ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြှောက် မွေးနေ့အထိမ်းအမှတ် " 71 Suu's solo photo show" ဓာတ်ပုံပြပွဲကို မင်္ဂလာမန္တလေး ရှိ သီရိအနုပညာပြခန်းတွင် ဇွန်လ ၃ ရက်မှ ၅ ရက်အထိ ၃ရက်ကြာ ပြသလျှက်ရှိသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ချိန်မှ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည့်အချိန်ထိ ဓာတ်ပုံဆရာ စောဖိုးခွား ရိုက်ကူးထားသော ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းဓာတ်ပုံ ၇၁ ပုံကို ပြသခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံပြပွဲမှ ဓာတ်ပုံ ရောင်းရငွေများကို ကယားပြည်နယ် ရှားတောဒေသဖွံ့ဖြိုးရေးအတွက် လှူးဒါန်းသွားမည်ဖြစ်ကြောင်း ဓာတ်ပုံဆရာ စောဖိုးခွားကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် လည်မည့် ဇွန်လ ၁၉ ရက်တွင် ၇၁ နှစ် ပြည့်မည်ဖြစ်သည်။
ဓာတ်ပုံ-ချမ်းဇော်အောင်