အာဆီယံ လူငယ်ဘောလုံးပွဲတော်သို့ မြန်မာယူ-၁၃ အသင်း ၀င်ပြိုင်

ထိုင်းနိုင်ငံတွင် ယနေ့ စတင်ကျင်းပသည့် ၂၀၁၈ အယုဒ္ဓ ယအာဆီယံလူငယ်ဘောလုံးပွဲ တော်သို့ မြန်မာဘောလုံးအကယ် ဒမီ ယူ-၁၃ အသင်းဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။


အဆိုပါ ပြိုင်ပွဲကို ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ Cuddle Doi Ayutthaya ကွင်းတွင် ကျင်းပ မည်ဖြစ်သည်။ အာဆီယံလူငယ် ဘောလုံးပွဲတော်၌ ထိုင်းနိုင်ငံ ဘောလုံးအကယ်ဒမီမှ နာရာယူ နိုက်တက်၊ အယုဒ္ဓယယူနိုက် တက်၊ PTT ရရောင်းအသင်း၊ လာအိုနိုင်ငံမှ ဘီးယားလာအိုအ သင်း၊ တိုင်ပေမှ ဘန်ကွီအိုအ သင်းနှင့် မြန်မာဘောလုံးအကယ် ဒမီ ယူ-၁၃ အသင်းတို့ ယှဉ်ပြိုင် မည် ဖြစ်သည်။

‘‘ထိုင်းဘောလုံးအကယ်ဒမီ ဘက်က ခြေစမ်းဖို့ ဖိတ်တဲ့အ တွက် သွားပြိုင်ဖြစ်တာပါ။ ဒီလို ပြိုင်ပွဲတွေက ကလေးတွေအတွက်အ တွေ့အကြုံကောင်းတွေ ရစေပါတယ်။ ထိုင်းအကယ်ဒမီ ကလေး တွေရဲ့ ကစားပုံတွေလည်း လေ့ လာသင်ယူနိုင်မှာပါ ’’ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။