လမ်းလယ်ကွန်ကရစ်တုံးများ မြင်သာမှုမရှိခြင်းကြောင့် ယာဉ်တိုက်မှုပိုဖြစ်

ပြည်လမ်းမပေါ်ရှိ လမ်းလယ်တုံးများကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 ရန်ကုန်မြို့လမ်းမကြီး များပေါ်တွင်ထားရှိသည့် ကွန် ကရစ်တုံးအချို့မှာ ရောင်ပြန်ပြား များ စနစ်တကျကပ်မထားခြင်း၊ အချက်ပြမီးတိုင်များမပြည့်စုံခြင်း၊ ညဘက်တွင်မြင်သာမှုမရှိခြင်းတို့ ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိကြောင်း ယာဉ် မောင်းအများစုကပြောသည်။

‘‘ညဘက်တွေ တစ်ဖက် ယာဉ်ကြောက ကားမီးထိုးတဲ့ အချိန်ဆို ကွန်ကရစ်တုံးကိုမမြင် ရတော့ တိုက်မိကြတာပေါ့။ ကပ် ထားတဲ့ရောင်ပြန်ပြားကလည်း သေးသေးလေးလေ’’ဟု ယာဉ် မောင်းသက် အနှစ် (၂၀)ခန့်ရှိ ဦးဆန်းလွင်ကပြောသည်။

လွန်ခဲ့သည့်လက မြို့တော်စည်ပင်၊ လမ်းနှင့် တံတားဌာနသို့ ကွန်ကရစ် လမ်းလယ်တုံးများ ညဘက်တွင်မြင်သာမှုအားနည်းနေကြောင်းအကြံပြုစာများတင်သွင်းခဲ့ပြီးနောက် ဘုရင့်နောင် လမ်းမတစ်လျှောက်နှင့် ဦးဝိစာရမီးပွိုင့်ရှေ့ရှိ ကွန်ကရစ်တုံးများရောင်ပြန်ကပ်ခြင်း၊အချက်ပြမီး တပ်ဆင်ခြင်းများပြုလုပ်ပေးခဲ့ သည်။ သို့သော်လည်း နေရာအ များစုတွင် ကွန်ကရစ်တုံးများမှာအန္တရာယ်ရှိနေသေးကြောင်း ယာဉ်မောင်းများကဝေဖန်ကြ သည်။

ပြည်လမ်းပေါ်ရှိ ကွန်ကရစ် တုံးများကို ယာဉ်များမကြာခဏ ဝင်တိုက်လေ့ရှိပြီး ကွန်ကရစ်တုံး များမြင်သာမှုမရှိခြင်းကြောင့် သင်္ဃန်းကျွန်း၊ တာမွေ၊ တောင် ဥက္ကလာပ (သံသုမာလမ်း)၊အောင်ဇေယျတံတားတို့တွင် ယာဉ်တိုက်မှုမကြာခဏဖြစ်ပွား လေ့ရှိသည်။ ထို့အပြင် လမ်းမီး များမပြည့်စုံမှုကြောင့် အင်းစိန် လမ်းမပေါ် နေရာအချို့နှင့် အောင်မင်္ဂလာအဝေးပြေးထိပ်တို့ တွင်လည်း ကွန်ကရစ်တုံးများကို ယာဉ်များတိုက်မိလေ့ရှိသည်။

ထိုသို့ထိခိုက်မှုများ ဖြစ်ရ သည်မှာ ယာဉ်မောင်းများ၏ စည်းကမ်းမဲ့မှုကြောင့်လည်းဖြစ် ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင်ကပြောသည်။

‘‘မောင်းတဲ့သူတွေ စည်း ကမ်းမရှိလို့ ဒီကွန်ကရစ်တုံးတွေ ထားရတာ။ တိုက်မိတယ်ဆိုတာ လည်း မဆင်မခြင်မောင်းကြတာ ကိုး။ ဒီထက်ပိုကောင်းအောင်လုပ် ဖို့ကလည်း တိုင်းပြည်ဘဏ္ဍာ အလကားမရဘူးလေ။ ယာဉ်စည်းကမ်းလိုက်နာဖို့ပဲလိုတာ’’ဟု ၎င်း ကပြောသည်။

