မှုခင်းသတင်းတိုများ

သထုံတွင် ကလေးတစ်ဦး ၀ါးတံတားပေါ်မှ ပြုတ်ကျသေဆုံး

သထုံ - အသက် (၇) နှစ်အရွယ် ပထမတန်းကျောင်းသူတစ်ဦး ၀ါးတံတားပေါ်မှ ပြုတ်ကျကာ ရေနစ်သေဆုံးမှု မွန်ပြည်နယ် သထုံမြို့နယ်သုဝဏ္ဏ၀တီမြို့ သိမ်ဆိပ်ရပ်ကွက်တွင် ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့သည်။


မိခင်က သမီးကို ရပ်ကွက်ဈေးဆိုင်သို့ ဖယောင်းတိုင်သွား ၀ယ်ခိုင်းရာမှ ပြန်မရောက်၍ လိုက်ရှာရာ အကျယ် ၉ ပေ၊ ရေအနက် ၆ ပေခန့်ရှိ ရိုးချောင်းကိုဖြတ်ပြီး သွယ်တန်းထားသည့် အရှည် ၁၂ ပေခန့်ရှိ ၀ါးတံတားပေါ်မှ ခြေချော်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း  ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။