စင်ကာပူကြိုတင်မဲတွင် ဒီချုပ်ပါတီက မဲအရေအတွက် ၉၀ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်ရရှိထားကြောင်း စစ်တမ်းတစ်ခုထုတ်ပြန်

စင်ကာပူနိုင်ငံရောက် မြန်မာများ ကြိုတင်မဲပေးရန် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)

စင်ကာပူရောက်မြန်မာ များ မဲပေးသည့် ရှစ်ရက်အတွင်း မဲရုံပြင်ပ စစ်တမ်းကောက်ယူမှု (Exit Poll)အရ လွှတ်တော်သုံး ရပ်ပေါင်း မဲအရေအတွက်တွင် NLD ပါတီက ၉၀ ရာခိုင်နှုန်း ကျော်ဖြင့် မဲအပြတ်အသတ်ရရှိထား သည်ဟု ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအထောက်အကူ ပြုအဖွဲ့(စင်ကာပူ)က အောက်တို ဘာ ၂၆ရက်၌ သတင်းထုတ်ပြန်သည်။

စင်ကာပူရောက်မြန်မာများ မဲစပေးသည့် အောက်တိုဘာ၁၅ ရက်မှ ၂၁ရက်နေ့အထိနှင့် အောက်တိုဘာ ၂၃ရက် စုစုပေါင်း ရှစ်ရက်အတွင်း လာရောက်မဲပေး သူ ၁၆,၄၅၉ဦးအနက်မှ ၁၄,၁၉၀ဦးအားစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ NLD  ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် စသည့်လွှတ်တော်သုံးရပ်ပေါင်း မဲအရေအတွက် ၄၁,၅၅၄မဲရရှိထားကြောင်း မဲရုံပြင်ပစစ်တမ်းကောက်ယူမှု (Exit Poll)ပြုလုပ်သည့် ၂၀၁၅  ရွေးကောက်ပွဲအောင်နိုင်ရေးအ ထောက်အကူပြုအဖွဲ့(စင်ကာပူ) မှ ကိုစိုးထွန်းကပြောသည်။

စစ်တမ်းကောက်ယူသော အရေအတွက်အရ မဲအရေအ တွက် ဒုတိယအများဆုံးရရှိသော ပါတီမှာ ရခိုင်အမျိုးသားပါတီဖြစ် ပြီး ယင်းပါတီ၏ လွှတ်တော်သုံး ရပ်မဲအရေအတွက်မှာ ၁၃၆မဲဖြစ် သည်။

တတိယ မဲအများဆုံးရရှိ သော ပါတီသည် မွန်အမျိုးသားပါ တီဖြစ်ပြီးလွှတ်တော်သုံးရပ် မဲအ ရေအတွက်မှာ ၁၀၅မဲဖြစ်ပြီး ပြည် ခိုင်ဖြိုးပါတီမှာမူ လွှတ်တော်သုံးရပ်လုံးအတွက် ၃၅မဲသာရရှိထား ကြောင်း အဆိုပါအဖွဲ့စစ်တမ်း ထုတ်ပြန်မှုတွင်ဖော်ပြထားသည်။

‘‘မဲလာပေးတဲ့သူတွေကို အ တတ်နိုင်ဆုံးတော့ ကောက်တာပဲ။ လူကအရမ်းများတော့ လွတ်သွား တာရှိတာပေါ့။ ကျွန်တော်တို့စစ် တမ်းကောက်ထားတဲ့အရေအ တွက်ကို ဖော်ပြထားပါတယ်။ ဘယ်နှယောက်က ဘယ်ပါတီကို ပေးတယ်။ အဲဒီထဲကမှ ဘယ် လွှတ်တော်တွေကို ပေးတယ်ပေါ့။ အဲဒါတွေ ကောက်ယူထားပါ တယ်။ မြို့နယ်တွေအလိုက်ထပ် ခွဲဦးမှာပါ’’ဟု ကိုစိုးထွန်းကပြော သည်။

ကောက်ယူထားသော စစ် တမ်းများကို စင်ကာပူရှိ မြန်မာသံ ရုံး၊ ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်နေသော အဖွဲ့များထံပေးပို့သွားမည်ဟု ၎င်းကဆက်ပြောသည်။

‘‘NLDပါတီမဲအများကြီးရ နေတဲ့အပေါ် ပြောရရင်ရှင်းပါ တယ်။ စင်ကာပူရောက်မြန်မာ အားလုံးနီးပါးက အပြောင်းအလဲ ကြီးကို အရမ်းလိုချင်လို့ပါ။ ဒီနေ ရာမှာတစ်ခုပြန်ထောက်စရာရှိ တာက အပြောင်းအလဲကြီးကိုလို ချင်ရင် NLDကို မဲပေးရမှာလားဆို တဲ့ကိစ္စပါ။ နှစ်ပတ်လောက်သာ လိုတော့တဲ့ ကမ္ဘာ့လူ့စိတ်ဝင်စားမှုအများဆုံးလို့ပြောလို့ရမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လာမယ့်ရွေး ကောက်ပွဲကြီးဟာ နိုင်ငံသားတိုင်း အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အ ခွင့်အရေးကြီးပေါ်လာနိုင်တယ် လေ’’ဟု ကြိုတင်မဲပေးသည့်စင် ကာပူရောက် ကိုလင်းအောင်က ပြောသည်။


 

 

Top News