Grab က မြန်မာတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ဆက်လက်ရင်းနှီးမြှုပ်နှံမည်

Grab အမှုဆောင်အရာရှိချုပ် အန်တိုနီထန် ()

စင်ကာပူ Grab အငှား ယာဉ်ဝန်ဆောင်မှု ကုမ္ပဏီက မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင် ရေးကဏ္ဍ၌သာ ဆက်လက်ရင်း နှီးမြှုပ်နှံမည်ဖြစ်ပြီး အခြားဝန် ဆောင်မှုအသစ်များ စတင် မိတ်ဆက်ဦးမည်မဟုတ်သေးကြောင်း Grab အမှုဆောင်အရာရှိ အန်တိုနီထန်က ပြောသည်။

မြန်မာနိုင်ငံတွင် နည်းပညာ တိုးတက်မှု အရှိန်မြင့်မားနေသော် လည်း သက်တမ်း နုနယ်သေး သည့် ဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပထမဆုံး အဆင့်အဖြစ် Grab ယာဉ်မောင်းများကို ဘဏ်အကောင့်ရရှိရေး ဦးစားပေးဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

‘‘ပင်မအဆောက်အအုံ ခိုင် မာမှ နောက်ထပ်ဝန်ဆောင်မှု အ သစ်တွေကို တိုးချဲ့သွားလို့ရမှာ ဖြစ်ပါတယ်။ Grab Food တို့လို၊ အွန်လိုင်းကုန်စုံပစ္စည်းတွေ ၀ယ် ယူပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု တွေလိုပေါ့။ ဒါတွေက ယာဉ်မောင်းကွန်ရက်ကြီး မတောင့်တင်းဘူးဆိုရင် နောက်ထပ်ဝန်ဆောင်မှုတွေကို အကောင်အထည် ဖော်နိုင်ဖို့ ခက်ခဲပါလိမ့် မယ်’’ ဟု အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှ၏ နေ့စဉ်သုံး Superapp ဖြစ်လာရေး တိုးချဲ့လုပ်ကိုင်ရန် အစီအစဉ်ရှိပြီး Grab က မြန်မာနိုင် ငံတွင် သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍများ ၌ တိုးတက်အောင် မြန်မာအစိုးရကိုကူညီမည်ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် Grab  အ ငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၇ တွင် ယာဉ်အစီးရေ ၅,၀၀၀ကျော်ဖြင့် စတင်ဆောင်ရွက်ပြီး သုံးနှစ်အတွင်း ကန်ဒေါ်သန်း ၁၀၀ရင်းနှီးမြှုပ်နှံမည်ဟု ကုမ္ပဏီက ကြေညာထားသည်။ ၂၀၁၈ ဇန်န၀ါရီတွင် Grab Plus စနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး ဒစ်ဂျစ် တယ်ငွေပေးချေမှုအတွက် Grab Pay ကို မိတ်ဆက်ခဲ့သည်။

ပြီးခဲ့သည့် မတ်လက ပြည်တွင်းမှ Yoma Strategic Holdings ကုမ္ပဏီနှင့်ပူးပေါင်း၍ Grab ယာဉ်မောင်းများ ယာဉ်ဝယ် ယူနိုင်ရေး ငွေကြေးထောက်ပံ့ရန် သဘောတူညီခဲ့သည်။

ယင်းသဘောတူညီချက်အရ အငှားယာဉ် ၇၀,၀၀၀ ခန့်အတွက် ယာဉ်ပြုပြင်ထိန်းသိမ်းမှုနှင့် ယာဉ်မော်ဒယ်အသစ်များ ၀ယ်ယူရန်ပါဝင်သည်ဟု Grab (မြန်မာ) က သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် Grab က တက္ကစီ ၁၀,၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံတွင်း ပြေးဆွဲနေသည်။

၂၀၁၈ ပထမနှစ်ဝက်မတိုင် မီ အရှေ့တောင်အာရှနိုင်ငံအချို့ တွင် Grab Food ဟုခေါ်သော အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းများ ချဲ့ထွင်မည်ဟု Grabက ကြေညာခဲ့သည်။

Grab က မြန်မာနိုင်ငံအပါ အ၀င် အရှေ့တောင်အာရှဒေသ ရှိ Uber အငှားဝန်ဆောင်မှု လုပ် ငန်းများကို ပြီးခဲ့သည့် မတ်လအ တွင်းက ၀ယ်ယူခဲ့သည်။