စည်ပင်ပိုင်ဈေး ၁၂ ခုကို နှစ်ထပ်ဈေးများ ပြောင်းလဲတည်ဆောက်မည်

နှစ်ထပ်ဈေးအဖြစ် ပြောင်းလဲတည်ဆောက်ရာတွင် ပါဝင်မည့် ကြည့်မြင်တိုင် လေဟာပြင်ဈေး(ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်မြို့ရှိ စည်ပင် သာယာဈေး ၁၂ ခုကို နှစ်ထပ်ဈေး အဖြစ် ပြန်လည်တည်ဆောက် မည့်စီမံကိန်းတစ်ခု ဇွန်လအတွင်း စတင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုဘဏ္ဍာနှစ်အတွင်း ငွေ ကျပ် ၁၁ ဘီလီယံခန့်အသုံးပြုကာ တည်ဆောက်မည်ဖြစ်ပြီး တည် ဆောက်ပြီးစီးမည့်အချိန်ကို မခန့်မှန်းနိုင်သေးကြောင်း စည်ပင်သာ ယာရေးကော်မတီ ဈေးများဌာန ရုံးကပြောသည်။

နှစ်ထပ်ဈေးကြီးများအဖြစ် တည်ဆောက်မည့် ဈေးကြီးများ တွင် ဆင်ခြေဖုံးမြို့နယ်ရှိဈေးအ များစုပါဝင်ပြီး သာကေတမြို့နယ် ရှိ အမှတ်(၁)နှင့်အမှတ်(၂) ဈေး၊ အလုံမြို့နယ်ရှိ အလုံဈေး၊ ကြည့် မြင်တိုင်မြို့နယ်ရှိ လေဟာပြင် ဈေး၊ လှိုင်မြို့နယ်ရှိ လှိုင်ဈေး၊ မ ရမ်းကုန်းမြို့နယ်ရှိ မြဂန္ဓမာဈေး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရတနာဈေး၊ အင်းစိန်မြို့နယ်ရှိ ဖော့ကန်ဈေး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ (၂)ဈေး၊  ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာဈေးနှင့်  လှိုင်သာ ယာမြို့နယ်ရှိ လှိုင်သာယာဈေး တို့ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဈေးများ ဌာနအောက်တွင် အခွန်လွတ်ဈေး များအပါအ၀င် ဈေးပေါင်း ၁၇၃ ခုရှိရာ လက်ရှိဘဏ္ဍာနှစ်အတွင်း အခြေခံအဆောက်အအုံရှိသော ဈေးများနှင့် လူစည်ကားသောဈေး များကို နှစ်ထပ်ဈေးအဖြစ်ရွေးချယ် ဆောက်လုပ်ခြင်းဖြစ်ကြောင်း မြို့ တော်စည်ပင်ဈေးများဌာန ဒုတိယဌာနမှူးကပြောသည်။

‘‘သက်ဆိုင်ရာခရိုင်ဈေးများ ဌာနကိုလည်း အကြောင်းကြားပြီး ပါပြီ။ ဈေးအားလုံးကိုတော့ တစ် ပြိုင်နက်တည်း လုပ်မှာမဟုတ်ပါ ဘူး။ တစ်ဆင့်ပြီးတစ်ဆင့် လုပ် သွားမှာပါ။ အဲဒါကြောင့် အချိန် အတိအကျ ခန့်မှန်းလို့မရသေး တာ’’ ဟု ၎င်းကဆိုသည်။


ဈေးများကိုအဆင့်မြှင့်သည် မှာ ကောင်းမွန်သောလုပ်ရပ်ဖြစ် သော်လည်း လမ်းဘေးဈေးသည် များကို စနစ်တကျနေရာချပေးနိုင် မှုမှာ  ပို၍အရေးကြီးကြောင်းမြောက်ဥက္ကလာပမြို့နယ်(၂)ဈေးမှ လှိုင်ရတနာဈေးကောင်စီအဖွဲ့ဝင် ဦးစိုးသန်းဖေကပြောသည်။ ‘‘စည်းကမ်းတကျထားပြီး ရောင်းချနေတဲ့  လမ်းဘေးဈေးသည်တွေရှိသလို၊ ကားလမ်းမတွေ၊ခွင့်မပြုထားတဲ့ နေရာတွေမှာ ရောင်းချနေတဲ့လူ တွေကိုလည်း ထည့်ပြီးစဉ်းစားပေး ဖို့လိုပါတယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း ဈေးအချို့ကို ပြောင်းရွှေ့နေရာ ချ ရန် စီမံချက်များရှိနေပြီး မင်္ဂလာ တောင်ညွန့်ရှိ ကြက်ဘဲဈေးကိုဒဂုံ ဆိပ်ကမ်းမြို့နယ်သို့  ပြောင်းရွှေ့ နိုင်ရန်  စီစဉ်နေဆဲဖြစ်ကြောင်း ဈေးများဌာနမှ သိရသည်။

More in News Section

Top News