နှလုံးသားစည်းချက်ဖြင့် ကခုန်ခြင်း

ဓာတ်ပုံ−ကျော်ဇင်သန်း

ခပ်မြူးမြူး သီချင်းသံစဉ်အောက်   ဟန်ချက်ကို  ထိန်းရင်း၊ ဖွင့်ထားသော ခပ်သွက်သွက် အီလက်ထရိုဂီတ စည်းချက်များအလိုက် ခြေအစုံကိုယိမ်းနွဲ့ကာ  လုပ်ရှားရင်း  ရှိန်းသက်တစ်ယောက် သမံတလင်းပေါ်  စီတန်း၍ချထားသော စီရရီ  အတုံးငယ်လေးများအား ကွေ့ပတ်ရှောင်ရှား၍ စကိတ်ကို စီးသွားသည်။

Salaom ဟုခေါ်သော စကိတ်စီးနင်းခြင်း ပညာရပ်မှာ ဂီတသံစဉ်များနှင့်အတူ စီးမျော ရင်း စကိတ်ကို ဟန်ချက်ညီညီစီး နင်းသည့် ကစားနည်းတစ်မျိုးဖြစ် သည်။ သို့သော် ရှိန်းသက်အနေ ဖြင့် သူကိုယ်တိုင် စည်းချက်အ တိုင်း စကိတ်စီးနင်းရမည့် သံစဉ် များကိုတော့    ကြားနိုင်သည် မဟုတ်ပါ။ အဘယ်ကြောင့်ဆို သော် ရှိန်းသက်မှာ မွေးရာပါစကားမပြော၊ နားမကြား (Deaf/Mute) တစ်ဦးဖြစ်နေခြင်းကြောင့်ပင်။

သို့သော် ဇွန်လဆန်းတွင် ပြု လုပ်မည့် မြန်မာနိုင်ငံ စကိတ်ဝါ သနာရှင်များအသင်း၏ စကိတ်စီး ပြိုင်ပွဲတွင် Salaom စကိတ်ကစားနည်းကို သူဝင်ရောက်ယှဉ်ပြိုင် ရန် စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်လျက်ရှိသည်။

နားမကြားသော ရှိန်းသက် တစ်ယောက် သူ့ဘ၀အတွက် စိန် ခေါ်မှုတစ်ခုဖြစ်သော သံစဉ်များ ကြား စကိတ်စီးရင်း ကခုန်နိုင်ဖို့ အပြင်းအထန်      ကြိုးစားနေရသည်။ Salaom စကိတ်ကစားရာတွင် ဖွင့်ထားသော သီချင်းနှင့် စည်းချက်မကျလျှင်သော်လည်းကောင်း၊မြေကြီးပေါ်ရှိ    အတုံးငယ်လေးများကို  တိုက်မိလျှင်သော်လည်း ကောင်း အမှတ်လျော့ကာ ရှုံးတတ်သည့် ကစားနည်းမျိုး။ ကြည့်သူများအမြင်တွင်လည်း သီချင်းနှင့် တစ်သားတည်း     လှလှပပ စကိတ်စီးရင်း ကပြရသည့် ကစား နည်းမျိုးဖြစ်သောကြောင့် မြန်မာနိုင်ငံမှာသာမက   နိုင်ငံကာတွင် လည်း Salaom စကိတ်စီးသူ နည်းပါးသည်။

ရှိန်းသက်ကတော့    သူ ကိုယ်တိုင် မြတ်နိုးစွာဖြင့် စည်းချက်တကျ   စီးနင်းကခုန်နေရသော ဂီတဆိုသည့်အရာကို ငယ်စဉ်က တည်းက ဘာမှန်းမသိခဲ့ပါ။ ထို့ ကြောင့် ရှိန်းသက်အနေဖြင့် ဂီတ နှင့်အလိုက် စည်းချက်ကျကျ စကိတ်မည်သို့ စီးနိုင်သနည်းဆို သည်မှာ ရှိန်းသက်မှလွဲ၍ အားလုံးအတွက် ပဟေဠိတစ်ခု ဖြစ်နေ သည်။

