ကုန်ကြမ်းရှားပါးမှုကြောင့် စက္ကူစက်ရုံ ၂၀ ခန့် ရပ်နားဟု ဆို

စက္ကူစက်ရုံပိုင်ရှင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - အောင်ကျော်ဇင်)

စက္ကူကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့မှုများနေပြီး ကုန် ကြမ်းရှားပါးလာသဖြင့် ပြည်တွင်း စက္ကူစက်ရုံ ၂၀ ခန့် ရပ်နားထားရ ကြောင်း မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း (MPPIA) ဒုဥက္ကဋ္ဌ ဦးကျော်မင်းက ပြော ကြားသည်။


ဇူလိုင် ၁၂ ရက်က တော်ဝင် နှင်းဆီခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံစက်မှုဇုန်အသီးသီးရှိ စက္ကူစက်ရုံပိုင်ရှင်များနှင့် သတင်းစာနယ်ဇင်းအဖွဲ့များ တွေ့ဆုံပွဲ ၌ စက္ကူစက်ရုံပိုင်ရှင် ၂၂ ဦးက ၎င်းတို့၏ အခက်အခဲများကို ရှင်း လင်းပြောကြားသည်။

ပြည်တွင်းစက္ကူစက်ရုံများ၏ အဓိကကုန်ကြမ်းဖြစ်သည့် အသုံး ပြုပြီးသား စက္ကူနှင့် ကတ်ထူကုန်ကြမ်းများကို တရုတ်၊ အိန္ဒိယနိုင်ငံများက ဈေးကောင်းပေးဝယ်ယူနေသဖြင့် ပြည်ပသို့ တရားဝင်နှင့် တရားမ၀င်တင်ပို့မှု များပြားလာပြီး ကုန်ကြမ်းရှားပါး လာသဖြင့် စက္ကူစက်ရုံများလုပ်ငန်း ဆက်လက်လည်ပတ်ရန် အခက်အခဲ ဖြစ်နေကြောင်း စက္ကူစက်ရုံပိုင်ရှင်များက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ စက္ကူစက်ရုံ ၁၃၀ ခန့်ရှိပြီး ကုန်ပစ္စည်းထုပ်ပိုးသည့် ကတ်ထူဖာ၊ တစ်ရှူး၊ ဗလာစာအုပ်နှင့် စက္ကူကြမ်း အမျိုးအစားများ အဓိက ထုတ်လုပ်ကာ တစ်နှစ်လျှင် ကုန်ကြမ်းတန်ချိန် လေးသိန်းလိုအပ်ချက်ရှိကြောင်း ဦးကျော်မင်းကပြောသည်။

စက္ကူကုန်ကြမ်းရှားပါးမှု ပြဿနာကို လွန်ခဲ့သည့် တစ်နှစ် ခွဲကစတင်၍ ပြည်တွင်း စက္ကူ စက်ရုံများရင်ဆိုင်နေရပြီး ယခင်က ကုန်ကြမ်းစက္ကူတစ်ပိဿာလျှင် ကျပ် ၁၀၀ ၀န်းကျင်မှ ယခုကျပ် ၃၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း တောင်ဒဂုံမြို့နယ် ဒဂုံစက္ကူစက်ရုံပိုင်ရှင် ဦးစိုးဝင်းက ပြောသည်။

စက္ကူစက်ရုံများအနေဖြင့် အချို့လများတွင် ကုန်ကြမ်းဝယ် ယူမရသည့်အခြေအနေနှင့် ရင် ဆိုင်နေရပြီး ကုန်ကြမ်းရှားပါးမှု ပြဿနာဆက်လက်တွေ့ကြုံရပါ က စက်ရုံလည်ပတ်မှုရပ်နားရမည့် အခြေအနေရင်ဆိုင်နေရကြောင်း ဦးစိုးဝင်းက ပြောသည်။စက္ကူကုန်ကြမ်းတင်ပို့ခြင်း သည် တရားမ၀င်ကုန်စည်မဟုတ် သော်လည်း တရုတ်နိုင်ငံမှ ကုန် ကြမ်းအရည်အသွေးသတ်မှတ် ချက်စည်းကမ်းများကြောင့် တစ် ဖက်နိုင်ငံရှိ စက္ကူကုန်ကြမ်းအ၀ယ် ဒိုင်များထံ တရားမ၀င်ပို့ဆောင် နေကြောင်း တွေ့မြင်ရသည်ဟု မဏ္ဍိုင်စက္ကူစက်ရုံပိုင်ရှင် ဦးတင်မောင်ဦးက ပြောသည်။

စက္ကူစက်ရုံပိုင်ရှင်များအနေ ဖြင့် ၎င်းတို့၏ အခက်အခဲများကို တိုင်းဒေသကြီးအစိုးရ၊ နယ်စပ် ကုန်သွယ်ရေးဌာနနှင့် တရုတ်နိုင် ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့အစည်းများထံ မေတ္တာရပ်ခံစာများကို ယခုလက စတင်၍ ပေးပို့မည်ဟု ဦးတင်မောင်ဦးက ပြောသည်။

‘‘တရုတ်ပြည်က ကုန်စည် (စက္ကူကုန်ကြမ်း)တွေကို အ၀င်မ ခံရင်တော့ ဒီဘက်က အလိုလိုပိတ်ပြီးသားဖြစ်သွားမှာပဲ။ ကျွန်တော် တို့က တရုတ်ပြည်ကို ပိုမျှော်လင့် တယ်’’ဟု ဦးတင်မောင်ဦးက ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် ရှစ်လက ရန်ကုန်မြို့ UMFCCI တွင် ပြုလုပ်သည့် နိုင်ငံတော်ဒုတိယ သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံပျော့ ဖတ်နှင့် စက္ကူလုပ်ငန်းအသင်းက စက္ကူစက်ရုံများကြုံတွေ့နေရ သည့် ကုန်ကြမ်းအခက်အခဲနှင့် ပတ်သက်၍ တာဝန်ရှိသူများကို တင်ပြခဲ့ကြောင်း ဦးကျော်မင်းက ပြောသည်။

‘‘လက်ရှိဈေးကွက်မှာ ပြည် တွင်းက ထုတ်တဲ့ ဗလာစာအုပ်နဲ့ စက္ကူကို သုံးနေတာ ၈၀ ရာခိုင်နှုန်းရှိတယ်။ ပြည်ပကဟာကို ၂၀ ရာ ခိုင်နှုန်းပဲ သုံးတယ်။ ဒီအခြေအနေ မှာ လုပ်ငန်းရှင်က အရှုံးခံရောင်း မှာမဟုတ်တဲ့အတွက် စာသင်နေ တဲ့ ပညာသင်ကလေးတွေအ တွက် အများကြီးထိခိုက်နိုင်တယ်’’ ဟု တောင်ဒဂုံမြို့နယ်ရှိ ဗလာစာ အုပ်စက်ရုံပိုင်ရှင် ဦးညွန့်အောင် က ပြောသည်။

ပြည်တွင်းစက္ကူကုန်ကြမ်း ရှားပါးမှုကို ဖြေရှင်းရေး ပြည်ပမှ ကုန်ကြမ်းတင်သွင်းရန် စီစဉ်နေသော်လည်း ပြည်ပမှ တင်သွင်းမည်ဆိုပါက ကုန်ကြမ်းဈေးနှုန်းကြီးမြင့်ခြင်း၊ တင်ပို့ချိန်ကာလ ကြာမြင့်ခြင်းနှင့် အခက်အခဲများ စွာရှိကြောင်း စက္ကူစက်ရုံပိုင်ရှင် များက ပြောသည်။

More in News Section