ဆီးရီးယားသမ္မတ အာဆတ်နှင့် တွေ့ဆုံခြင်း

‘‘ပြင်ပကိစ္စတွေရှိနေတဲ့အခါ အဲဒီပဋိပက္ခဟာ ဆက်ဖြစ်နေဦးမှာပါပဲ’’
Khalil Ashawi/REUTERS

 အေပီသတင်းဌာနက ဒမတ် စကတ်စ်မြို့လယ်မှာရှိတဲ့ သမ္မတ အိမ်တော်မှာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


ဆီးရီးယားအပစ်အခတ်ရပ်စဲရေး နဲ့ ပတ်သက်လို့ ပြောရင်းနဲ့ ကျွန် တော်စမေးပါမယ်။ ရုရှား၊ အမေရိ ကန်နှင့် နိုင်ငံအတော်များများက လတ်တလောအကြမ်းဖက် တိုက်ခိုက်တာတွေနဲ့ အငြင်းပွားတာ တွေရှိခဲ့ပေမယ့်လည်း အပစ်ရပ် သဘောတူညီမှုကို ပြန်အသက်သွင်းနိုင်မယ်လို့ ပြောဆိုနေကြ တယ်။ အဲဒါကိုခင်ဗျားသဘောတူ ပါသလား။ ထပ်ပြီးကြိုးစားကြည့် ဖို့ ပြင်ဆင်ထားပါသလား။

ဘယ်စစ်ဆင်ရေးကိုမဆို (ဒါ မှမဟုတ်) အပစ်အခတ်ရပ်စဲရေး လို့ ပြောချင်လည်းပြော၊ ကျွန်တော် တို့ ကတိပေးဆောင်ရွက်ဖို့ အ သင့်ရှိတယ်ဆိုတာ ကြေညာထား ပါတယ်။ ဒါပေမဲ့ ဆီးရီးယား (ဒါမှ မဟုတ်) ရုရှားနဲ့ မဆိုင်ဘူး။ အမေ ရိကန်နိုင်ငံနဲ့ အိုင်အက်စ်၊ အယ်လ်နူဆရာ၊ အယ်လ်ကိုင်ဒါ၊ တူရကီ၊ ဆော်ဒီအာရေးဗီးယားတို့နဲ့ ဆက် နွှယ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေ နဲ့ ဆိုင်တာပါ။ သူတို့ကတိမပေး ဘူးဆိုတာ လူသိရှင်ကြားကြေညာ ထားတယ်။ ဆီးရီးယားမှာ စစ်ဆင် ရေးတွေရပ်ဖို့ ကြိုးစားတာ အခု ပထမဆုံးအကြိမ်မဟုတ်ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အရင်ဆုံးကြိုး စားခဲ့တယ်။ အမေရိကန်ကြောင့်  မအောင်မြင်ခဲ့တာလို့ ကျွန်တော် ထင်တယ်။ အမေရိကန်ဟာ ဆီး ရီးယားမှာ အကြမ်းဖက်တိုက်ခိုက် မှုတွေ အဆုံးသတ်ချင်တာနဲ့ ပတ် သက်လို့ သဘောရိုးမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။

ဆီးရီးယားစစ်တပ်ကို ညွန့်ပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့တာဟာ မတော်တဆလို့ အမေရိကန်က ပြောတယ်။ အဲဒီရှင်းပြချက်ကို ခင်ဗျားလက်ခံပါသလား။

