ရှုံးသူမရှိတဲ့ပြိုင်ပွဲ

ရွေးကောက်ပွဲမတိုင်မီ ကွယ်လွန်ခဲ့သော်လည်း မဲအများဆုံးရခဲ့သော ဦးစိုးမြင့်နှင့်ပြိုင်ဘက်ပါတီတစ်ခုမှဖြစ်သော်လည်း ငယ်သူငယ်ချင်းများဖြစ်ပြီး ဒုတိယမဲအများဆုံးရကာ လွှတ်တော်အမတ်ဖြစ်လာသူဦးသောင်းမြင့်

‘‘ကိုယ့်ညီတစ်ယောက်ဆုံးရှုံးသွား ရသလိုပဲ စိတ်ထိခိုက်တယ်။ ပြိုင် ဘက်လို့ကို မယူဆခဲ့ကြတာ။ သူ ကလည်း ကိုယ့်ကို ဖိုက်ချင်တိုက် ချင်တဲ့စိတ်လည်း မရှိဘူး။ ကိုယ် လည်း သူ့အပေါ် ဘယ်လိုမှကို စိတ်ထဲမရှိခဲ့တာ’’ဟု အသက်ငါး ဆယ်ကျော်အရွယ် အညာသား ကြီးတစ်ဦးက ရင်ဖွင့်နေပါသည်။ ထိုအညာသားကြီးက ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မြင်းခြံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း အနိုင်ရရှိခဲ့သူ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦး သောင်းမြင့်ဖြစ်သည်။

အညာသားဦးသောင်းမြင့် ရည်ညွန်းသည့် ‘‘သူ’’ဆိုသည်က ဦးသောင်းမြင့်နှင့်မဲဆန္ဒနယ်တစ် ခုတည်းတွင် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်းနေ ရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ၊ ရွေး ကောက်ပွဲရောက်ရန် ကြားတစ် ရက်သာ လိုတော့သည့်အချိန် မဲ ဆွယ်စည်းရုံးရင်း ကွယ်လွန်သွား ခဲ့သူ၊ ကွယ်လွန်သွားခဲ့သော် လည်း မဲအရေအတွက်နှစ်သောင်း ကျော်ဖြင့် ဦးသောင်းမြင့်ကို ဖြတ်ကျော်၍ အများဆုံးရရှိခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးမြင့်အား ရည်ညွှန်းပြောဆို လိုက်ခြင်းဖြစ်သည်။

တကယ်တမ်းဆိုလျှင် ဦး သောင်းမြင့်နှင့် ဦးစိုးမြင့်တို့သည် နေရာတစ်နေရာရဖို့ အကြိတ် အနယ်ယှဉ်ပြိုင်ရမည့် သူတွေ။ နောက်ပြီး သူတို့တွေ ကိုယ်စား ပြုယှဉ်ပြိုင်ရသည့်ပါတီများက လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါတီနှင့် အတိုက်အခံဒီချုပ်ပါတီ တို့ဖြစ်၏။ တကယ့်ထိတ်ထိတ်ကြဲ တွေ။ ပြိုင်မည်ဆိုလျှင် ပြိုင်၍ ကောင်းသည့် အနေအထား ဖြစ် သည်။

သို့သော် ပြိုင်ဆိုင်လိုစိတ် မထားလိုသည့်အနေအထားက ဦးသောင်းမြင့်တို့ဆီမှာ ရှိနေခဲ့ကြ သည်။ ဦးသောင်းမြင့်နှင့် ဦးစိုးမြင့် တို့က မြင်းမူ ငယ်မွေးခြံပေါက် တွေ။ နောက်ပြီး သီးနှံပွဲရုံလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်းများ ကိုယ်စီ လုပ်ကိုင်နေကြသည်။ နှစ်ယောက်သား စီးပွားတူချင်းမို့ ရင်းနှီးရုံသာမက ညီလိုအစ်ကိုလို ပါ ချစ်ခင်ကြသည်။ သူတို့တွေ ပင်မကသေး။ အောက်က ညီ တွေနှင့် နှစ်ဖက်မိသားစုတွေက လည်း တကယ့်ဆွေမျိုးရင်းချာ တွေလို ဆက်ဆံခဲ့ကြတာ ဖြစ် သည်။ နှစ်ယောက်ထဲမှာ ဦးစိုးမြင့် က ငယ်ရွယ်သူဖြစ်၍ ဦးသောင်း မြင့်ကို အစ်ကိုလို အဖလိုသဘော ထားဆက်ဆံသည်။ လေးလည်း လေးစားသည်။ လုပ်ငန်းကိုင်ငန်း ကိစ္စတွေမှာ ဦးသောင်းမြင့်ဆီ တိုင်ပင် အကြံဉာဏ်တောင်းခြင်း ပြုလုပ်တတ်သည်။

