ရော်နယ်ဒိုရောက်လာ၍ ချန်ပီယံလိဂ်ဖလား ရနိုင်ခြေပိုများလာဟု ဂျူဗင်တပ်နည်းပြ ပြောကြား

 ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရောက်ရှိ လာခြင်းကြောင့် ဂျူဗင်တပ်အ သင်း၏ ချန်ပီယံလိဂ်ဖလားရရှိ ရေး ရည်မှန်းချက်သည် အစစ်အ မှန်ဖြစ်လာရန် ပိုမိုနီးစပ်လာ ကြောင်း ဂျူဗင်တပ်နည်းပြ အယ် လီဂရီက ပြောသည်။


ဂျူဗင်တပ်သည် ၂၀၁၅ နှင့် ၂၀၁၇ က ချန်ပီယံလိဂ်ဗိုလ်လုပွဲ သို့ ရောက်ခဲ့ပြီး ရော်နယ်ဒိုကြောင့် ရီးရဲလ်ကိုရှုံးခဲ့ရသည်။ ဂျူဗင်တပ် သည် ၁၉၉၆ က ချန်ပီယံလိဂ် ဖလားနောက်ဆုံးရရှိခဲ့သည်။

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို ယူရို ၁၁၂ သန်းဖြင့် ခေါ်ယူ ကြောင်း ဂျူဗင်တပ်က ကြေညာ ပြီးနောက် အယ်လီဂရီက ‘‘ရော် နယ်ဒိုကြောင့် ကျွန်တော်တို့ ချန် ပီယံလိဂ်ဖလားရနိုင်ခြေ ပိုများ လာပါတယ်’’ ဟု ပြောသည်။ ရော်နယ်ဒိုသည် ဂျူဗင်တပ်တွင် တစ်ပတ်လုပ်ခ ပေါင် ငါးသိန်းရ မည်ဟု အီတလီသတင်းများက ဖော်ပြသည်။

အယ်လီဂရီကို ရီးရဲလ်က ၎င်းတို့ထံမှ ထွက်သွားသောနည်း ပြဇီဒန်း နေရာတွင် အစားထိုးရန် ကြံစည်ခဲ့သော်လည်း ၎င်းကပယ် ချပြီး ဂျူဗင်တပ်၌ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။

‘‘ချန်ပီယံလိဂ်ဖလားရရေး ဟာဂျူဗင်တပ်ရဲ့ အမြဲတမ်းရည် မှန်းချက်ပါ။ ရော်နယ်ဒိုကိုခေါ် လိုက်တာကြောင့် ကျွန်တော်တို့ ဖလားရဖို့ အခွင့်အရေးပိုများလာ တာ အသေအချာပါပဲ’’ ဟု အယ် လီဂရီက ထပ်လောင်းပြောကြား သည်။

—Ref:AS