ရွေးကောက်ပွဲကို ကြိုဆိုခြင်းအဖြစ် နိုင်ကျဉ်းများ ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးကော်မရှင်က သမ္မတထံတင်ပြ

ဦးနေမျိုးဇင်ကို ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်နေစဉ် (ဓာတ်ပုံ−နစ်ကီ)

ရွေးကောက်ပွဲကို ကြိုဆို သောအားဖြင့် အကျဉ်းထောင် များရှိ နိုင်ငံရေးအကျဉ်းသားများ ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြထား ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

အထွေထွေရွေးကောက်ပွဲ ကို ကြိုဆိုသောအားဖြင့် အကျဉ်း ထောင်များရှိ နိုင်ငံရေးအကျဉ်း သားများအနက် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးတွင် ငြိမ်းချမ်း စွာ ပါဝင်ဆောင်ရွက်နိုင်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း၊ အမျိုးသားပညာရေး ဥပဒေပြင် ဆင်ရေး သပိတ်မှောက်တောင်း ဆို ဆန္ဒပြခဲ့သည့် ထိန်းသိမ်းခံ ကျောင်းသူ၊ ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများကို သက်ညှာစွာ စဉ်းစားပေးရန် သမ္မတထံသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံလူ့အ ခွင့်အရေးကော်မရှင်က အောက်တိုဘာ ၂၇ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ဆောင်ရွက်ပေး မည်ဆိုပါက နိုင်ငံရေးအကျဉ်း သားများ၊ ထိန်းသိမ်းခံ ကျောင်း သား၊ ကျောင်းသူများ၊ ၀န်းရံပြည် သူများသည် အထွေထွေရွေး ကောက်ပွဲ၌ လွတ်လပ်စွာ ပါဝင် ဆင်နွှဲခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း လည်း အဆိုပါ သတင်းထုတ်ပြန် ချက်တွင် ထည့်သွင်းထားသည်။

ရွေးကောက်ပွဲ   မတိုင်မီ လက်ရှိအစိုးရက နိုင်ငံရေးအရ ဖမ်းဆီးအကျဉ်းချထားသူ အား လုံးကို ခြွင်းချက်မရှိ ပြန်လွှတ် ပေးသင့်ကြောင်း နိုင်ငံရေးအ ကျဉ်းသားဟောင်းများ အဖွဲ့ချုပ် မှ ဦးညိုထွန်းက ပြောသည်။

‘‘သူတို့ကို ပြန်လွှတ်ပေး သင့်ပါတယ်။ ရွေးကောက်ပွဲဖြစ် စဉ်ကြီးမှာ အားလုံးပါဝင်သင့် တယ်။ လက်ရှိအစိုးရအနေနဲ့ နာမည်ကောင်းရချင်ရင် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ် ပေးသင့်တယ်’’ဟု ဦးညိုထွန်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအ ကျဉ်းသား ၉၆ ဦး အကျဉ်းခံနေရ ပြီး တက်ကြွလှုပ်ရှားသူ ၄၆၆ ဦးတို့သည်  တရားရင်ဆိုင်နေရ ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း (မြန်မာနိုင်ငံ) က ထုတ်ပြန် ထားသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကာ ရွေးကောက်ပွဲကျင်းပရန် ၁၀ ရက်သာ လိုတော့သည်။

Top News