ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ခြံဝင်းတွင် ၀ါးအလုံးရေ ၁၄၀ ကျော်ပါရှိသော နားနေဆောင်ကို ၀ါးစိုက်ပျိုးရေးအသင်း ဆောက်လုပ်ပေး

ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းအတွင်း ဝါးဖြင့်ဆောက်လုပ်ထားသည့် နားနေဆောင်(ဓာတ်ပုံ−မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း)

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံဝင်းအတွင်း ၀ါးဖြင့်ပြုလုပ်သည့်နားနေ ဆောင်နှစ်ခုကို မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းက ဆောက်လုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး အိမ်ရာခြံအမှတ်- (၃၃)တွင် အနားယူအပန်းဖြေနိုင်ရန် ၀ါးဖြင့်ပြုလုပ်သည့် နားနေဆောင်တစ်ခုကို မေလက ဆောက်လုပ်ခဲ့ပြီး ခြံဝင်းအတွင်း၌ပင် နားနေဆောင်တစ်ခုကို ထပ်မံဆောက်လုပ်နေကြောင်း မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။

 ‘‘ ၀ါးအသုံးပြုတဲ့ နားနေ ဆောင်တည်ဆောက်ပေးတာက အိမ်တော်ညွှန်ကြားချက်နဲ့ဆောက် လုပ်ဖို့ဖြစ်လာတာပါ။ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူအနိုင်ရတဲ့ ကော့မှူးက ၀ါးအ ရမ်းပေါတဲ့ဒေသဖြစ်တဲ့အတွက် ၀ါးတွေကို တန်ဖိုးရှိအောင်လုပ်ဖို့ စိတ်ဝင်စားပုံရပါတယ်’’ဟု ဦးကျော်ဝင်းက ပြောသည်။


 ယင်းနားနေဆောင်များ သည် အဋ္ဌဂံပုံစံဖြင့် အလျား ၈ပေ ပတ်လည်ရှိပြီး အလယ်စားပွဲနှင့် ထိုင်ခုံပါဝင်၍ လူငါးဦးကျယ်ဝန်း စွာ အသုံးပြုနိုင်သည်ဟု ဆိုသည်။

ယင်းနားနေဆောင်များကို ၀ါးပိုးဝါးနှင့် ထီးရိုးဝါး အလုံးရေ ၁၄၀ အသုံးပြုခဲ့ရပြီး တန်ဖိုးကျပ်ခုနစ်သိန်းခန့်ကျသင့်သည်။

မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေး အသင်းက ၀ါးအသုံးပြုသည့် အ ဆောက်အအုံများကို ဒီဇိုင်းထွင်၍ ပြင်ပ၌ ဆောက်လုပ်ပေးနေသော် လည်း အစိုးရအဖွဲ့ဝင်များ ကမ်းလှမ်းမှုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်းပထမဦးဆုံးတည်ဆောက်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ယင်းခြံဝင်းအတွင်းမှာပင် ၀ါးတံတားတစ်ခုကိုလည်း ထပ်မံ တည်ဆောက်ရန်ရှိကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။