‘‘မင်းနားမကြားဘဲ စကိတ် စီးရင်း သီချင်းနဲ့ ဘယ်လိုစည်း ချက်ကျကျ ကမှာလဲ’’ဟူသော လူပေါင်းများစွာ၏ တူညီသော အဆိုပါ မေးခွန်းကို ရှိန်းသက်က ၎င်း၏ ဘယ်ဘက်ရင်အုံကို ပုတ် ပုတ်ပြကာ လက်ဟန်ခြေဟန်ဖြင့် တူညီစွာ ပြန်ဖြေခဲ့သည်ချည်းသာ ဖြစ်၏။ ဂီတဆိုသည်ကို သူမသိ ကြောင်း၊ မပြောတတ်သော်လည်း နှလုံးသားဖြင့် ခံစား၍ရကြောင်း ဆိုလိုခြင်း ဖြစ်ဟန်တူသည်။

‘‘အမယ် နားသာမကြားတာ။ တစ်ခါ ကျွန်တော်တို့မြင်တာတော့ အဟုတ်ဗျာ။ သီချင်းနဲ့အလိုက် စကိတ်စီးရင်း ကတာ။ SKILL ပြတာတွေဆို ပုံမှန်လူထက် အ များကြီး သာတယ်’’ဟု မြန်မာ နိုင်ငံစကိတ်စီး ၀ါသနာရှင်များ အသင်း (MSA) ဥက္ကဋ္ဌကိုလွင် လတ်က ပြောသည်။

ဇွန်လဆန်းတွင် ကျင်းပမည့် မြန်မာနိုင်ငံ စကိတ်စီးပြိုင်ပွဲအ တွက် ပြိုင်ပွဲဝင်သုံးရာခန့် ယှဉ် ပြိုင်ကြမည်ဖြစ်ရာ   အကောင်းဆုံးကြိုးစားမည်ဟု ရှိန်းသက်ကပြောသော်လည်း အားငယ်စိတ်ရှိနေသည်ဟု  သူက  ရင်ဖွင့်သည်။ ‘‘နားမကြားရတော့ တစ်ကွက်မှ အမှားခံလို့ မရဘူးလေ။ သူများတွေက သံစဉ်အလိုက် လှုပ်ရှားမှုကို ထိန်းချုပ်လို့ ရသွားနိုင်ပေမယ့် ကျွန်တော်က  တစ်ကွက်မှားရင် အားလုံးမှားမှာ’’ ဟု ရှိန်းထက်ကခြေဟန်၊ လက်ဟန်ဖြင့် ပြောသည်ကို သူ၏ညီ မင်းထက်သာက ရှင်းပြသည်။

Salaom စကိတ်ကစားနည်း မှာ စကိတ်စီးရင်း ကမည့်သီချင်း ကို မိမိကိုယ်တိုင်ရွေးချယ်ရပြီး သီချင်းသံစကြားသည်နှင့် တစ် ပြိုင်နက်အံကိုက်အ၀င်၊ လှုပ်ရှား မှု၊ အလှပြခြင်းစသည်တို့ကို ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ် သောကြောင့် နားမကြားသူတစ် ဦးအတွက် သာမန်အားဖြင့် မဖြစ် နိုင်ကြောင်း Salaom စကိတ်စီး သူတို့က ဆိုသည်။

