-->

မြန်မာကလပ်များ ရမှတ်မဆုံးရှုံးရန် ကြိုးစားရမည့် အေအက်ဖ်စီဖလားပွဲစဉ်များ

၂၀၁၆ အေအက်ဖ်စီဖလားအုပ်စု(ဇ)အဖွင့်ပွဲ၌ ဂျိုဟိုးအသင်းနှင့် ဧရာဝတီအသင်းတို့ယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ−AUFC

၂၀၁၆ အေအက်ဖ်စီဖလားအုပ်စု ဒုတိယပွဲစဉ်တွင် ဧရာဝတီအသင်းက လာအိုကလပ် လာအို တိုယိုတာကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး    ရန်ကုန်အသင်းက မော်လဒိုက်ကလပ် မီဇီယာနှင့် အဝေးကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်များကို မတ်လ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းနှင့် လာအိုတိုယိုတာ အသင်းပွဲကို ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း၊ မာဇီယာအသင်းနှင့် ရန်ကုန်အသင်းပွဲကို မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲတွင် မော်လဒိုက်နိုင်ငံ၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။

 အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု (ဇ)အဖွင့်ပွဲများတွင် ဧရာ ၀တီအသင်းက လက်ရှိချန်ပီယံ မလေးရှားကလပ် ဂျိုဟိုးအသင်းကို ၈-၁ ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ထား ပြီး လာအိုတိုယိုတာအသင်းက အိန္ဒိယကလပ် ဘင်ဂါလာရူးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ ထားသည်။

ဧရာဝတီအသင်းနည်းပြချုပ် ဦးကျော်လွင်က အုပ်စုဒုတိယအနေဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အိမ်ကွင်းပွဲစဉ်များတွင် နိုင်ပွဲရရှိရန် ကြိုးပမ်းသွားမည် ဟု ပြောဆိုထားသည်။

‘‘လာအို တိုယိုတာ အသင်းဆိုတာ မြန်မာနိုင်ငံ ကလပ်အသင်း တွေနဲ့ မကြာခဏ ယှဉ်ပြိုင်ခဲ့ဖူးတာ ကြောင့် ကျွန်တော်တို့ ဘယ်လိုပုံစံ နဲ့ ကစားတတ်လဲဆိုတာ သူတို့သိ တယ်။ ဒီပွဲက ခက်ခဲတဲ့ပွဲစဉ်တစ် ပွဲဖြစ်လာမှာပါ။ ဒါပေမဲ့ ရမှတ်သုံးမှတ် ရရှိအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ အုပ်စုကျပ်ထဲ ကျ ရောက်နေပေမယ့် အုပ်စု ဒုတိယလောက်နဲ့ နောက်တစ်ဆင့် တက်ဖို့ မျှော်မှန်းထားပါတယ်’’ဟု ဧရာဝတီယူနိုက်တက် အသင်းတာဝန်ရှိသူ ကပြောသည်။

အုပ်စု (ဆ) အဖွင့်ပွဲများ၌ ရန်ကုန်အသင်းက ဟောင်ကောင်ကလပ် တောင်တရုတ်ကို ၂-၁ ဂိုး ဖြင့်လည်းကောင်း၊ အိန္ဒိယကလပ် မိုဟမ်ဘဂန်အသင်းက မာဇီယာ အသင်းကို ၅-၂ ဂိုးဖြင့်လည်း ကောင်း အနိုင်ရရှိထားသည်။ ရန် ကုန်အသင်းမှ အားထားရသည့် ကွင်းလယ်လူ ရန်အောင်ကျော်နှင့် နောက်ခံလူ သန်းထက်အောင်တို့ မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အုပ်စု ဒုတိယပွဲတွင် မပါဝင်နိုင်သေး၍ အနည်းငယ် ရုန်းကန်ရဖွယ် ရှိနေသည်။ သို့သော် ရန်ကုန်အသင်းအနေဖြင့် မော်လဒိုက်ကလပ် အသင်းများနှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်တိုင်း ရလဒ်ကောင်းများ ရယူထားနိုင်သည်။

 အေအက်ဖ်စီ ဖလားအုပ်စု အဖွင့်ပွဲများ အပြီးတွင် အုပ်စု(ဆ)၌ ရန်ကုန်အသင်းနှင့် မိုဟမ်ဘဂန် အသင်းတို့က ရမှတ်သုံးမှတ်စီ ရရှိ ထားသော်လည်း ဂိုးကွာခြားချက် အသာရရှိထားသည့် မိုဟမ်ဘဂန် အသင်းက ဦးဆောင်ထားသည်။ တောင်တရုတ်အသင်းနှင့် မာဇီ ယာ အသင်းတို့က ရမှတ်မရရှိ သေးဘဲ ဂိုးကွာခြားချက်အရ မာဇီ ယာအသင်းက အုပ်စုအောက်ဆုံး ၌ ရပ်တည်နေသည်။

အုပ်စု(ဇ)၌ ဂျိုဟိုးအသင်းနှင့် လာအိုတိုယိုတာအသင်းတို့က ရ မှတ်သုံးမှတ်စီရရှိထားသော်လည်း ဂိုးကွာခြားချက် အသာရရှိထား သည့် ဂျိုဟိုးအသင်းက ဦးဆောင် ထားသည်။ ဘင်ဂါလာရူးအသင်း နှင့် ဧရာဝတီအသင်းတို့က ရမှတ် မရရှိသေးဘဲ ဂိုးကွာခြားချက်အရ ဧရာဝတီအသင်းကအုပ်စုအောက် ဆုံး၌ ရပ်တည်နေသည်။

မြန်မာကလပ်များ ယှဉ်ပြိုင် ကြမည့် အေအက်ဖ်စီဖလားပွဲစဉ် များကို မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား (MRTV) မှ တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဖြစ်သည်။

Top News