"မင်းပြားတွင် လေဆင်နှာမောင်း တိုက်"

ဓာတ်ပုံ - မောင်ကံ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတွင် ဇွန်လ ၉ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်ကာ လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်၍ လူနေအိမ်သုံးဆယ်ကျော်မှာ ခေါင်းမိုးလန်၊ ထရံကွာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ကျောက်ခုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

``မိုးအရမ်းရွာနေတော့ လေဆင်နှာမောင်းဝင်လာတဲ့အသံကိုတောင် မကြားလိုက်ရပါဘူး´´ဟု လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် နေအိမ်ပျက်စီးသွားသူများမှာ ဘေးလွှတ်ရာနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း သိရသည်။