ထို့ကြောင့် အဆိုပါစကိတ် ပြိုင်ပွဲတွင် ရှိန်းသက်မည်သည့် သီချင်းတီးလုံးဖြင့်   စကိတ်စီးရင်း ‘က’မည်    ဆိုသည်ကိုလည်း စကိတ်သမားအားလုံး သိချင်နေကြ၏။ သို့သော် ရှိန်းသက်ကိုယ် တိုင်လည်း ယခုချိန်ထိ မည်သည့်သီချင်းရွေးရမည်ကို ခေါင်းစားနေပုံပေါ်သည်။ ‘‘အရင်က သူ့အကြိုက်ဆုံး   ဒီဂျေသီချင်းတွေ တော့ ရှိတယ်။   Tornado   တို့ DJ Snake တို့  ရှိပေမယ့် အ သစ်စဉ်းစားချင်တယ်လို့    ပြော တယ်’’ဟု မင်းထက်သာက ပြောသည်။ သီချင်းစသည့် အချိန်နှင့်စကိတ်စီးနင်းသည့် အချိန်အံ ကိုက်ဖို့လို ပါလိမ့်မည်။ အံမကိုက်သည်နှင့် တောက်လျှောက်အလွဲ လွဲ  အချော်ချော်   ဖြစ်သွားနိုင် သည်။ ထိုအတွက်တော့ သီချင်း ဖွင့်သည့်     ဆောင်းဘောက်(Sound Box) နှင့် နားကြပ်ကို ဆက်ကာထားမည်ဟု ရှိန်းသက် က ပြောပါသည်။  ‘‘သီချင်းသံ မကြားရပေမယ့် နားကြပ်က တုန် ခါမှုကို အနည်းငယ်ခံစားနိုင်ပါ တယ်။ အဲဒီအတိုင်း စပြီးကျန်တာ ကတော့ဒီအတိုင်း အတွေ့အကြုံ နဲ့ပဲ သွားရမှာပေါ့’’ဟု ရှိန်းသက် က လက်ဟန်၊ ခြေဟန်ဖြင့် ပြော သည်။ ရှိန်းသက်တွင် မွေးချင်း ငါးဦးရှိပြီး ရှိန်းသက်အပါအ၀င် နောက်တစ်ဦးမှာလည်း ဆွံ့အနား မကြားတစ်ယောက်ပင်ဖြစ်၏။ နှစ်ဦးစလုံး   စကိတ်စီးတတ်ကြ ၏။    ရန်ကုန်မြို့   မေရီချက်မင်း(ဆွံ့အနားမကြား)    သင်တန်း ကျောင်းတွင် ရှိန်းသက်ကျောင်း တက်နေစဉ် မြန်မာနိုင်ငံ စကိတ် စီးအားကစားဝါသနာရှင်များ (MSA) အသင်းက ဆွံ့အနား မကြား ကလေးများကို ၂၀၁၁ ခန့် က    စကိတ်စီးလာရောက်သင် ပေးသည်နှင့်   သွားတိုက်ဆိုင် သည်။ ထိုအရာကပင် ရှိန်းသက် ကို ပြောင်းလဲစေခဲ့ခြင်းပင် ဖြစ် မည်ထင်သည်။ မေရီချက်ပ်မင်း ကျောင်းရှိ ကလေးပေါင်း ၃၀၀ ခန့်အား စကိတ်စီးသင်ပေးပြီး နောက် အားလုံးလိုလိုမှာ ကျွမ်း ကျွမ်းကျင်ကျင် စီးနိုင်သွားပြီ ဖြစ် သော်လည်း တကယ်တမ်း စကိတ် သမားအဖြစ်သို့ ခံယူပြီး စကိတ် ကို အသည်းအသန် ရူးသွပ်ခဲ့သူ မှာ တစ်ဦးတည်းသာ ရှိခဲ့သည်။ သူက ရှိန်းသက်ဖြစ်သည်။

‘‘ဆွံ့အနားမကြားကလေး တွေကို စကိတ်စီးသင်ပေးရတာ သူတို့က အရမ်းအာရုံစိုက်ကြ တယ်။ ပုံမှန်ကလေးတွေအတွက် စကိတ်အကွက်တစ်ခုတက်ဖို့ သုံး လလောက်သင်ရရင် သူတို့က တစ်ပတ်ပဲ’’ဟု   MSA   ဥက္ကဋ္ဌ ဦးလွင်လတ်က     ပြောသည်။ စကိတ်သမားအဖြစ် ပရော်ဖက် ရှင်နယ် စကိတ်ပုံစံကို ရွေးချယ် ရာတွင်လည်း Jumping(အမြင့် ခုန်)၊ တာဝေး၊ အခက်အခဲကျော် စသည့် အမျိုးအစားများစွာ ရှိ သည့်အနက်မှာ သူ့အတွက် အခက်အခဲဆုံးဖြစ်သည့်  သီချင်း ဖြင့် ‘က’ရသော Salaom ကို ရွေး ချယ်ခဲ့သည်ဟု ရှိန်းသက်က ခြေ ဟန်လက်ဟန်ဖြင့် ပြောသည်။

