-->

ဒီချုပ်ကို အားပေးထောက်ခံခဲ့သည့် အနှေးယာဉ်လုပ်သားများထံ ဒေါ်အောင်ဆန်းစုကြည် ကိတ်မုန့်ပေးပို့

ကိတ်မုန့်ကို ထန်းတပင်ဘုန်းကြီးကျောင်းသို့ လှူဒါန်းစဉ် (ဓာတ်ပုံ−မိုးမင်း)

 ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမဲဆွယ်ကာလ အတွင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကို ထောက်ခံအားပေးခဲ့ သော အနှေးယာဉ်လုပ်သားများအား အသိအမှတ်ပြုကျေးဇူးတင် သည့် အနေဖြင့် သောကြာနေ့က ကိတ်မုန့်များပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ကမာရွတ်နှင့် ဗဟန်းမြို့နယ်ရှိ ဆိုက်ကားဂိတ်အချို့သို့ ဒေါ် အောင်ဆန်းစုကြည်က ကိတ်မုန့် များလိုက်လံပို့ဆောင်စေခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

‘‘ဆိုက်ကားသမားတွေရဲ့ ထောက်ခံမှုက အများကြီးရှိခဲ့တာ လေ။ ဒါကို ဒေါ်အောင်ဆန်းစု ကြည်က အသိအမှတ်ပြုတဲ့အနေ နဲ့ ဆိုက်ကားဂိတ်တွေကို ပို့ခိုင်းလိုက်တာ။ ကိတ်မုန့်အလုံးအကြီးလေး၊ ငါးလုံးပဲ။ ဖြစ်နိုင်ရင် သူက အိမ်ခေါ်ထမင်းကျွေးရင်းကို တွေ့ချင်တာ။ လူအရမ်းများနေလို့ အဆင်ပြေသလို စီစဉ်လိုက်ရတာ’’ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့အားမေ့မသွားဘဲ ယခုကဲ့ သို့ ကိတ်မုန့်ပို့ဆောင်ပေးသည့် အတွက်   အတိုင်းမသိဝမ်းသာ ကြည်နူးမိကြောင်း   ကမာရွတ် မြို့နယ်၊ လှည်းတန်းဈေးရှေ့ရှိ ဂိတ်အမှတ် (၄)မှ အနှေးယာဉ် လုပ်သားများက ပြောသည်။

‘‘ထင်မထားဘူးဗျာ။ မနေ့ကတော့ အန်တီစုက ကျွန်တော်တို့ ဆိုက်ကားသမားတွေကို ကျေးဇူး တင်အသိအမှတ်ပြုကြောင်း ပြော တယ်လို့ သိရတော့ ၀မ်းသာနေ တာ။ ဒီနေ့ ကိတ်မုန့်ပါထပ်ပို့ပေး တော့ ပြောမပြတတ်အောင် တစ် ခါမှမဖြစ်ဖူးတဲ့ ခံစားချက်မျိုးခံစား ရတယ်’’ဟု အဆိုပါဆိုက်ကား ဂိတ်မှ အနှေးယာဉ်လုပ်သားတစ် ဦးဖြစ်သူ ဦးကြည်ဝင်းက ပြော သည်။ခေါင်းဆောင်တစ်ဦးအနေ ဖြင့် အနှေးယာဉ်လုပ်သားများ အား ယခုကဲ့သို့ နေရာပေးဆက်ဆံ မှုမျိုး ယခင်ကမရှိခဲ့သည့်အတွက်  ပီတိဖြစ်ရပြီး ပြောင်းလဲမှုများအ မြန်ဆုံးဖြစ်ပေါ်လာမည်ဟု ယူဆ ကြောင်း ယင်းဆိုက်ကားဂိတ်မှ ဦးရဲနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် နိုဝင်ဘာ ၁၂ ရက်က အနု ပညာရှင်များနှင့် တွေ့ဆုံခဲ့ရာတွင်ကျေးဇူးတင်ရမည့်အထဲတွင် ဆိုက်ကားဆရာများလည်း ပါဝင် ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

‘‘နောက်ထပ် ကျေးဇူးတင်ရ မယ့် အုပ်စုတစ်စုလည်း ရှိပါသေး တယ်။ အဲဒါကတော့ ကျွန်မတို့ နိုင်ငံက ဆိုက်ကားသမားတွေပါ ပဲ။ အားလုံးကိုဆုံပြီးတွေ့ဖို့ဆိုတာ မဖြစ်နိုင်လို့ ဘယ်လိုပုံစံနဲ့ လုပ်ရ မလဲ စဉ်းစားနေပါတယ်။ ဘယ် သွားသွားဆိုက်ကားတွေမှာ NLD အလံလေးတွေလွှင့်ထားတာတွေ့ ရင် တကယ့်ကိုစိတ်ထဲမှာ ကြည်နူးတယ်။

အဲဒါပြည်သူရဲ့ ထောက်ခံမှု ဆိုတာ ဒါပဲဆိုတာ သဘောပေါက် တယ်။ ဆိုက်ကားနင်းတယ်ဆို တာ တစ်နေ့လုပ်မှ တစ်နေ့စားရ တာ’’ဟု ၎င်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ရွေးကောက်ပွဲအောင်နိုင် ရေးတွင် အင်အားဖြည့်ပါဝင်ခဲ့ကြ သည့် ဆိုက်ကားဆရာများနှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း နေ ပြည်တော်ခရီးစဉ်သွားရောက်ရန် ရှိနေသဖြင့် ကိုယ်တိုင်လိုက်ပါ မတွေ့ဆုံနိုင်ခြင်းဖြစ်သည်ဟု ကိတ်မုန့်လာရောက်ပေးပို့သည့် ဒီချုပ်ရုံးချုပ်မှ လူငယ်များက ပြောကြောင်း ဦးကြည်ဝင်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည်ဆိုသော ကိတ်မုန့်ကို ဆိုက်ကားဆရာများအားလုံး၏ သဘောတူညီချက်ဖြင့်  အနီးရှိ ထန်းတစ်ပင်ဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပြီး ယင်း ကျောင်းမှ ဆရာတော်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် လှူ ဒါန်းသည့် ဆိုက်ကားဆရာများ ကုသိုလ်ဖြစ်စေရန် ဘုရားထံဆပ် ကပ်ခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲမဲဆွယ်စည်း ရုံးရေးကာလတွင် အနှေးယာဉ်လုပ်သားများအနေဖြင့် ဒီချုပ်အလံများ၊ စတစ်ကာများ ဆိုက်ကား ၌ ချိတ်ဆွဲခြင်းနှင့် ပါတီအမှတ် တံဆိပ်ပါအင်္ကျီများဝတ်ဆင်ခြင်း များဖြင့် ယင်းပါတီအပေါ် ထောက်ခံမှုများပြသခဲ့ကြပြီး ဒီချုပ်ကိုယ် စားလှယ်လောင်းများ၏ မဲဆွယ် မှုတွင်လည်း အင်အားဖြည့်ပါဝင် ခဲ့ကြသည်။

Top News