သို့သော် ကွန်ကရစ်တုံးနှင့်ဝင်တိုက်မှုမြင့်တက်နေ၍ နည်း လမ်းရှာဖြေရှင်းသင့်ကြောင်း ယာဉ်မူစစ်ဌာနမှပြောသည်။

‘‘ကွန်ကရစ်တုံးတွေကို ဒီထက်ပိုပြီးမြင်သာအောင် ရောင် ပြန်တော့အပြည့်ကပ်ပေးသင့် တယ်။ ပြီးတော့ ယာဉ်တွေစည်း ကမ်းမရှိလို့ ထားတာဆိုလည်း ယာဉ်မကွေ့ရ မျဉ်းသေတစ် လျှောက် အပြည့်ထားလေ။ အချို့နေရာတွေမှာ ကျိုးတိုးကျဲတဲနဲ့ မြင်လည်းမမြင်၊ မှတ်လည်းမမှတ် မိတော့ တိုက်ကုန်တာ’’ဟု ရွှေ ပြည်သာမြို့နယ်မှ အငှားယာဉ် မောင်းကိုရဲမင်းထွဋ်က သူ၏ အမြင်ကိုပြောသည်။

ဦးချစ်မောင်လမ်းတွင် အမြင့်သုံးပေခန့် သံဖရိမ်ဖြင့် လမ်းအလယ်မှာခြားထားပြီး ရောင်ပြန်များအပြည့် တပ်ဆင်ပေးထားသော  ယာဉ်မကွေ့ရစနစ်ကို ယာဉ်မောင်းအများစု သဘောကျကြကြောင်းပြောသည်။

‘‘လက်ရှိကွန်ကရစ်တုံးတွေ က အမြင့်တစ်ပေခွဲလောက်ပဲရှိ ပြီး သေးနေတယ်။ မှောင်တဲ့နေ ရာတွေမှာ အချက်ပြမီးတိုင်တွေ ထားပေး၊ ကျိုးတိုးကျဲတဲတုံးတွေ ကို ရောင်ပြန်အပြည့်ကပ်ပေးစေ ချင်တယ်။ အင်းစိန်လမ်းဘက်က အချို့နေရာတွေတော်တော်ဆိုး တယ်။ လမ်းမီးတွေမပြည့်စုံဘူး’’ ဟု ၁၂၁ ယာဉ်လိုင်းမှ ယာဉ် မောင်းသက်တမ်း (၁၈) နှစ်ခန့်ရှိ ကိုရဲကြီးကပြောသည်။

ထိုလမ်းလယ်ကွန်ကရစ်တုံး များကို ယာဉ်များလမ်းပြောင်းပြန် ကျော်မတက်စေရန်၊ တစ်ဖက် ယာဉ်နှင့်မျက်နှာချင်းဆိုင်မတိုက် မိစေရန်၊ ယာဉ်မတော်တဆဖြစ် ပွားပါက ယာဉ်မတိမ်းမှောက်စေ ရန်ဖြစ်သည်ဟု မြို့တော်စည်ပင်လမ်းနှင့်တံတားဌာနမှ ပြောကြား ထားသည်။ အဆိုပါလမ်းလယ် တုံးများကို အပျော့စားဘိလပ်မြေဖြင့်ပြုလုပ်ထားကြောင်း လမ်းနှင့်တံတားဌာနမှ အင်ဂျင်နီယာတစ် ဦးကဆိုသည်။ အားပျော့သည့် ကွန်ကရစ်အညံ့စားများကိုအသုံး ပြုရသည်မှာ တိုက်မိသည့်အခါ လူထိခိုက်မှုလျော့နည်းေ ရန် ဖြစ်ပြီး ကားအတွက်မူ ထိခိုက်မှု မသက်သာနိုင်ဟု ၎င်းကဆိုသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး ကွန် ကရစ်တုံးပျက်စီးမှုအတွက် ငွေ ကျပ်သုံးသိန်း ပေးလျော်ရမည် ဖြစ်သည်။