဟု ဦးသန်းဝဏ္ဏအောင်က ပြော သည်။

အုပ်စုတွင်း ကျရောက်နေ သည့် အသင်းများအနက် သြစ တြေးလျအသင်းနှင့် ပွဲစဉ်သည် နောက်တစ်ဆင့်တက်ရောက်ရန် အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံးပုံစံ ပြ သနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

MIC အသင်းသည် အုပ်စုပွဲ စဉ်များအဖြစ် ဇူလိုင် ၁၅ ရက်တွင် ဘရူနိုင်းကလပ် Arbisyam၊ ဇူ လိုင် ၁၆ ရက်တွင် ကမ္ဘောဒီးယား ကလပ် U.Y.F.CKomchaymer အသင်းနှင့် ဇူလိုင် ၁၇ ရက်တွင် သြစတြေးလျကလပ် East Coast Heat အသင်းတို့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

MIC အသင်းသည် အာဆီ ယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင် ပွဲမတိုင်မီ ပြည်တွင်း၌ လေးသင်း ပတ်လည် ဖူဆယ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ယင်းပတ်လည်ပြိုင် ပွဲတွင် ဗိုလ်စွဲခဲ့သည်။

MIC အသင်းက အာဆီယံ ပြိုင်ပွဲကို ကစားသမား ၁၆ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး ဇူလိုင် ၁၂ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ် သည်။

MIC ဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ တွင် ၂၀၁၅ နှင့် ၂၀၁၆ ၌ ဝင် ရောက်ယှဉ်ပြိုင်ဖူးပြီး နှစ်ကြိမ်စ လုံး တတိယဆုရရှိခဲ့သည်။