တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စင်ကာပူဝန်ကြီးချုပ် တွေ့ဆုံ

သမ္မတဦးထင်ကျော်၏ ဖိတ်ကြားမှူဖြင့် ဇွန်လ ၇ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် စင်္ကာပူနိုင်ငံဝန်ကြီးချုပ်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇွန် လ ၈ရက်)နံနက်ပိုင်းက
နေပြည်တော်ရှိ Park Royal Hotel တွင် နာရီဝက်ကျော်ကြာ လက်ခံတွေ့ဆုံခဲ့သည်။ စင်္ကာပူနိုင်ငံဝန်ကြီးချုပ်သည် ယမန်နေ့(ဇွန်လ ၇ ရက်)က သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ဓာတ်ပုံ-ပိုင်စိုးသူ