ဦးစိုးမြင့်တို့ ရန်ကုန် ပြောင်း ရွှေ့တော့ ဦးသောင်းမြင့်က သူ့ ကားသုံးစီးဖြင့် ဦးစီးကာ လိုက်ပို့ သည်။ ရန်ကုန်မှာ နေထိုင်ရန် တိုက်ဝယ်ဖို့အတွက် လိုက်ကြည့် ပေးသည်။ ဦးသောင်းမြင့်ဇနီးက ဦးစိုးမြင့်တို့မိသားစုကို ချက်ပြုတ် ကျွေးမွေးသည်။ မြင်းမူမှာကျန်ခဲ့ သည့် ဦးစိုးမြင့်တို့ နေအိမ်သော့ ကိုလည်း ဦးသောင်းမြင့်တို့ထံ အပ်နှံထားခဲ့ သည်။

ဦးစိုးမြင့်သည် ၁၉၈၈ က တည်းက NLD မှာ ပါဝင်လှုပ်ရှား ခဲ့သူ၊ ထောင်ခြောက်လကျခံခဲ့ရ ဖူးသူ။ ဦးသောင်းမြင့်ကတော့ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုကိုယ်စားပြုကာ မြင်းမူ၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်ဝင်ပြိုင်ရင်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ။ နှစ် ယောက်သား ဖြတ်သန်းလာခဲ့ သည့် နိုင်ငံရေးလုပ်ငန်းများ၊ သ ဘောထားအမြင်များက မတူညီ ကြ။ သို့ သော် နှစ်ယောက်တွေ့ဆုံ ချိန်တွင်  မေးမြန်းစွက်ဖက်တာမျိုး မလုပ်။ ဦးသောင်းမြင့်က ပါတီ ကိစ္စဖြင့် ရန်ကုန်ရောက်လာလျှင် ဦးစိုးမြင့်တို့အိမ်မှာ တည်းသည်။ သွားလိုတာ လိုက်ပို့သည်။ ဦးစိုး မြင့် မြင်းမူပြန်လာလျှင်လည်း ဦး သောင်းမြင့်တို့အိမ် ဝင်ထွက် စား သောက်တတ်သည်။

ဦးစိုးမြင့်သည် ၁၉၈၈ က တည်းက ထောင်ကျခံကာ နိုင်ငံ ရေးလှုပ်ရှားခဲ့သူဖြစ်ပြီး သူ့ထက် အများကြီးစောကြောင်း ဦး သောင်းမြင့်က ပြောပြသည်။

ဦးစိုးမြင့်သည် စီးပွားရေး လုပ်ကိုင်ရာတွင် လုပ်ရည်ကိုင် ရည်ရှိသူဖြစ်ပြီး လူမှုရေးတွင် လည်း အားကောင်းသူတစ် ယောက်ဖြစ်ကြောင်း၊ ၎င်းသာ ကိုယ်စားလှယ်ဖြစ်ခဲ့မည်ဆိုလျှင် လည်း ရပ်ရွာအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်လိမ့် မည်ဟု ယုံကြည်ကြောင်း ဦး သောင်းမြင့်က သုံးသပ်သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဦးစိုးမြင့်တစ် ယောက် NLD မှ ပြိုင်တော့မည်ဟု ဦးသောင်းမြင့် ကြားလာခဲ့သည်။ ဦးစိုးမြင့်ကလည်း ရန်ကုန်မှ ရောက်ရောက်ချင်း ဦးသောင်းမြင့် ဆီဝင်ကာ  မြင်းမူမှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ရတော့မည့်အကြောင်း ပြော လာခဲ့သည်။ ဦးစိုးမြင့်ကြည့်ရ သည်မှာ ညီလို၊ အစ်ကိုလိုဖြစ်နေ သော သူတစ်ယောက်နှင့်ယှဉ်ပြိုင် ရတော့မည် ဖြစ်သည့်အတွက် အားတုံ့အားနာ ဖြစ်နေပုံပေါ် သည်။ ဦးသောင်းမြင့်ကတော့ ပါတီ မတူသည်သာ ရှိမည်။ ပြည်သူ့ အ ကျိုးဆောင်ရွက်လို၍သာ ကိုယ် စားလှယ်လောင်း ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်၍ မည်သို့မျှဖြစ်ရန် မလို။ စိတ်ထဲမထားရန် ပြောပြခဲ့ သည်။

