မောင်တောရှိ ဘင်္ဂါလီအိမ်တစ်အိမ်၌ ကျပ်သိန်း နှစ်ထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

 မောင်တောမြို့ ရွာ သစ်ကေရပ်ကွက် အလယ်ရွာရှိ ဘင်္ဂါလီအိမ်တစ်အိမ်၌ ကျပ်သိန်း နှစ်ထောင်ခန့်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား တစ်သိန်းခန့် ဖမ်းမိကြောင်း မောင်တောမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး က ပြောသည်။


အဆိုပါစိတ်ကြွရူးသွပ်ဆေး ပြားများကို ဇူလိုင် ၁၁ ရက်က ဖမ်းမိခဲ့ပြီး အိမ်ရှင် ထွက်ပြေးလွတ် မြောက်နေကြောင်း အထက်ပါ ရဲအရာရှိက ဆိုသည်။

‘‘နေအိမ်ပိုင်ရှင်တော့ မတွေ့ဘူး။ အိမ်မှာ သူ့တူမတစ်ယောက် ကိုပဲတွေ့တယ်။ ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေပါတယ်’’ ဟု ရဲအရာရှိက ပြောသည်။

ထွက်ပြေးလွတ်မြောက်နေ သူသည် အသက် (၃၀) အရွယ်ဖြစ် ပြီး မောင်တောမြို့မရဲစခန်းက မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပါ လက်ဝယ်ထားရှိခြင်းနှင့် ပူးပေါင်းကြံစည်ခြင်းပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။

ရခိုင်ပြည်နယ်တွင် ဘူးသီး တောင်၊ မောင်တောဒေသ၌ ကျပ် ဘီလီယံနှင့်ချီသော စိတ်ကြွရူး သွပ်ဆေးပြားများကို မကြာခဏ ဖမ်းမိနေပြီး အထူးစီမံချက်ချ မှတ်ကာ ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

သို့ရာတွင် စိတ်ကြွရူးသွပ် ဆေးပြား ရောင်းဝယ်ဖောက်ကား မှုအရှိန်မသေသေးဘဲ ဆက်လက် ကုန်သွယ်မှုများရှိနေဆဲ ဖြစ် ကြောင်း မောင်တောခရိုင်ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အလားတူ ဇူလိုင် ၄ ရက်က ဘူးသီးတောင်မြို့နယ် လိုင်ရှည် ပြင်ကျေးရွာအနီး မေယုမြစ်အ တွင်းရှိ လောင်းလှေတစ်စီးပေါ်မှ ကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

More in Politics Section