ပြင်သစ်က ဘောလုံးကို ဆန့်ကျင်ဘက်ပုံစံကစားခဲဟု ကော့တွိုက်စ်ဝေဖန်

ဘယ်လ်ဂျီယံက ပြင် သစ်ကို ရှုံးနိမ့်ခဲ့သောကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ပြင်သစ်အ သင်းက ဘောလုံးကိုဆန့်ကျင် ဘက်ပုံစံကစားခဲ့သည်ဟု ဘယ်လ်ဂျီယံဂိုးသမား ကော့ တွိုက်စ်က စွပ်စွဲပြောကြားသည်။


၅၁ မိနစ်တွင် ဆယ်မြူရယ် အမ်တီတီ၏ ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိပြီး ပြင်သစ်က ကမ္ဘာ့ ဖလားဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။

ဘယ်လ်ဂျီယံသည် ပွဲကိုကောင်းမွန်စွာ စတင်ခဲ့သော် လည်း ပြင်သစ်အသင်း၏ ခံစစ် အားပြုကစားဟန်ကြောင့် အ ခွင့်အရေးများ ဖန်တီးရန် ရုန်း ကန်ခဲ့ရသည်။ ပြင်သစ်နည်းဗျူဟာနှင့်ပတ်သက်၍ ကော့တွိုက်စ်က အပြင်းအထန်ဝေဖန်ခဲ့သည်။

‘‘ပြင်သစ်အသင်းဟာ ဘော လုံးကို ဆန့်ကျင့်တဲ့အဖွဲ့ပါ။ သူ တို့ရဲ့ တိုက်စစ်မှူးတွေက သူတို့ ဂိုးရဲ့ မီတာ ၃၀ အကွာမှာပဲ ရှိနေပါတယ်’’ ဟု ကော့တွိုက်စ်က ပြောကြားသည်။

ဘယ်လ်ဂျီယံသည် ကွာ တားဖိုင်နယ်တွင် ဘရာဇီးကို ကျော်ဖြတ်ခဲ့ပြီး အကြိုဗိုလ်လုပွဲ တက်လာသော်လည်း ဘရာဇီး ကိုသာ ရှုံးခဲ့လိုသည်ဟု ကော့ တွိုက်စ်က ပြောသည်။

‘‘ပြင်သစ်ကခေါင်းတိုက်ဂိုး တစ်ဂိုးပဲ သွင်းပြီး တစ်ပွဲလုံးခံစစ် ကစားနေတာပါ။ ကွာတားဖိုင် နယ်မှာ ဘရာဇီးကိုရှုံးခဲ့ရင်တောင် ပိုကြိုက်ပါဦးမယ်။ အနည်းဆုံး သူတို့က အမှန်တကယ်ဘောလုံး ကစားခဲ့ပါတယ်’’ ဟု ကော့ တွိုက်စ်က ပြောကြားသည်။

ဘယ်လ်ဂျီယံအသင်းခေါင်း ဆောင် ဟာဇက်ကလည်း ပြင် သစ်လိုကစားပြီး အနိုင်ရခြင်း ထက် ဘရာဇီးနှင့် ရှုံးလိုက်ရ သည်ကို ပိုကြိုက်သည်ဟု ပြော ကြားပြီး မိမိတို့အသင်း ရုရှား၌ စွမ်းဆောင်ခဲ့သမျှကို ဂုဏ်ယူ သည်ဟု ပြောကြားသည်။

နောက်တန်းလူ ကွန်ပနီက မိမိတို့ ဘယ်လ်ဂျီယံအသင်းသည် ကမ္ဘာ့ဖလားတွင် အကောင်းဆုံး အသင်းဟု ယုံကြည်ကြောင်း ပြောကြားပြီး ပြင်သစ်ကိုရှုံးနိမ့် ခဲ့သော်လည်း ပြင်သစ်၏ကစားပုံ ကို မဝေဖန်ဘဲ ချီးကျူးဂုဏ်ပြု ကြောင်း ၎င်းကဆက်လက်ပြော သည်။

—Ref:ADP