ကစားသမားနှင့် နည်းပြဘဝတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် လေးဦးမြောက်ပုဂ္ဂိုလ်ဒက်စ်ချမ့်ကို ပြင်သစ်ပရိသတ်များ ချီးကျူး

ဘယ်လ်ဂျီယံကိုနောက်ခံလူ အမ်တီတီ၏ တစ်လုံးတည်းသော ဂိုးဖြင့် ပြင်သစ်က အနိုင်ရပြီး နောက် ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်သည် ကစားသမားဘဝ နှင့် နည်းပြဘဝ နှစ်ခုစလုံးတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက် လှမ်းနိုင်သောလေးဦးမြောက် ပုဂ္ဂိုလ်ဖြစ်လာစဉ် ပြင်သစ် ပရိ သတ်များက ၎င်းကို ဝိုင်းဝန်းချီး ကျူးနေသည်။

ယင်းနိုင်ပွဲအတွက် ပါရီမြို့ တွင် ပရိသတ်များ အောင်ပွဲခံစဉ် အကျည်းတန်သော ဖြစ်ရပ်များ ဖြစ်ခဲ့ကာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပရိသတ်အချို့ ပဋိ ပက္ခဖြစ်ခဲ့ပြီး မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရသည်။

ဒက်စ်ချမ့်သည် ကစားသ မားဘဝက ၁၉၉၈ တွင် ပြင်သစ် နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်၌ နည်းပြ အဖြစ်ဖြင့် ယင်းအောင်မြင်မှုမျိုး ကို ထပ်မံဆောင်ကြဉ်းနိုင်ခြေရှိ နေသည်။

ယင်းအပြင်  ကစားသမား၊ နည်းပြအဖြစ် ကမ္ဘာ့ဖလားဗိုလ်လု ပွဲသို့ ရောက်ဖူးသူ သုံးဦးသာရှိပြီး ၎င်းတို့သည် ဂျာမနီမှ ဖရန့်ဘက်ကင် ဘောင်ဝါ၊ ရူဒီဗောင်လာနှင့် ဘရာဇီးမှ မာရီယိုဇာဂါလိုတို့ ဖြစ် သည်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့် သည် မိမိတို့နိုင်ငံအတွက် ကြီးမား သော အောင်မြင်မှုကို ဆောင် ကြဉ်းပေးမည့်သူဖြစ်ကြောင်း ပြင် သစ်ပရိသတ်များက ချီးကျူးနေ သည်။           —Ref:Daily Mail

More in News Section