ဟင့်အင်း၊ အဲဒါမတော်တ ဆမဟုတ်ဘူး။ အဲဒါဟာ တစ်ကြိမ် တည်းလေယာဉ်တစ်စီးတည်းက တိုက်ခိုက်ခဲ့တာ မဟုတ်လို့ပဲ။ ဆီး ရီးယားတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို လေယာဉ်လေးစီးက တစ်နာရီ နီးပါးကြာအောင် တိုက်ခိုက်ခဲ့တာ ပါ။ ဒါကြောင့် အဲဒါဟာ သူတို့ ပြောသလို မရည်ရွယ်ဘဲ တိုက် ခိုက်တာမဟုတ်ဘဲ ရည်ရွယ်ရှိရှိ တိုက်ခိုက်တာ အသေအချာပါပဲ။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ၊ ဗီဒီယိုတွေနဲ့ သက် သေခံထွက်ဆိုချက်တွေရှိနေပေ မယ့်လည်း ဓာတုလက်နက်တွေ၊  စည်ပိုင်းဗုံးတွေ အသုံးပြုတယ်ဆို တာကို ခင်ဗျားတို့ အစိုးရက ငြင်း ဆိုထားတယ်။ အရပ်သားတွေ၊ ဆေးဘက်ဆိုင်ရာ လုပ်သားတွေ အပေါ် လေကြောင်းတိုက်ခိုက်တာ တွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလိုငြင်းဆိုတာတွေ ကြုံနေရပါ တယ်။ အဲဒီစွပ်စွဲချက်တွေအားလုံး ဟာ ခင်ဗျားရဲ့ ပြိုင်ဘက်တွေရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေဖြစ်နိုင် သလား။

အရင်ဆုံးပြောရရင် ဆီးရီး ယားမှာ ဓာတ်ငွေ့အသုံးပြုပြီးတိုက်ခိုက်တဲ့ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်ကျော်က အလက်ပိုမြို့မှာဖြစ်ခဲ့တာပါ။ ပြီးတော့ ဓာတုလက်နက်အသုံးပြုတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် ကိုယ်စား လှယ်အဖွဲ့စေလွှတ်ဖို့ ကုလသမဂ္ဂ မှာ တောင်းဆိုခဲ့တာဟာ ကျွန်တော်တို့ပဲဖြစ်ပါတယ်။ စုံစမ်းစစ် ဆေးတာတွေရှိလာရင် ဆီးရီးယား အစိုးရမဟုတ်ဘဲ အကြမ်းဖက်သ မားတွေ ဓာတ်ငွေ့သုံးတာကို သိရှိ သွားမှာ ဖြစ်တဲ့အတွက် အမေရိ ကန်က အဲဒါကို ကန့်ကွက်ခဲ့ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဓာတ်ငွေ့အသုံးပြုခဲ့တယ်ဆိုရင် စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့မှာ မဟုတ်ဘူး။

နိုင်ငံတကာ အသိုင်းအ၀ိုင်းအ တွက်တော့ စွဲချက်တွေ (ဒါမှမ မဟုတ်) စွပ်စွဲချက်တွေတစ်ခုမှ အရာမရောက်ပေမယ့် အားလုံးပဲ ငြင်းပယ်ခံရပုံပေါ်ပါတယ်။ ဒီမှာ ခင်ဗျားရဲ့ အစိုးရပြောတာက အား  လုံးအဆင်ပြေတယ်တဲ့။ အဲဒါဟာ ယုံကြည်မှုကို ယုတ်လျော့စေ တယ်လို့ ခင်ဗျားခံစားမိလား။ တ ခြားဥပမာတွေအနေနဲ့ အမေရိ ကန်က ဆီးရီးယားစစ်တပ်ကို တိုက်ခိုက်တာဟာမှားပြီး တိုက် ခိုက်တာလို့ ၀န်ခံထားတယ်။ အခု ခင်ဗျားက အဲဒါကို လက်မခံဘူး။ ဒါပေမဲ့ ဆီးရီးယားအစိုးရဆီက နိုင်ငံတကာအသိုင်းအ၀ိုင်းကြား နေရတာက ငြင်းဆိုမှုပဲဖြစ်ပါ တယ်။

ဘယ်ကိစ္စနဲ့ ပတ်သက်ပြီး တော့လဲ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စည်ပိုင်းဗုံး အသုံးပြုတာတွေနဲ့ ပတ်သက်လို့ . . . ။

