ဗြိတိန်ကာကွယ်ရေးဝန်ကြိး မိုက်ကယ်ဖော်လွန်နှင့် တွေ့ဆုံခြင်း

နေတိုးအဖွဲ့ဟာ ကျွန်တော်တို့ ကာကွယ်ရေးရဲ့ အခြေခံအုတ်မြစ်ပါ

ဘော်လ်တစ်ဒေသမှာ နေတိုးအဖွဲ့ ရဲ့ လေပိုင်နက်ကို ရုရှားတွေက သွေးတိုးစမ်းနေပါတယ်။ သူတို့ က အရေးပါတဲ့ ဒုံးကျည်တွေပြန် ချထားပြီးတော့ ရှေ့တိုးလုပ် ဆောင်နေပြီး နျူကလီးယားစစ်ပွဲ ဖြစ်ဖို့ နီးလာပြီဆိုတာ သတိပေး ထားပါတယ်။ လွှတ်တော်အမတ်  ဘောရစ်ဂျွန်ဆင်ရဲ့ ပြောစကား အရ ရုရှားဟာ ဆီးရီးယားနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေ တယ်လို့ ဆိုပါတယ်။ အတိုပြော ရမယ်ဆိုရင် စိုးရိမ်နေတဲ့ အပြုအမူတွေထက် ကျော်လွန်
ပြီးတော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ မစ္စတာ ဖော်လွန်နဲ့ ကျွန်တော် အမေးအဖြေလုပ်ပါမယ်။ အဲဒါဟာ ကျွန်တော်တို့ စိုးရိမ်နေတဲ့ အပြုအမူတွေပြသနေပြီးတော့ ကန့်ကွက်နေရုံ သက်သက်လား။


ဟင့်အင်း . . .။ နေတိုးအဖွဲ့ အင်အားတောင့်တင်းအောင် ကျွန် တော်တို့ အခုအများကြီးလုပ်နေ ပါတယ်။ ကျွန်တော်တို့ လုပ်တာ မှန်တယ်လို့ ကျွန်တော်ထင်တယ်။ ပိုလန်နဲ့ လစ်သူယေးနီးယားကြား ဘော်လ်တစ် ကမ်းရိုး တစ်လျှောက် ဘာလင်မြို့နဲ့ အရမ်းနီးတဲ့ ကာလီ နင်ဂရက်ဒေသမှာ အခုဒုံးကျည် တွေချထားတာမြင်ရလို့ရှိရင် လာ မယ့်နှစ်မှာ ပိုလန်နဲ့ အက်စ်တိုနီး ယားနိုင်ငံတွေဆီ တပ်ဖွဲ့ဝင်တွေ ချထားဖို့နဲ့ ကျွန်တော်တို့ကိုယ်တိုင်
ပြည့်မီအောင် လုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဝင် ၂ ရာခိုင်နှုန်းချထားရေး ရည်မှန်းချက်ပြည့်မီအောင် လုပ် ဖို့ နေတိုးအဖွဲ့ဝင်တခြားနိုင်ငံ တွေကို တွန်းအားပေးဖို့ အစီအစဉ် တွေကို နောက်ထပ်သေချာစေဖို့ သဘောတူတာဟာ ကျွန်တော်တို့ မှန်ခဲ့ပါတယ်။

ကျွန်တော်ခဏလောက် နောက် ဆုတ်ပြီးတော့ မစ္စတာပူတင်နဲ့ ရုရှားရဲ့ လက်ရှိလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကို မေး လို့ရမလား။ ဘာလို့လဲဆိုတော့ နေရာတိုင်းကို ကြည့်လိုက်ရင် ရုရှားက ကျွန်တော်တို့ကို ဆန့် ကျင်လုပ်ဆောင်နေတယ်။ သူတို့ ဟာ ကျွန်တော်တို့လေပိုင်နက်ထဲ လာပြီး ကျွန်တော်တို့ကို စိန်ခေါ် တယ်။ ပထမဆုံးအကြိမ်အနေနဲ့ အမေရိကန်က သူတို့ရွေးကောက် ပွဲမှာကြားဝင်စွက်ဖက်နေတယ်လို့ ရုရှားကို စွပ်စွဲထားတယ်။ စစ်အေး ခေတ်မှာ ကြုံခဲ့ရတဲ့ အခြေအနေ တွေနောက်ပိုင်း ရုရှားနိုင်ငံနဲ့ ရုရှား ခေါင်းဆောင်တို့နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ခက်ခဲတဲ့အနေအ ထားမျိုးကို ကျွန်တော်တို့ မရောက်ခဲ့သလို ခံစားနေရတယ်။

အဲဒါအရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။ အများကြီးပိုရန် လိုလာတဲ့ ရုရှားကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ အနောက် တိုင်းမှာ ကျွန်တော်တို့အတွက် ရုရှားဟာ လက်တွဲဖော်တစ်ဦး ဖြစ်လာမယ်လို့ ကျွန်တော်တို့
မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ရုရှားဟာ ပြိုင်ဘက်တစ်ဦးဖြစ်လာဖို့ ဆုံး ဖြတ်ခဲ့တာ ရှင်းလင်းပါတယ်။ ဘာ သာရေးအစွန်းရောက်စစ်သွေးကြွ တွေကို ကူညီတိုက်ခိုက်ရာမှာ သူ တို့ပါဝင်လာမယ်လို့ အစမှာ သူတို့ မှန်မှန်ကန်ကန်
ပြောခဲ့ကြတယ်။ သူတို့အဲဒါကို မလုပ်သေးဘူး။ သူ တို့ဟာ အာဆတ်က သူ့ရဲ့ ပြည်သူ တွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ ပါ ၀င်ကူညီနေတယ်။ ပင်လယ်နက် မှာ သူတို့ဟာ သူတို့ရဲ့ အင်အား ကို ဆန့်ထုတ်ပြတယ်။ ခရိုင်းမီး ယားဒေသမှာ သူတို့စစ်အင်အား သုံးခဲ့တယ်။ ဘောလ်တစ်နိုင်ငံတွေ   အပေါ် ဖိအားရှိလာတာ ကျွန် တော်တို့မြင်တွေ့ခဲ့ရတယ်။ ပြီး တော့ ရွေးကောက်ပွဲတွေမှာ သူတို့ ကြားဝင်စွက်ဖို့ ကြိုးစားတယ်။ ပြီး တော့ သူတို့ ယူကရိန်း လက်တွဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ နယ်သာလန်လူထုဆန္ဒခံယူပွဲမှာ ကြားဝင်စွက်ဖို့တောင် ကြိုးစားခဲ့ ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ခင်ဗျားလည်း ကောင်းကောင်းသိကျွမ်းတဲ့ ဆာ ရစ်ချက်ဒ်ဒန်းနက်က ပြောပါ တယ်။ ကျွန်တော်တို့ဟာ ကြီးကြီး မားမားလှုပ်ရှားသူတစ်ဦးဖြစ်ဖို့ ကြိုးစားနေပေမယ့် ကျွန်တော်တို့ အရင်က အချိန်အကြာကြီးရှိခဲ့တဲ့ ရင်းမြစ်တွေလိုမျိုး လျှော့ချမှုတွေ ဟာ ကာကွယ်ရေးဝန်ကြီးတစ် ယောက်အနေနဲ့ ခင်ဗျားမှာ ပြန် တည်ဆောက်ရမယ့် အရာတွေ အများကြီးရှိနေတာတောင် အရမ်းများပြားနေပါတယ်။

အင်း . . .  ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ကာ ကွယ်ရေးအသုံးစရိတ်အများဆုံး နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာမှာ အ ကောင်းဆုံးလက်နက်ကိုင်တပ် တွေထဲက တချို့ရှိပါတယ်။ ပြီး တော့ ကျွန်တော်တို့ဟာ နိုင်ငံတကာ အခန်းကဏ္ဍတစ်ခုမှာ ဆက် လက်ပါဝင်လုပ်ဆောင်ဖို့ ဆုံးဖြတ် ထားတယ်။ အခုကျွန်တော်ဆုံခဲ့ဖူး တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း တိုင်း ပြောတာက ခင်ဗျားသိ လား။ သူတို့က ငါတို့ပိုပြီး သုံးခဲ့ရ မယ်လို့ ပြောနေတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်က ကင်မရွန်းအစိုးရ လက်ထက်မှာ ဘဏ္ဍာရေးအခက် အခဲကြုံနေတဲ့ အချိန်မှာ ဒီအစိုးရ ရဲ့ အောင်မြင်မှုပဲလို့ ကျွန်တော် ထင်တယ်။ အခုတစ်ခါထပ်ပြီး ကာကွယ်ရေးအသုံးစရိတ်ပိုများ လာပြီး ကျွန်တော်ရဲ့ ဘတ်ဂျက် ပမာဏဟာ ဧပြီလက မြင့်တက် သွားခဲ့တယ်။ ဒီလွှတ်တော်ရဲ့ နှစ် စဉ်နှစ်တိုင်းမှာ အဲဒီဘတ်ဂျက်ဟာ မြင့်တက်လာပါလိမ့်မယ်။ ပြီး တော့ကျွန်တော်တို့ ၂ ရာခိုင်နှုန်း ပြည့်မီပါလိမ့်မယ်။

