မှုခင်းသတင်းတိုများ

ငမိုးရိပ်ချောင်းထဲခုန်ချခဲ့သည့် အဘွားအိုအလောင်း ပြန်တွေ့

ရန်ကုန်− ငမိုးရိပ်ချောင်းကူးတံတားအလယ်မှ ခုန်ချခဲ့သည့် အသက် (၇၀)ကျော် အဘွားအိုအလောင်းကို ပုဇွန်တောင်ချောင်းအတွင်း ပြန်လည်တွေ့ရှိကြောင်း ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။


ဆီးချို၊ သွေးချိုရောဂါကြောင့် စိတ်ကျနေသည့် ယင်းအဘွားအိုသည် ဇူလိုင် ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ငမိုးရိပ်တံတားပေါ်မှချောင်းအတွင်းသို့ ခုန်ချခဲ့ပြီး အလောင်းကို ဇူလိုင် ၁၀ ရက်က ငမိုးရိပ်ချောင်းနှင့် တစ်ဆက်တည်းဖြစ်သော ပုဇွန်တောင်ချောင်းအတွင်း ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။