မြန်မာယူ-၁၉ က လက်ရှိချန်ပီယံထိုင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာနှင့် မလေးရှားတွေ့ဆုံ
အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်းအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - MFF)

အာဆီယံယူ-၁၉ ချန် ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင်မြန်မာအသင်းက ဝင်းနိုင်ထွန်း၏ တစ်လုံးတည်းသောဂိုးဖြင့် လက်ရှိ ချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲ၌ မလေးရှားအသင်း နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


ဇူလိုင် ၁၂ ရက်က အင်ဒိုနီး ရှားနိုင်ငံ ဂါရာဆစ်မြို့ Gelora Joko Sa-mudro Stadium တွင် ယှဉ်ပြိုင်သည့် အကြိုဗိုလ်လုပွဲ မြန်မာနှင့် ထိုင်းအသင်းတို့ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့သည်။ ယင်းပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ခံစစ် ဦးစားပေး ကစား၍ တန်ပြန်တိုက်စစ်ဖြင့်သာ  ယှဉ်ပြိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်း ၌ နှစ်သင်းစလုံး ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အဆုံးသတ်အား နည်းချက်ကြောင့် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအ သင်းက ပိုမိုဖိအားပေးကစားနိုင် သော်လည်း မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ ပွဲပြီး ခါနီး ၈၇ မိနစ်တွင် မြန်မာအသင်း က တန်ပြန်တိုက်စစ်မှတစ်ဆင့် လွင်မိုးအောင်ဖန်တီးပေးသည့် ဘောလုံးကို တိုက်စစ်မှူး ဝင်းနိုင်ထွန်းက အပိုင်ကန်သွင်းကာ အ နိုင်ဂိုးသွင်းယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ယင်းပွဲတွင် မြန်မာအသင်း အတွက် အနိုင်ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် ဗိုလ်လုပွဲမတိုင်မီ သွင်းဂိုးခြောက် ဂိုးဖြင့် လာအိုတိုက်စစ်မှူး ဘူအန် ကောင်းနှင့် ဂိုးသွင်းအများဆုံးစာ ရင်း ထိပ်ဆုံး၌ ပူးတွဲဦးဆောင် နေသည်။ အခြားအကြိုဗိုလ်လုပွဲ တွင် မလေးရှားက အိမ်ရှင် အင်ဒို နီးရှားကို ပင်နယ်တီအဆုံးအဖြတ် ၃-၂ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ သို့ တက်ရောက်နိုင်ခဲ့သည်။ ယင်း ပွဲ မိနစ် ၉၀ တွင် တစ်ဂိုးစီ သရေ ကျသဖြင့် ပင်နယ်တီအဆုံးအ ဖြတ်ခံယူခြင်းဖြစ်သည်။  

၂၀၁၈ အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာ လုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းယှဉ် ပြိုင်မည့် တတိယနေရာလုပွဲကို မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ နှင့် မြန်မာနှင့် မလေးရှားအသင်း ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာနှင့် မလေးရှားအသင်းသည် ယခုပြိုင်ပွဲအုပ်စုအဆင့်၌ တွေ့ဆုံဖူးပြီး မလေးရှားအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။