■ အားကစား သတင်းတိုများ

ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်စ်မိုက်ကယ်က ဘယ်လ်ဂျီယံသည် ပြင်သစ်နှင့်ပွဲတွင် ခြေစွမ်းအလွန်ကောင်းခဲ့သော်လည်း ပြင်သစ်သည် ကံ ကောင်းလွန်းသောကြောင့် ဗိုလ်လုပွဲသို့ တက်လှမ်းခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ်သမ္မတ မက်ကရွန်းအား ပြောကြားသည်။


ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဒါဗော်ဆူကာက ရီးရဲလ်ကွင်းလယ်လူ လူကာမိုဒရစ်သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိနိုင် သည်ဟု ယုံကြည်ကြောင်းပြောကြားပြီး ၎င်းသည် ကမ္ဘာတစ်ဝန်းရှိ ကလေးအားလုံးအတွက် စံပြဘောလုံးသမားဖြစ်ကြောင်းပြောသည်။

ဘယ်လ်ဂျီယံကိုနိုင်ပြီး ပြင်သစ်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရပြီးနောက် ရုရှားသမ္မတပူတင်က ပြင်သစ်သမ္မတ မက်ကရွန် အား ဂုဏ်ယူကြောင်းပြောသည်။

ဘောလုံးပရိသတ်များအဖြစ် ဟန်ဆောင်ကာ ရုရှားမှတစ်ဆင့် တတိယနိုင်ငံများသို့ သွားရောက်မည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ရုရှားဥပဒေထိန်းသိမ်းရေးအရာရှိများက ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဒုဝန်ကြီးအီဂေါ်ဇူဘော့ဗ်က ပြောသည်။