မှားတဲ့အကြောင်း ပြောချင် တယ်ဆိုရင်တော့ နိုင်ငံတိုင်း၊ အစိုးရတိုင်း၊ လူတိုင်းမှာ အမှားတွေရှိကြတယ်။ စစ်ပွဲတစ်ပွဲကြုံနေတဲ့အ ခါမှာ အမှားပိုများတာပေါ့။ အဲဒါ က သဘာဝဆန်တဲ့ ကိစ္စပဲ။ ဒါပေမဲ့ အဲဒီစွပ်စွဲတာတွေက ဆီးရီးယားနဲ့ ပတ်သက်တဲ့ အခြေခံအချက်တွေ မဟုတ်ပါဘူး။ စည်ပိုင်းဗုံးတွေလို့ ပြောတာဟာ လူတွေကို ဘယ်သူ ဘယ်ဝါမခွဲဘဲ သတ်ပစ်ဖို့ အရမ်း ယုတ်မာတဲ့ နည်းလမ်းတစ်ခုခုကို  ဖော်ပြချင်တဲ့အတွက် သူတို့ပြော ဆိုနေတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဗုံးက ဗုံးပါပဲ။ ဗုံးအားလုံးက လူ တွေသေဆုံးစေဖို့ပဲဖြစ်ပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့ အ ကြမ်းဖက်သမားတွေအတွက် ဗုံး ကို သုံးသလို အသုံးပြုပုံပဲ ကွာခြား တာပါ။

ဆီးရီးယားနိုင်ငံသားထောင်နဲ့ ချီပြီးတော့ နိုင်ငံထဲကနေ ထွက်ပြေး နေကြပြီး လူတွေအများကြီးလမ်း မှာ ရေနစ်သေကြတယ်။ သူတို့ တွေ အများစုကပြောတာက ခင် ဗျားရဲ့ တပ်ဖွဲ့တွေကြောင့် ပြေးရ တာလို့ ပြောကြတယ်။ သူတို့ကို ဘယ်သူဘယ်ဝါမခွဲခြားဘဲ တိုက် နေတာ အကြမ်းဖက်နေတာမရှိ ဘူးဆိုရင် သူတို့ဘာကြောင့်ထွက် ပြေးနေကြတာလဲ။

ဆီးရီးယားမှာ ဖြစ်နေတဲ့ စစ် မှန်တဲ့ အခြေအနေကို ကြည့်ရပါ မယ်။ ကျွန်တော်တို့ အကြမ်းဖက် သမားတွေဆီကနေ ဘယ်မြို့ဘယ်ရွာကိုမဆို လွတ်မြောက်အောင်  လုပ်လိုက်တဲ့အချိန်မှာ သူတို့ အဲဒီ  နေရာကို ပြန်သွား
ကြလိမ့်မယ်။ အဲဒီဒေသကို အတိုက်အခံတွေ၊ အကြမ်းဖက်သမားတွေ တိုက်ခိုက်လာတဲ့အခါ သူတို့ဘာလို့ထွက် ပြေးကြတာလဲ။ သူတို့ဟာ အစိုးရ ကြောင့် ဆီးရီးယားက ထွက်သွား ကြတယ်ဆိုတာ မမှန်ပါဘူး။ အဲဒီ စွပ်စွဲချက်တွေက အစိုးရဟာ ပြည် သူတွေကို သတ်နေတယ်။ အကြမ်းဖက်သမားတွေ၊ အယ်လ်ကိုင်ဒါ အဖွဲ့၊ အယ်လ်နူဆရာအဖွဲ့နဲ့ တ ခြားအယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ် တဲ့ အဖွဲ့တွေက အရပ်သားတွေ ကို ကာကွယ်နေ
တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေဟာ မမှန်ပါဘူး။

နိုင်ငံတွင်းက ထွက်ပြေးသွားကြ တဲ့ ဆီးရီးယားနိုင်ငံသားတွေကို ခင်ဗျားဘာသတင်းစကားပေးချင် လဲ။ တချို့တွေ ခရီးရောက်အောင် မသွားနိုင်ခဲ့ကြဘူး။ တခြားလူတွေ ကတော့ ရောက်သွားခဲ့ကြတယ်။ သူတို့ကို ပြန်လာဖို့ ခင်ဗျားတိုက်တွန်းသလား၊ သူတို့ပြန်လာကြ မယ်လို့ မျှော်လင့်လား။