‘‘ကျွန်တော် စကိတ်သမား ဘ၀ကို ရွေးချယ်ခဲ့ပြီ ဆိုမှတော့ကျွန်တော့်အတွက် အခက်ဆုံးလို့ယူဆရတဲ့ အရာကိုပဲ စိန်ခေါ်လိုက်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒါထက် ခက်တာဘာရှိဦးမှာလဲ’’ဟု ရှိန်းသက်က ပြောပြန်သည်။သီချင်းကို မကြားရဘဲ သီချင်းအတိုင်း   ရှိန်းသက်  မည်သို့လှုပ်ရှား သနည်း။     မည်သို့စကိတ်စီး သနည်းဆိုသည့်အဖြေမှာ ပဟေ ဠိသဖွယ်ဖြစ်နေသော်လည်း ဆွံ့ အနားမကြားသူများအတွက် စိတ် ပိုင်းဆိုင်ရာနှင့် ဆင့်ကဲအပြုအမူ များအကြောင်း စာတမ်းပြုစု လျက်ရှိသော မသန်စွမ်းရောဂါ ကုဆရာဝန် ဒေါက်တာအေးသက် မောင်က ယခုကဲ့သို့ ရှင်းပြသည်။

‘‘သီချင်းကို ကြားဖူးချင်မှ၊ ကြားချင်မှ သူကြားပါလိမ့်မယ်။ သို့သော် ဆွံ့အနားမကြားသူတွေမှာ တချို့အရာတွေအပေါ်    အလို လျောက်တုံ့ပြန်နိုင်တဲ့ စိတ်တွေ ရှိတယ်။ ဥပမာ-လျှပ်တစ်ပြက် လက်ခုပ်တီးလိုက်ရင် လှည့်ကြည့် တာမျိုးက အလိုအလျောက် တုံ့ ပြန်တာ။ သူလက်ခုပ်တီးတာကို မကြားရဘူး။ သို့သော် သူ့အလိုလိုသိသွားတယ်။     ခန္ဓာကိုယ်က ဆန်းကြယ်စွာ အလိုအလျောက် တုံ့ပြန်တာ’’ဟု ဆိုသည်။