ရွေးကောက်ပွဲအကြိုမဲဆွယ် စည်းရုံးရေးကာလများမှာလည်း တစ်ဦးအိမ်တစ်ဦး အဝင်အထွက် မပျက်။ နှစ်ဖက်မိသားစုများက လည်း အခင်အမင်မပျက်။ ယခင် အတိုင်း ပြောဆိုဆက်ဆံကြဆဲ။ နှစ်ယောက်သား မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများ ကိုယ်စီလုပ်ကိုင် နေကြရသည်မို့ အရင်လို အေး အေးဆေးဆေး မတွေ့ဖြစ်ကြ။ လမ်းမှာ ဆုံခဲ့၍ ဆင်းနှုတ်ဆက်ချိန် မရလျှင်ပင် ကားနဲ့ဆိုင်ကယ်ဟွန်း တွေကို တတီတီတပွမ်ပွမ် မြည် အောင်တီးကာ နှုတ်ဆက်ခဲ့ကြ သည်။

မဲဆွယ်စည်းရုံးရေးကာလ နောက်ဆုံးရက် ရွေးကောက်ပွဲမ တိုင်မီ ကြားတစ်ရက်အလို နိုဝင် ဘာ ၆ ရက်၁၀ နာရီခန့်တွင်တော့ ဦးစိုးမြင့်တစ်ယောက် မဲဆွယ် စည်းရုံးရင်း လဲကျဆုံးပါးသွား သည်ဟု ဦးသောင်းမြင့်ကြားသိခဲ့ ရသည်။ ဦးသောင်းမြင့် မည်သို့မျှ မယုံကြည်။ နေပူလို့ မူးလဲကျ တာလောက်နေမှာပါဟု ဖြေတွေး တွေးသည်။ ပြီးတော့ ဦးစိုးမြင့်က အနေအထိုင်၊ အစားအသောက် ဆင်ခြင်သူ၊ ဟင်းချိုမှုန့်ဆို လုံးဝ ရှောင်သူ၊ သည်လို ဂရုတစိုက်ရှိ လှသည့်သူ ယခုလိုဖြစ်စရာအ ကြောင်းမရှိဟု သူထင်သည်။ ဦး စိုးမြင့်နှင့်တွဲတတ်သည့် ညီဖြစ်သူ ထံ ဦးသောင်းမြင့်ဖုန်းလှမ်းဆက် တော့ ဟုတ်သည်။ ဦးစိုးမြင့်ဆုံး သွားသည်ကို သူလက်ခံလိုက်ရ တော့သည်။ ‘‘ကိုယ့်ညီအရင်းတစ် ယောက်ဆုံးရှုံးလိုက်ရသလိုပါပဲ။ ကျန်တာ ဘာမှကို မရှိတာ’’ဟု ဦး သောင်းမြင့်က ပြန်ပြောပြသည်။

