မွန်ပြည်နယ်ရှိ လူမှုရေးအသင်းများ၏ လုပ်ငန်းများကို အစားထိုးဆောင်ရွက်နိုင်ရေးစီမံပြီးမှသာ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးမည်ဟုဆို

မွန်ပြည်နယ်ရှိ လူမှု ရေးအသင်းအဖွဲ့များက ကူညီ ဆောင်ရွက်နေသည့်ကိစ္စများကို အစိုးရဘက်က အစားထိုးဆောင် ရွက်နိုင်ရန် စနစ်တကျစီမံခန့်ခွဲပြီး မှသာ လိုင်စင်မဲ့ယာဉ်များကိုဖမ်း ဆီးမည်ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။

‘‘ဖမ်းတာကတော့ ဖမ်းမယ်။ လိုင်စင်ထုတ်ပေးဖို့ လုံးဝမရှိပါ ဘူး။ လူမှုကယ်ဆယ်ရေးလုပ်ငန်း တွေကို ကျွန်တော်တို့ဘယ်လို ဆက်ဆောင်ရွက်ပေးနိုင်မလဲ။ အဲ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့ ဆောင်ရွက်ဖို့ အစီအစဉ်တွေလုပ် ရဦးမယ်။ စီစဉ်ဆောင်ရွက်မှုတွေ စနစ်တကျလုပ်ပြီးမှ ဥပဒေအ တိုင်းဆောင်ရွက်သွားမယ်’’ ဟု ၎င်းကပြောသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း တိုင်း နှင့်ပြည်နယ်အချို့တွင် ဇွန်လအ တွင်း ကြေညာချက်အသီးသီး ထွက်လာသဖြင့် အဆိုပါယာဉ် များဖြင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ပရဟိတ အသင်းအဖွဲ့များ လတ်တလော လုပ်ငန်းများ ရပ်နားထားရပြီး ယင်းကြေညာချက်အပေါ် ဝေဖန် မှုများရှိနေသည်။

မွန်ပြည်နယ်ရှိ လူမှုရေး အ သင်းအဖွဲ့များ အသုံးပြုသည့် ပရဟိတယာဉ်များလည်း လိုင် စင်မဲ့ယာဉ်အများဆုံးဖြစ်ကြောင်း ပြည်နယ်ရှိ လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများက ပြော သည်။

မော်လမြိုင်မြို့နယ်တွင် လူ မှုကယ်ဆယ်ရေးအဖွဲ့ ခြောက်ဖွဲ့ ရှိပြီး ပရဟိတယာဉ်များ၌ လိုင်စင်မဲ့ယာဉ် ၉၀ ရာခိုင်နှုန်းရှိကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောကြားသည်။

‘‘ကျွန်တော်တို့ လုပ်ငန်း တွေဆက်လုပ်နေဦးမယ်။ အစိုးရ ဘက်က ဖမ်းဆီးမယ်လို့ကြေညာ တဲ့နေ့ ကျွန်တော်တို့လုပ်ငန်း အားလုံးရပ်ပါမယ်။ အစိုးရကို အ တိုက်အခံမလုပ်ဘူး။ ကျွန်တော် တို့လုပ်ငန်းလည်း မရပ်ရအောင် အစိုးရအနေနဲ့လည်း ငွေကြေး ကုန်ကျမှုမရှိအောင် ကျွန်တော် တို့အဖွဲ့က ကားတွေကိုလိုင်စင် ထုတ်ပေးသင့်တယ်လို့မြင်တယ်’’ ဟု ကိုဘိုဘိုဝင်းက ပြောသည်။

ပြည်နယ်အတွင်း လူမှုကယ် ဆယ်ရေးအဖွဲ့အစည်းများအသုံး ပြုသည့် အရေးပေါ်လူနာတင် ယာဉ်အစီးရေ ၂၀၀ ခန့်ရှိပြီး အ များစုသည် လိုင်စင်မဲ့ယာဉ်များ ဖြစ်၍ အစိုးရဘက်ကဖမ်းဆီးလျှင် ပြည်သူလူထုထံဆန္ဒပြုလက်မှတ် ကောက်ခံကာ အဆိုပါယာဉ်များ ကို ပြည်နယ်လိုင်စင်ထုတ်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

More in News Section