"မယ်ကမ္ဘာမြန်မာ ၂၀၁၆ အဖြစ် မြတ်သီရိလွင် ရရှိ "

ဓာတ်ပုံ-ဇွဲဥာဏ်

မယ်ကမ္ဘာမြန်မာ ၂၀၁၆ ပြိုင်ပွဲကို ဇွန်လ ၄ ရက်ညက ကျင်းပပြုလုပ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် အလှမယ် မြတ်သီရိလွင် (ခ) Bella က Winner ဆုရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် ဆန်ကာတင်အလှမယ် ၂၀ ဦးက မြန်မာဝတ်စုံ ၊ အားကစားဝတ်စုံ ၊ ညနေခင်းဝတ်စုံအပါအဝင် ဝတ်စုံငါးစုံဝတ်ဆင်အလှပြခဲ့ကြပြီး ဆန်ကာတင် ၂၀ မှ ဆန်ကာတင်ဆယ်ဦး ၊ဆန်ကာတင်ငါးဦး ၊ ဆန်ကာတင်သုံးဦးအဆင့်ဆင့် ရွေးချယ်၍ ဆုများပေးအပ်ခဲ့ခြင်းဖြစ်သည်။

1st Runner Up ဆုကို Mဂျာဆိုင်း ၊ 2nd Runner Up ဆုကို နန်းလှိုင်လှိုင်မိုး (ခ) လရိပ်ပြာကရရှိခဲ့ကြပြီး မယ်ကမ္ဘာမြန်မာ ၂၀၁၆ ဆုကို မြတ်သီရိလွင်က ရရှိခဲ့ကာ ၆၆ ကြိမ်မြောက်ပြုလုပ်မည့် မယ်ကမ္ဘာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ထို့ပြင် မြတ်သီရိလွင်သည် ပြိုင်ပွဲတစ်လျှောက် အမှတ်ပေးရွေးချယ်ခဲ့သည့် Miss Personality ဆု ရရှိခဲ့သလို ပရိသတ် Voting လည်း အများဆုံးရရှိခဲ့သူဖြစ်သည်။

အလှမယ်ပြိုင်ပွဲများ၏ ထုံးစံအတိုင်း ပြိုင်ပွဲရလာဒ်နှင့်ပတ်သတ်၍ ဝေဖန်မှုများရှိခဲ့သလို အလှမယ်များ ညနေခင်းဝတ်စုံနှင့် လမ်းလျှောက်အလှပြသည့်အချိန်တွင် လဲကျသူအချို့ရှိခဲ့သောကြောင့် ဝေဖန်မှုများလည်းရှိခဲ့သည်။


ဓာတ်ပုံ - ဇွဲဥာဏ်


ဓာတ်ပုံ - ဇွဲဉာဏ်