ရွေးကောက်ပွဲနေ့တွင်တော့ လူသာ ကွယ်လွန်သွားသော် လည်း ဦးစိုးမြင့်အား ထောက်ခံ သောမဲများက တောင်ပုံရာပုံရှိခဲ့ သည်။ ဆန္ဒမဲပေါင်း နှစ်သောင်း ကျော်ဖြင့် အများဆုံး ရရှိခဲ့လေ သည်။ ဦးသောင်းမြင့်ကတော့ ရွေးကောက်ပွဲကို ယုံကြည်ချက် တစ်ခုဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ် သည်။ ပြီးခဲ့သည့် ကိုယ်စားလှယ် သက်တမ်းအတွင်း မြင်းမူနယ်သူ နယ်သားများအကျိုးကို တတ်နိုင် သလောက် ဆောင်ရွက်ခဲ့သဖြင့် နိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့ သည်။ ဦးစိုးမြင့် နိုင်သွားခဲ့လျှင် လည်း သူတတ်နိုင်သည့်ဘက်က ကူညီရန် စဉ်းစားထားပြီးဖြစ် သည်။ လွှတ်တော်အတွင်း လုပ် ငန်းတွေ ဘယ်လိုရှိသည်၊ မည်သို့ သော မေးခွန်းမေးသည် စသည် တို့ကို သူပြောပြရန် စိတ်ကူးထား ပြီး ဖြစ်သည်။ ‘‘သူနိုင်ရင် ကျွန် တော့ဆီပဲလာမှာ။ ကျွန်တော့်ဆီ မှာပဲ လွှတ်တော်လုပ်ငန်းနဲ့ ပတ် သက်တဲ့ စာအုပ်တွေ၊ ဘာတွေ ရှိ တော့ ကျွန်တော့်ဆီပဲ လာမွှေမှာ’’ ဟု ဦးသောင်းမြင့်က ဆိုသည်။

ရွေးကောက်ပွဲအပြီး မြို့နယ် ကော်မရှင်မှ မဲရလဒ်ပုံစံ ၁၉ တွေ ထွက်ပေါ်လာချိန်တော့ ကွယ် လွန်သူ ဦးစိုးမြင့်ရဲ့ရလဒ်များ ဥပ ဒေအရပါမလာတော့။ ထို့ကြောင့် ဆန္ဒမဲပေါင်း ၆၇၇၉ မဲသာ ရရှိခဲ့ သည့် ဦးသောင်းမြင့်က အနိုင်ရရှိ သူ ဖြစ်သွားခဲ့လေသည်။ ‘‘သူ (ဦးစိုးမြင့်)လုပ်ခွင့် မကြုံခဲ့သော် လည်း သူ့ကိုယ်စား ကျွန် တော်က အတတ်နိုင်ဆုံး ဖြည့်စွမ်းသွား မယ်။ သူလုပ်ချင်တာနဲ့ ကျွန်တော် လုပ်မှာ တစ်ထပ်တည်း ကျမှာပါ’’ ဟု ဦးသောင်းမြင့်က ဆိုသည်။

ဦးသောင်းမြင့်နှင့်ဦးစိုးမြင့် တို့သည် နေရာတစ်ခုရရန် ယှဉ် ပြိုင်ခဲ့ကြသူများဖြစ်သော်လည်း မေတ္တာဖြင့် အကောင်းဆုံးယှဉ် ပြိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ‘‘တစ်ဦးနဲ့တစ်ဦး စိတ်ထားမဖြူစင် ကြဘူးဆိုရင် သည်ကာလမှာ အ တူတူနေလို့ကို မရပါဘူး’’ဟု ဦး သောင်းမြင့်က ဆိုသည်။ အများ အကျိုးဆောင်ရွက်လို၍ ကိုယ်စား လှယ်ဖြစ်လိုကြသူချင်း အတူတူ စိတ်ဝမ်းကွဲရန် မလိုကြောင်း ဦး သောင်းမြင့်က ပြောပြသည်။

ဦးစိုးမြင့်ဆုံးသည့်ကာလ  သည် ရွေးကောက်ပွဲကာလဖြစ်နေ သည့်အတွက် ၎င်းတို့နှစ်ဦးအား ပြိုင်ဘက်ကဲ့သို့ ထင်မြင်နေကြ သောကြောင့် နေရထိုင်ရခက်ခဲခဲ့ ရသည်ဟု ဦးသောင်းမြင့်က ဆို သည်။

‘‘တချို့က ဒီငါးနှစ်ကာလ လေးကိုပဲ မြင်ကြတာပါ။ တို့တစ် တွေရင်ထဲမှာ တစ်သက်လုံးဆုံးရှုံး သွားတာ သူတို့မသိကြပါဘူး’’ဟု ဦးသောင်းမြင့်က ဆိုသည်။

Top News