ဒလမြစ်ကူးတံတားဆောက်ဖြစ်လျှင် ရန်ကုန်မှ နာရေးများ ဒလသုသာန်တွင် သင်္ဂြိုဟ်နိုင်ရန် ကြိုတင်ပြင်ဆင်

ဒလသုသာန်တွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 ရန်ကုန်-ဒလ မြစ်ကူး တံတားဆောက်လုပ်ပြီးစီးပါက ရန်ကုန်မြို့တွင်းခြောက်မြို့နယ် အပါအဝင် ဆိပ်ကမ်းမြို့နယ်များ မှ သေဆုံးများကို ဒလသုသာန်၌ သွားရောက်သင်္ဂြိုဟ်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်မှ ဒလသို့ ဆက် သွယ်သော မြစ်ကူးတံတားတည် ဆောက်ပြီးပါက ရန်ကုန်မြို့တွင်း ရှိ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပန်းဘဲ တန်း၊ ပုဇွန်တောင်မြို့နယ်များ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များနှင့် နီးစပ် ရာမြို့နယ်မှ သေဆုံးသူများကို နီးစပ်ရာ ဒလသုသာန်၌သာ လာရောက် သင်္ဂြိုဟ်နိုင်ဖွယ်ရှိခြင်းကြောင့် ဒလသုသာန်ကို အဆင့်မြှင့် တိုးချဲ့နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန) မှ သတင်းရရှိသည်။

လက်ရှိ ဒလသုသာန်ကို တည်ဆောက်နေသည့် ပုံစံမှာ ခေါင်းတိုင်နှစ်လုံးနှင့် သင်္ဂြိုဟ်နိုင် ရန် ပြင်ဆင်နေခြင်းကြောင့် ရေ ဝေးသုသာန်နှင့် ထိန်ပင်သုသာန် တို့ထက်ပင် ပို၍ကြီးမားသည်။ သုသာန်မြေဧက ၆၀ ကျော်ရှိပြီး ခန်းမဆောင်ငါးခုထက်မနည်းပါ ရှိသောကြောင့် သုသာန်ကြီးတစ် ခုဖြစ်လာမည်ဟု ဒလမြို့သုသာန် မှူး ဦးမြအောင်က ဆိုသည်။

‘‘အခုတော့ တစ်နေ့ကို သုံး၊လေးလောင်းပဲ သင်္ဂြိုဟ်ရပါ တယ်။ နောက်ပိုင်းတော့ စည်ပင် က စီစဉ်ပေးသလိုပဲ သင်္ဂြိုဟ်ရမှာ ပေါ့။ အခု ဆောက်နေသလောက် ကတော့ အကြီးကြီးဆောက်နေ ကြတာပဲ’’ဟု ၎င်းက ပြောသည်။

မည်သည့်မြို့နယ်များက သွားရောက်သင်္ဂြိုဟ်ရမည်ဟု ကန့် သတ်ထားမည်မဟုတ်ဘဲ လက်ရှိ တွင်လည်း ဆောက်လုပ်မှုမပြီး ဆုံးသေး၍ ဖြေကြားရန်ခက်ခဲ သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)လက်ထောက်ဌာနမှူး ဦးကိုကိုကျော်စွာက ပြော သည်။

‘‘မြို့ထဲကလူတွေ အသုဘ ပို့ရင် ဟိုးမြောက်ဥက္ကလာနားက ရေဝေးသုသာန်အထိကိုသွားစရာ မလိုဘဲ တံတားကိုဖြတ်ပြီး သု သာန်ကိုသွားနိုင်တဲ့အတွက် ယာဉ်ပိတ်ဆို့မှုကိုလည်း တစ်နည်း နည်းနဲ့ ဖြေရှင်းနိုင်ပြီးသားဖြစ် သွားမယ်’’ဟု ၎င်းက ဆိုသည်။

ဒလသုသာန်မှာ ၁၉၉၄ ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး သင်္ဂြိုဟ်စက်ကို ပုဂ္ဂလိက,က လှူ ဒါန်းထားခြင်းဖြစ်သည်။ သုသာန် ကို ပြန်လည်တည်ဆောက်ခဲ့သည် မှာ ငါးလကျော်ကြာမြင့်ပြီဖြစ်ပြီး ၂၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် သည်။

ရန်ကုန်-ဒလတံတားတည် ဆောက်ရန်စီမံကိန်းအတည်ဖြစ်လျှင် တံတားကိုအပြီးသတ်ရန်မှာ ငါးနှစ်ခန့် အချိန်ယူရမည်ဖြစ် သောကြောင့် သင်္ဂြိုဟ်စက်ကိုလည်းအချိန်ယူပြီးဆောက်နိုင် ကြောင်း ဒလသုသာန် ဆောက် လုပ်ရေး တာဝန်ခံကပြောသည်။

လက်ရှိတွင် မြို့တွင်းပိုင်းရှိ သေဆုံးသူ အလောင်းများကို ရေဝေးနှင့် ထိန်ပင်သုသာန်တို့ တွင်သာ သင်္ဂြိုဟ်ရခြင်းကြောင့် အသွားအလာ အလှမ်းဝေးလွန်းလှ ပြီး အကယ်၍ မသတ်မှတ်ထား သည့် သုသာန်၌သင်္ဂြိုဟ်လိုလျှင် နယ်ကျော်ခ ကျပ်တစ်သိန်းပေး ဆောင်ရကြောင်း သုဂတိမဂ္ဂ နာရေးကူညီမှုအသင်းမှ ဦးလှ သိန်းက ပြောသည်။

‘‘အရေးကြီးတာကတော့ သွားလာရေးလွယ်ကူတော့ နာ ရေးဖြစ်သူတွေရော လိုက်ပို့တဲ့သူ တွေပါ အဆင်ပြေတာပေါ့’’ဟု ၎င်းက ဆိုသည်။

More in News Section

Top News