တကယ်ပဲ အဲဒါဟာ ဆုံးရှုံးမှု တစ်ခုပါ။ ကြီးမားတဲ့ ဆုံးရှုံးမှုတစ် ခုပါ။ အခြေခံအဆောက်အအုံ (ဒါ မှမဟုတ်) အဆောက်အအုံတွေ (ဒါမှမဟုတ်) ပစ္စည်းတွေ ဆုံးရှုံး တာမဟုတ်တဲ့အတွက် ဘယ်နိုင်ငံ အတွက်မဆို အဆိုးရွားဆုံးဆုံးရှုံး မှုဖြစ်တဲ့ လူသားရင်းမြစ်ဆုံးရှုံးမှု ပဲဖြစ်ပါတယ်။ ဆီးရီးယားဆီကို ပြန်လာတာ ကျွန်တော်တို့မြင်တွေ့ချင်တဲ့ဟာတစ်ခုပါ။ ဆီးရီးယား မှာ လုံခြုံပြီးတော့ အခြေအနေပုံ မှန်ဖြစ်သွားရင် ရှင်သန်နေထိုင်ဖို့ အနည်းဆုံးလိုအပ်ချက်တွေကို သူ တို့တတ်နိုင်လာမယ်ဆိုရင် သူတို့ ပြန်လာကြမယ်ဆိုတာ ကျွန်တော် သေချာပြောနိုင်ပါတယ်။ ကျွန် တော်ဒါနဲ့ ပတ်သက်လို့ မစိုးရိမ်ပါ ဘူး။

အဲဒါဘယ်တော့ဖြစ်လာမလဲ။ ဆီး ရီးယားနိုင်ငံသားတွေ ပြန်လာနိုင် မယ့် အခြေအနေတချို့အထိ ဆီး ရီးယားငြိမ်းချမ်းသွားမယ့် အချိန် မျိုး ခင်ဗျားမျှော်လင့်ထားလား။

ဆီးရီးယားပြည်တွင်းရေး ကိစ္စတွေအတိုင်း အဲဒါကို ကြည့် မယ်ဆိုရင်တော့ မကြာခင်ဖြစ်လာ မယ်လို့ ကျွန်တော်ပြောမယ့် လအနည်းငယ်ပေါ့။ အဲဒါကျွန်တော် သေချာသိပါတယ်။ ပုံကြီးချဲ့ပြော တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကို ကမ္ဘာလုံးဆိုင်ရာပဋိပက္ခတစ်ခု၊ ဒေသဆိုင်ရာပဋိပက္ခတစ်ခုအနေနဲ့ ပြောမယ်ဆိုရင် ထိန်းချုပ် လို့ မရနိုင်တဲ့ ပြင်ပကကိစ္စတွေ အများကြီးရှိနေတဲ့အခါမှာ အဲဒီပဋိပက္ခဟာဆက်ပြီး ဖြစ်နေဦးမှာ ပါပဲ။ ပြီးတော့ ဘယ်တော့ငြိမ်း ချမ်းလာမယ်ဆိုတာကို ကမ္ဘာမှာ ဘယ်သူမှာ မပြောနိုင်ဘူး။ ဒါပေမဲ့ အကြမ်းဖက်သမားတွေကို တိုက်ရိုက်ထောက်ပံ့ကူညီနေကြတဲ့ နိုင်ငံတွေ၊ အစိုးရအဖွဲ့တွေနဲ့ အရာရှိတွေကတော့ ပြောနိုင်ပါလိမ့် မယ်။ သူတို့ဟာ အဲဒီအကြမ်းဖက် သမားတွေကို ထောက်ပံ့ကူညီနေတာ ဘယ်အချိန်ရပ်ရမယ်ဆို တာ သိကြတဲ့အတွက် သူတို့ပဲ ဘယ်အချိန်ငြိမ်းချမ်းမလဲသိပါ တယ်။ ဒါဟာဆီးရီးယားမှာဖြစ်နေ တဲ့ အခြေအနေကို တကယ့်အ တားအဆီးတွေ မပါဘဲ ဖြေရှင်းရ မယ့်နေရာပဲဖြစ်ပါတယ်။