‘‘အဲဒီလို ဖြစ်စေဖို့က ရင်း နှီးမှုနဲ့ လေ့ကျင့်မှုပဲ။  ဒီပွဲမှာ သူ ဘယ်လောက်အသည်းအသန် လေ့ကျင့်ခဲ့လဲဆိုတာက အဆုံး အဖြတ်ပေးပါလိမ့်မယ်။ နားမ ကြားရပေမယ့် သူ့ရဲ့ လေ့ကျင့် ထားမှုက ပြိုင်ပွဲဝင်နေစဉ် သူစိတ် အားထက်သန်နေတဲ့အချိန်မှာ အလိုအလျောက် တုံ့ပြန်မှုတွေ ပေးပါလိမ့်မယ်’’ဟု ဒေါက်တာ အေးသက်မောင်က ပြောသည်။ ရှိန်းသက်က အသက်မှာ (၂၄)နှစ် ရှိပြီး   စကိတ်စီးသည်မှာ   ငါးနှစ် ကျော်ရှိသွားပြီဖြစ်ကာ     ပြိုင်ပွဲ အသေးလေးများမှလွဲ၍ ယခုကဲ့ သို့ ပြိုင်ပွဲအကြီးများကို မယှဉ်ပြိုင် ဖူးကြောင်း ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် စကိတ်အားက စားနည်းကို   တရားဝင်အားက စားအဖြစ် သတ်သတ်မှတ်မှတ် မရှိခြင်းနှင့် တရားဝင်ခွင့်ပြုအဖွဲ့ အစည်းများ     မရှိခြင်းကြောင့် စကိတ်စီးချင်သူ၊ ၀ါသနာပါသူ လူငယ်များကို မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များ အသင်းမှသာ ပြိုင်ပွဲများ၊ စကိတ်ပစ္စည်းများ ထောက်ပံ့ခြင်း ပြုလုပ်နေသည်။ ‘‘မသန်စွမ်းတစ်ယောက်အနေနဲ့ နိုင်ငံတော်က  တရားဝင်အားကစားတွေမှာ ထူးချွန်အောင် မလုပ်ချင်ဘူးလား။ ဘာကြောင့် စကိတ်သမားဘ၀ကိုသာ ရွေးတာလဲ’’ဟူသော မေးခွန်းကို   ‘‘ကျွန်တော်ငယ်ငယ်     ယုဇနဥယျာဉ်မှာနေ တော့ ရွယ်တူတွေ အားလုံးလိုလိုက စကိတ်စီးကြတယ်လေ။ ကျွန်တော်တို့ မိသားစုက ချို့တဲ့တယ်ဗျ။ အဲဒီတုန်းကတော့ မစီးနိုင်တော့ ငေးကြည့်နေရင်း အရမ်းစီးချင်ခဲ့တာ’’ ဟု ၎င်း၏ ခြေဟန် လက်ဟန်ကို ညီဖြစ်သူ မင်းထက်သာက  ဘာသာပြန်ရင်း ပြောသည်။

‘‘သူက မထင်ရလောက် အောင် စကိတ်ကို လေ့လာတာ။အားနေရင် သူများတွေဆီက စကိတ်စီးတဲ့ ဗီဒီယိုတွေလိုက်ကူး တယ်။ ထိုင်ကြည့်တယ်။ အဲဒီအချိန် သူ့ကိုသွားနှောင့်ယှက်ရင် စိတ်ဆိုးရော။ တစ်ခါတလေ တစ်နေ့လုံးကြည့်နေတော့ အမေက တောင်ဦးနှောက်ထိခိုက်မှာစိုးလို့ တားရတယ်’’ဟု မင်းထက်သာက ပြောသည်။

‘‘အမေကလည်း သူ့ကိုအ ရမ်းအလိုလိုက်တာ။ အိမ်က အခွေအရောင်းဆိုင်ဖွင့်ထားပြီး ဆင်း ရဲပေမယ့် သူပြိုင်ပွဲဝင်ပြိုင်ဖို့ စကိတ်ဖိနပ်အဖြူလေး ခြောက် သောင်းတောင် ပေးရတာ ၀ယ်ပေးထားတယ်လေ’’ဟု သူက ဆက်လက်ပြောသည်။

စကိတ်ဖိနပ်အဖြူလေးက ပိုင်ရှင်၏ ထိန်းချုပ်မှုအောက်တွင် သမံတလင်းမြေ စကိတ်ကွင်း ပေါ်ပြေးလွှားနေသည်။ တစ်ခါ တစ်ရံ ကွေ့သည့် ဘရိတ်ဖမ်း သည်။ တုံးငယ်လေးများကို ရှောင်ရင်းစီးသည်။ ရှိန်းသက် ချွေးအနည်းငယ် စို့နေသော်လည်း ပင်ပန်းသည့်ပုံ မပေါ်။ အရှိန်လွန်ပြီး ချော်ခါနီးတစ်ချက်တွင် ဘရိတ်ဖမ်းကာ ဟန်ချက်ပြန်ထိန်းလိုက်သည်။ သူ့သူငယ်ချင်းများထံသို့  လှမ်းကြည့်၍ မျက်နှာကို လက် ညှိုးဖြင့် ပတ်ဝိုင်းလိုက်ပြီး လက်မထောင်ပြလိုက်သည်။ ရှိန်းသက်က‘အိုကေ’ ပါတယ်ဆိုတဲ့သဘော။ 

Top News