အလောင်းအစား ရှုံးနိမ့်၍ ဘရပ်ဆဲလ် မြေအောက်ရထားလိုင်း ပြင်သစ်အမျိုးသား ဘောလုံးသီချင်းဖွင့်ခဲ့ရ

ကမ္ဘာ့ဖလားအကြို ဗိုလ်လုပွဲတွင် ဘယ်လ်ဂျီယံအ သင်းက ပြင်သစ်ကို နာကျင်ဖွယ် ရှုံးနိမ့်ပြီး နောက်တစ်နေ့ရုံး တက် ရသော ဘရပ်ဆဲလ်မြို့သားများ သည် မြို့တော်၏ မြေအောက် ရထားလိုင်းပေါ် ပြင်သစ်အမျိုး သား ဘောလုံးသီချင်းကို သည်း ခံနားထောင်ခဲ့ရသည်။


အကြောင်းမှာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းသာ ရှုံး နိမ့်ခဲ့သည်မဟုတ်ဘဲ ဘရပ်ဆဲလ် ပြည်သူ့ သယ်ယူပို့ဆောင်ရေးလုပ် ငန်းကလည်း ပါရီပြည်သူ့သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် အ လောင်းအစား ရှုံးခဲ့သောကြောင့် ဖြစ်သည်။

ယင်းပွဲမတိုင်မီ သယ်ယူပို့ ဆောင်ရေး အဖွဲ့နှစ်ဖွဲ့ကဆို ရှယ်မီဒီယာပေါ်တွင်အလောင်း အစားလုပ်ခဲ့ပြီး ဘယ်လ်ဂျီယံက နိုင်ခဲ့လျှင်ပါရီက Saint- Larazi ဘူတာရုံကို ဘယ်လ်ဂျီယံကွင်း လယ်လူ ဟာဇက်ကိုဂုဏ်ပြု၍ Saing-Hazard ဟု ပြောင်းလဲ မည်ဖြစ်သည်။

သို့သော် ဘယ်လ်ဂျီယံအ သင်း ရှုံးနိမ့်ခဲ့ပြီးနောက် ကွင်းလယ် လူ ပြင်သစ်ရော့ခ်ဂီတသမားကြီး ဂျွန်နီဟောလီဒေး၏ ‘Tour Ensemble’ (အားလုံးအတူတကွ) ဟူသော အမျိုးသားဘောလုံးဂုဏ် ပြုသီချင်းကို ဘရပ်ဆဲလ် မြေ အောက်ရထားလိုင်းက နံနက် ၈နာရီတွင် တစ်ကြိမ် နံနက် ၁၀ နာရီတွင်တစ်ကြိမ် ဖွင့်ပေးခဲ့ရသည်။

ဟော်လီဒေး၏ ဖခင်သည် ဘယ်လ်ဂျီယံသားဖြစ်၍ အနည်း ငယ် ဖြေသိမ့်နိုင်မည်ဖြစ်သည်။ ဟော်လီဒေးသည် ပြီးခဲ့သည့်နှစ် က ကွယ်လွန်ပြီးနောက် ၎င်းအားဂုဏ်ပြုသည့်အနေဖြင့် ဘရပ်ဆဲလ်မြို့ရထားများနှင့် ဗဟိုရင် ပြင်တွင် ၎င်း၏နာမည်ကျော် သီချင်းများဖွင့်၍ ဂုဏ်ပြုခဲ့သည်။

—Ref:Reuters