ဒါဆိုဒီကိစ္စကိုပဲဆက်ပြီး ခဏ လောက်ပြောကြည့်ရအောင်။ ခင် ဗျားပြောတဲ့အတိုင်း ဖြစ်ခဲ့မယ်ဆို ရင် ဆီးရီးယားမှာဖြစ်နေတဲ့ အ ခြေအနေတွေဟာ နှစ်လအတွင်း ပြောင်းလဲသွားပြီး ဒုက္ခသည်တွေ ပြန်လာနိုင်မယ်လို့ ခင်ဗျားယုံ ကြည်သလား။

ဟင့်အင်း။ အာဒိုဂန်နဲ့ အမေ ရိကန်အစိုးရ၊ပြီးတော့ ခြုံပြောရမယ်ဆိုရင် အနောက်တိုင်းအစိုးရအဖွဲ့တွေ၊ ပြီးတော့ဆော်ဒီအာရေးဗီးယားနဲ့ ကာတာနိုင်ငံတို့ဟာ နှစ်လအ တွင်းမှာ အကြမ်းဖက်သမားတွေ ကို ထောက်ပံ့ကူညီနေတာ ရပ် လိမ့်မယ်လို့ ကျွန်တော် မယုံကြည် ဘူး။ လာမယ့်နှစ်လအတွင်း အဲဒီလိုဖြစ်မယ်လို့ ကျွန်တော် မမြင်မိဘူး။

ဒါဆိုခင်ဗျားပြောတဲ့အတိုင်း နှစ်လအတွင်းမှာ ဆီးရီးယားနိုင်ငံသား တွေပြန်လာဖို့ ခင်ဗျားဘယ်လို တကယ်စေ့ဆော်နိုင်မလဲ။

ပြင်ပကိစ္စတွေ မရှိရင်လို့ ကျွန်တော်ပြောခဲ့တယ်။ သီးခြား ကိစ္စတစ်ခုအနေနဲ့ ကြည့်ရင်၊ ဆီး ရီးယားအရေးကိစ္စအနေနဲ့ ကြည့် ရင်လို့ ကျွန်တော်ပြောခဲ့တာပါ။ သီအိုရီအရ ဒါဟာလအနည်းငယ် အတွင်း ဖြေရှင်းလို့ရနိုင်တဲ့ အနေ အထားပါ။ ဒါပေမဲ့အခုခင်ဗျား  ပြောနေတာက နိုင်ငံတကာ၊ ဒေသ ဆိုင်ရာလုပ်ရပ်တွေ ပါနေတဲ့ ကိစ္စ တစ်ခုကို ပြောနေတော့ သီးခြား ကိစ္စကို ပြောတာမဟုတ်တဲ့အ တွက် အဲဒီပဋိပက္ခဘယ်တော့ အဆုံးသတ်မယ်ဆိုတာ ဘယ်သူ့ မှာမှ အဖြေမရှိဘူးလို့ ကျွန်တော် ပြောတာပါ။

ဒီစစ်ပွဲမှာ ရုရှားဝင်ပါလာတာ ခုဆို တစ်နှစ်ရှိပါပြီ။ အဲဒီကြားဝင် ဖြေရှင်းမှုမတိုင်ခင် ခင်ဗျားတို့ နယ်မြေတွေ၊ ထိန်းချုပ်နိုင်မှုတွေ ဆုံးရှုံးခဲ့တယ်။ ခင်ဗျားစစ်ပွဲရှုံးနေသလို ခံစားခဲ့ရပါသလား။

