ပြင်သစ်ကိုရှုံးကြွေးဆပ်ရန် အခွင့်အရေးရရှိပြီဟု ခရိုအေးရှားနည်းပြ ဒါလစ်ကြုံးဝါး

ကမ္ဘာ့ဖလားဗိုလ်လုပွဲ တွင် ပြင်သစ်ကို ရှုံးကြွေးဆပ်ရန် အခွင့်အရေးရခဲ့ပြီဟု အသင်း သားများအား ပြောကြားခဲ့ ကြောင်း ခရိုအေးရှားနည်းပြ ဇလက်ကိုဒါလစ်က ပြောသည်။


အကြိုဗိုလ်လုပွဲတွင် ခရို အေးရှားသည် အင်္ဂလန်ကို ၂-၁ ဂိုး ဖြင့် အနိုင်ယူပြီးနောက် ဇူလိုင် ၁၅ ရက်၌ ပြင်သစ်နှင့် ကမ္ဘာ့ ဖလားဗိုလ်လုပွဲ နွှဲရမည်ဖြစ်သည်။

ပြင်သစ်သည် ၁၉၉၈ ကမ္ဘာ့ ဖလားအကြိုဗိုလ်လုပွဲတွင် ခရို အေးရှားကို နောက်ခံလူလီလီယမ် သူရမ်၏ ဂိုးများဖြင့် ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့ပြီး ဗိုလ်လုပွဲ၌ ဘရာဇီးကို သုံးဂိုးပြတ် ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းကြောင့် ခရိုအေးရှား သည် နယ်သာလန်နှင့် တတိယ နေရာလုပွဲ ကစားခဲ့ရကာ ၂-၁ ဂိုး ဖြင့် အနိုင်ရပြီး တတိယချိတ်ခဲ့ သည်။

‘‘ခရိုအေးရှားပြည်သူတိုင်း လီလီသူရမ်ကို အမှတ်ရနေတယ် ဆိုတာ သိပ်ဟုတ်တာပေါ့။ ဒီပွဲ ဟာ အနည်းဆုံးနှစ်ပေါင်း ၂၀ လောက် ပြောစမှတ်ဖြစ်ခဲ့ပါ တယ်။ အခုဗိုလ်လုပွဲက သမိုင်း ဝင် အရေးပါမှု ရှိကောင်းရှိနိုင်ပါ တယ်။ ရှုံးကြွေးပြန်ဆပ်ဖို့ အခွင့် အရေးရှိပါတယ်။ နှစ်သင်းစလုံး က ကိုယ့်ရဲ့စွမ်းရည်တွေကိုပြသ ထားပြီး ဗိုလ်လုပွဲရောက်ဖို့ ထိုက် တန်သူတွေပါ’’ ဟု ဒါလစ်က ပြောသည်။

၁၉၉၀ ကမ္ဘာ့ဖလားတွင် အင်္ဂလန်ပြီးနောက် အချိန်ပိုသုံးပွဲ ဆက်ကစားရသော ပထမဆုံး အသင်းဖြစ်သော်လည်း ခရိုအေး ရှားသည် ပြင်သစ်နှင့်ပွဲအတွက် အသင့်ရှိနေမည်ဟု ဒါလစ်က ပြောကြားပြီး ပွဲပန်းမှုက ပြဿနာ တစ်ရပ်ဖြစ်မည် မဟုတ်ဟု ယုံ ကြည်ထားသည်။ ပြင်သစ်သည် အချိန်ပိုတစ်ပွဲမျှ မကစားခဲ့ရဘဲ ခရိုအေးရှား ထက် တစ်ရက်ပိုနား ချိန်ရထားသည်။

‘‘ပြင်သစ်နဲ့ပွဲကို ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲလို ကစားသွားပါ့မယ်’’ ဟု ဒါလစ်က ပြောကြားသည်။

—Ref:Goal/afp