ကြော်ငြာရိုက်ကူးထားတဲ့ အမြွှာသားနှစ်ဦး အကြောင်းပြောတဲ့ ဝေလျှံ

ဓာတ်ပုံ-ဝေလျှံဖေ့စ်ဘွတ်ခ်

 အမြွှာသားလေးနှစ်ဦး သည် ဒိုက်ဘာကြော်ငြာတစ်ခု ရိုက်ကူးထားပြီး ကမ်းလှမ်းထား သည့် အခြားကြော်ငြာများကို လက်ခံရိုက်ကူးရန် စဉ်းစားနေ ကြောင်း အဆိုတော်ဝေလျှံက ပြောသည်။

ကလေးနှစ်ဦးသည် ရှစ်လ သာရှိသေးသော်လည်း မတ်တတ် ရပ်နေပြီဖြစ်ပြီး လွန်စွာ သွက် လက်ချက်ချာကြောင်း ဝေလျှံက ပြောသည်။

‘‘အရမ်းကဲတယ်။ တချို့ဆို ရှစ်လဆို လေးဘက်မသွားသေး ဘူး။ သူတို့က မတ်တတ်တောင် ရပ်နေပြီ။ သူတို့က သိပ်မမှောက် လိုက်ဘူး။ လေးဘက်ထောက်ပြီး မတ်တတ်တန်းရပ်တယ်’’ဟု ၎င်း က ပြောသည်။

သားကြီးကို ဘုန်းခန့်ဝေလျှံ၊ အငယ်ကို ဘုန်းသန့်ဝေလျှံဟု အမည်ပေးထားပြီး အင်္ဂလိပ်နာ မည်ကို အကြီးသည် တည်ငြိမ်သောကြောင့် Frank နှင့် အငယ်သည် ကြံ့ခိုင်သောကြောင့် Tank ဟု ပေးထားသည်။

‘‘ရုပ်က အကြီးလေးက ကျွန် တော်နဲ့နည်းနည်းဆင်တယ်။ အ ချင်းနှစ်ခုဆိုတော့ ရုပ်က သိပ်မ ဆင်ဘူး။ အငယ်လေးက သူ့အမေနဲ့ ပိုတူတယ်။ အကျင့်စရိုက်ကျ တော့ အငယ်လေးက ကျွန်တော် နဲ့တူတယ်။ တည်ငြိမ်တယ်။ စိတ် ရှည်တယ်။ အကြီးလေးကျတော့ လိုချင်တာမရရင်   သူ့အမေအတိုင်းပဲ ကုန်းကုန်းအော်တာ’’ဟု ဝေလျှံက ပြောသည်။

ရင်သွေးနှစ်ဦးစလုံးသည် စနေသားများဖြစ်ပြီး အင်္ဂလိပ်အ မည်ကို မိခင် သန့်စင်မွန်က  ရွေး ချယ်ပေးထားသည်။

ကလေးများကို ဂရုစိုက်ပုံနှင့် ပတ်သက်ပြီး ‘‘စပြီး မှောက်တဲ့အ ချိန်ကစ၊ ဘယ်အချိန်မှောက် တယ်။  ဘယ်အချိန် လေးဖက် သွားတယ်ဆိုတာကို You Tube က ကြည့်ဖြစ်တယ်။    အစားအသောက်တွေဆိုလည်း တတ်တဲ့မိဘတွေကို မေးတယ်။ အဲဒီလိုလေးတွေ မေးပြီး ဖြည့်စွက်စာတွေကို ဆရာဝန်ညွှန်ကြားချက် အတိုင်း ကျွေးပါတယ်’’ဟု ဝေလျှံ က ပြောသည်။

အမြွှာရင်သွေးနှစ်ဦးကို မိခင် က နေ့ဂျူတီယူပြီး ၎င်းက ညဂျူတီယူထားသောကြောင့် တစ်ခါတစ်ရံ နေ့ဘက်အလုပ်လုပ်ရသည့် အခါ အိပ်ရေးမဝကြောင်း ၎င်းက ပြောသည်။

‘‘အရင်တုန်းကတော့ သူနာ ပြုတွေ ငှားထားတယ်။ ဒါပေမဲ့ ကလေးတွေ ခြောက်လကျော် ခုနစ်လပြည့်တော့ နည်းနည်းကြံ့ ခိုင်လာတယ်။ အရမ်းကြီးလိုက် ကြည့်နေစရာမလိုတော့ဘူး။ ည ဆို သူ့ဟာသူအိပ်တယ်။ နို့ဆာရင်တော့ ထတယ်။ အဲဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ ထကြည့်လိုက် တယ်’’ဟု ဝေလျှံက ပြောသည်။

ရင်သွေးအမြွှာနှစ်ဦးစလုံးကို ချစ်ပေးသည့် ပရိသတ်များအား ကျေးဇူးတင်ပြီး ကလေးနှစ်ဦး ဝါသနာပါသည့်အရာများကို ပံ့ပိုး မည်ဟုဆိုသည်။