ကျွန်တော်တို့ အဲဒါကို အဲဒီပုံစံမျိုးမကြည့်ဘူး။ စစ်ပွဲရှုံးတယ် လို့ မမြင်ဘူး။ အကြမ်းဖက်သမား တွေနဲ့ ဆီးရီးယားနိုင်ငံသားတွေ ပူးပေါင်းနေပြီဆိုရင် ဒါဟာဆုံးရှုံးမှု ပါပဲ။

ကျွန်တော်ရဲ့ နောက်ဆုံးမေးခွန်း ပါ။ ခုဆိုအမေရိကန်ရွေးကောက် ပွဲကျင်းပဖို့ သီတင်းပတ်နည်းနည်း ပဲ လိုပါတော့တယ်။ ကလင်တန် (ဒါမှမဟုတ်) ထရန့်သမ္မတဖြစ် လာတာဟာ ဆီးရီးယားအပေါ် အမေရိကန်ရဲ့ မူဝါဒ ဘယ်လို ပြောင်းလဲသွားမယ်လို့ ခင်ဗျားမျှော်လင့်ပါသလဲ။ အထူးသဖြင့်ခင်ဗျားအပေါ်ကိုပေါ့။

အမေရိကန်ကိုယ်စားလှယ် လောင်းတွေမှာ သမ္မတဖြစ်တာနဲ့ ပတ်သက်လို့ ပြဿနာရှိတာက ကျွန်တော်မဲဆွယ်တာ (ဒါမှမ ဟုတ်) ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပဲ ပြောတာ မဟုတ်ဘူး။ အလုံး စုံခြုံပြောရမယ်ဆိုရင် သူတို့ဟာ မဲ ဆွယ်ကာလမှာ တစ်ခုပြောတယ်။ မဲဆွယ်ပြီးနောက်မှာ အဲဒါနဲ့ ဆန့် ကျင်ဘက်ကို သူတို့လုပ်ကြတယ်။ အခု အမေရိကန်အရာရှိတွေကို ကျွန်တော်တို့ မြင်တွေ့နေရသလို ပဲ။ သူတို့မနက်ပိုင်းမှာ တစ်ခုပြော ပြီး ညနေပိုင်းမှာ
အဲဒါနဲ့ ဆန့်ကျင် ဘက်ကို သူတို့လုပ်ကြတယ်။ ဒါ ကြောင့် ဒီလူတွေကို သူတို့ပြော စကားအတိုင်း အကဲဖြတ်လို့မရ ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ရဲ့ ပြောစကားကို ကြည့်ပြီး သူတို့ကို လက်ခံလို့မရဘူး။ သူတို့ သမ္မတ
ဖြစ်လာတဲ့အထိ ကျွန်တော်တို့စောင့်ကြည့်ရမယ်။ သူတို့ရဲ့ မူဝါဒ၊ လုပ်ရပ်တွေ၊ အပြုအမူတွေ ကို ကျွန်တော်တို့ စောင့်ကြည့်ရ မယ်။ ကျွန်တော်တို့မှာ မျှော်လင့် ထားတာ အများကြီးမရှိပါဘူး။ လုံးဝမရှိခဲ့ဘူး။ သဘောထား
ရှင်းလင်းတဲ့ အမေရိကန်သမ္မတတွေ၊   မျှတတဲ့ နိုင်ငံတကာဥပဒေကို နာ ခံတဲ့ နှစ်ဦးနှစ်ဖက်လေးစားမှုနဲ့ တခြားနိုင်ငံတွေနဲ့ ညှိနှိုင်းတဲ့ စသည်ဖြင့်ပေါ့။ အဲဒီလိုကျွန်တော် တို့ မျှော်လင့်ထားပါတယ်။ ဒါပေ မဲ့ အဲဒါဟာ ဆန္ဒအပြည့်နဲ့ တွေး နေတာ။ စိတ်ကူးအိပ်မက်ပဲဆိုတာ ကို ကျွန်တော်တို့ အားလုံးသိကြပါတယ်။

—Ref:Full Transcript of AP interview with Syrian President
 

Top News