ထွန်းအိန္ဒြာဗိုပါဝင်သော ဒီချုပ်အောင်နိုင်ရေး ဖျော်ဖြေသည့်အဖွဲ့ တပ်ကုန်းမြို့အဝင်တွင် နှစ်နာရီကြာ တားမြစ်ခံရ

ဒီချုပ်အောင်နိုင်ရေးဖျော်ဖြေသည့်အဖွဲ့မှ ထွန်းအိန္ဒြာဗို ရမည်းသင်းမြို့တွင် အောက်တိုဘာ ၂၆ ရက်၌ ဖျော်ဖြေနေစဉ် (ဓာတ်ပုံ − Mi Mi Khine's FB)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး ပျော်ဘွယ်မြို့နှင့် ရမည်းသင်းမြို့နယ်တို့တွင် သွားရောက်ဖျော်ဖြေခဲ့သည့် အဆိုတော်ထွန်းအိန္ဒြာဗိုနှင့်အနုပညာရှင်များသည် တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ နှစ်နာရီကြာ တားမြစ်ခြင်းခံခဲ့ရသည်။

အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီကျော်တွင် တပ်ကုန်းမြို့ ကြို့ပင်သာ မောင်းတံဂိတ်၌ တားမြစ်ခံခဲ့ရပြီး တားမြစ်သည့် အကြောင်းရင်း တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ ည ၈ နာရီကျော်မှသာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့သည်ဟု အဆိုတော် ထွန်းအိန္ဒြာဗိုက ပြောသည်။

တားဆီးခံရမှုကို တပ်ကုန်း မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အဖွဲ့ဝင်များသွားရောက်ကူ ညီဖြေရှင်းခဲ့ပြီး တားမြစ်ရခြင်းမှာ နေပြည်တော်ကောင်စီကပိတ်ပင် ခြင်းဖြစ်သည်ဟု တားဆီးခံရသည့် နေရာသို့ ရောက်ရှိနေသည့်အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

‘‘ည ၈ နာရီကျော်မှာ ပြန် လည်ထွက်ခွာခွင့်ပြုပါတယ်။ ပြန် မယ့်လမ်းကြောင်းကိုလည်း အ မြန်လမ်းကို အသုံးပြုခိုင်းပါတယ်။ထွက်ခွာခွင့်ပြုတာတောင် ဘာ ကြောင့်တားလဲဆိုတာ မေးလို့မရ ပါဘူး’’ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။

တားမြစ်ခဲ့ရာ၌ စစ်တပ်၊ ရဲ၊ မြို့နယ်ထွေအုပ်အပါအဝင် အင် အားနှစ်ဆယ်ကျော်ဖြင့် ပိတ်ပင် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သ တင်းရရှိသည်။

ဖျော်ဖြေရေးအဖွဲ့တွင် ထွန်း အိန္ဒြာဗိုအပါအဝင် အဆိုတော် ခြောက်ဦး၊ တီးဝိုင်းအဖွဲ့များအပါ အဝင် စုစုပေါင်း ၂၀ ဦးခန့်ပါဝင် သည့် အဲကွန်းဘတ်စ်ကားတစ် စီးဖြင့် ထွက်ခွာလာရာ တပ်ကုန်း မြို့အဝင်တွင် တားဆီးခံခဲ့ရခြင်း ဖြစ်သည်။

အနုပညာရှင်များကို နေ ပြည်တော်ကောင်စီနယ်မြေအ တွင်း ဝင်ရောက်ဖျော်ဖြေမည်မ ဟုတ်ကြောင်း ကြေညာချက်ထုတ် ပေးရန် ပြောဆိုခဲ့သည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒက္ခိဏသီရိကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။ အောက်တိုဘာ ၂၇ ရက်တွင် နေပြည်တော်ကောင်စီနယ် မြေအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ဒါရိုက်တာ ကြည်ဖြူသျှင် ဦး ဆောင်ကာ အနုပညာရှင်များ ဖျော်ဖြေကြမည်ဖြစ်သည်။ အဆို ပါဖျော်ဖြေရေးအတွက် ပျော် ဘွယ်၊ ရမည်းသင်းမြို့မှ ပြန်လာ သည့်အနုပညာရှင်များ ပါဝင်လာ မည်ကို စိုးရိမ်၍ ယခုကဲ့သို့ တား မြစ်ရခြင်းဖြစ်သည်ဟု ဦးမင်းသူ က ပြောကြားသည်။

Top News