ဘလွန်းဒီအောကို ဂရုမစိုက်ဘဲ ကမ္ဘာ့ဖလားသာလိုအပ်ဟု မက်ဘီပြော

ကမ္ဘာ့ဖလားကိုသာအ လိုရှိပြီး ဘလွန်းဒီအောကဲ့သို့တစ် ဦးချင်းဆုများကို စိတ်မဝင်စားဟု ပြင်သစ်ဆယ်ကျော်သက် တိုက် စစ်မှူး ကိုင်လီယန်မက်ဘီက ပြောကြားသည်။


မက်ဘီသည် ပြင်သစ်က ဘယ်လ်ဂျီယံကို နိုင်သောပွဲတွင် ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှူး အိုလီ ယာဂျီရော့ဒ်အတွက် ပဉ္စလက် ဆန်သောဖန်တီးမှုတစ်ခု ပြုလုပ် ခဲ့သည်။

ပြင်သစ်သည် ၁၉၉၈  ကမ္ဘာ့ ဖလားနောက်ပိုင်း ထပ်မံအောင်ပွဲ မခံရသေးဘဲ ယခုဗိုလ်လုပွဲတက် ရောက်ပြီဖြစ်ကာ မက်ဘီလည်း ပြိုင်ပွဲ၏ အကောင်းဆုံး ကစား သမားဆုကိုချီးမြှင့်မည့် ရွှေဘော လုံးဆုအတွက် တစ်ပေးခံထား ရသည်။

ထို့အပြင် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားတွင် တစ်ဂိုးထက်ပို သွင်းယူနိုင်သော ဆယ်ကျော် သက်အဖြစ် ဘလွန်းဒီအောဆု မှန်းနိုင်သည်ဟု ဖော်ပြကြသည်။

‘‘ကျွန်တော်တို့ မခိုမကပ်ဘဲ အတူတကွ အလုပ်လုပ်ကြတယ် ဆိုရင် ချီးမြှင့်ခံရပါမယ်။ အ သင်းကိုကူညီပေးနိုင်တယ်ဆိုရင် ဒါဟာကျွန်တော့်အတွက် အရေး အကြီးဆုံးပါပဲ။ ဘလွန်းဒီအောကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ကမ္ဘာ့ ဖလားပဲ လိုချင်ပါတယ်’’ ဟု ပြင် သစ်အတွက် သုံးဂိုးသွင်းယူထား သူ မက်ဘီက ပြောသည်။

—Ref:FFT