လုံးဝကို အကျည်းတန်တဲ့ မြင်ကွင်း တွေဖြစ်နေတဲ့ အလက်ပိုမြို့မှာ ကလေးတွေကို တိုက်ခိုက်တာတွေ၊ ခေါင်းဖြတ်အသတ်ခံရတာတွေ ဖြစ်နေပါတယ်။ တိုက်ခိုက်ရေး သမားမဟုတ်တဲ့ အမျိုးသမီးတွေ အားလုံးလိုမျိုး အသတ်ခံ နေရတယ်။ ကျွန်တော်တို့ စိုးရိမ်နေတဲ့ အပြုအမူမျိုးဖော်ပြနေတာ ကုလ သမဂ္ဂမှာ ကန့်ကွက်နေတာတွေ ကလွဲပြီး အဲဒီလူတွေကို ကူညီဖို့ ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဘာများလုပ်နိုင်ပါမလဲ။

အင်း . . .  ကျွန်တော်တို့ ကုလ သမဂ္ဂမှာ လုပ်ဆောင်နေတယ်။ တကယ်ပဲ ဆုံးဖြတ်ခွင့်မူကြမ်း တစ်ရပ်ကို နောက်ရက်မှာ ရုရှား က ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်တယ်။

ဟုတ်ကဲ့ ဆက်ပြောပါဦး။

ဆီးရီးယားမှာ နိုင်ငံရေးဖြေ ရှင်းချက်တစ်ရပ်ရဖို့အတွက် ကျွန် တော်တို့ဆက်ပြီး လုပ်ဆောင်နေ ပါတယ်။ ဒါပေမဲ့အဆုံးသတ်မှာ ရုရှားက ဒီပြည်တွင်းစစ်ကို ရှည် ကြာစေဖို့ ဆုံးဖြတ်ထားလားဆိုရင် သူတို့ဟာ အရပ်သားတွေ အပေါ် အစိုးရကဗုံးကြဲတိုက်ခိုက်နေတာတွေကို မသိကျိုးကျွံပြုနေတယ်။ သူတို့ကိုယ်တိုင်တောင် အရပ် သားတွေအပေါ် ဗုံးကြဲတိုက်ခိုက် ကောင်း တိုက်ခိုက်နေတာဖြစ်နိုင် ပါတယ်။

သူတို့ဟာ စစ်ရာဇ၀တ်မှုတွေအ တွက် အပြစ်ရှိတယ်လို့ ဘောရစ် ဂျွန်ဆင်က ပြောခဲ့ပါတယ်။

အင်း . . .  ကျွန်တော်အဲဒါကို ထောက်ခံပါတယ်။

ဒါပေမဲ့ ခင်ဗျားသိလား။ ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံးနေတာက လွဲလို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာ တခြားဘာများရှိမလဲ။ လူတွေအ သတ်မခံရခင်မှာ သူတို့ကို ကယ်ထုတ်ဖို့ အရပ်သားတချို့ကို ကယ်တင်ဖို့ လမ်းကြောင်းသတ်မှတ် တာမျိုး လုပ်လို့မရဘူးလား။

အင်း . . .  အကူအညီတချို့ ဖြတ် သန်းဝင်ရောက်သွားပါပြီ။ အရမ်းနည်းတဲ့ အကူအညီတွေဖြတ် သန်းဝင်ရောက်သွားပါပြီ။ အများ ကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ပဲ ဖြတ်သန်းဝင်ရောက်သွားတာပါ။ ကျွန်တော်တို့ အဲဒါကို ဆက်ပြီး လုပ်ပါမယ်။ ဥပမာအနေနဲ့ အဲဒီ ဝေဟင်မှာ ကျွန်တော်တို့ရဲ့ လေ ယာဉ်တွေကို ရုရှားက မတိုက်ခိုက် ဘူးလို့ ကျွန်တော်တို့ သေချာ မပြောနိုင်တဲ့အတွက် ဘေးအန္တ ရာယ်ကင်းတဲ့ ဇုန်တွေရှိလာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ကျွန် တော်တို့ ဆက်ပြီးကြိုးစားနေပါ တယ်။ စစ်သွေးကြွတွေကို တိုက် ခိုက်ရာမှာ ကြီးမားတဲ့ တိုးတက်မှု တွေရရှိထားပါမယ်။ ဥပမာ အီရတ်နိုင်ငံမှာ အခြေအနေအများ ကြီးတိုးတက်လာပါတယ်။

နေတိုးအဖွဲ့အပေါ် ကျွန်တော်တို့ အားကိုးမှီခိုတာနဲ့ ပတ်သက်လို့ ခင်ဗျားခုပဲပြောခဲ့ပါတယ်။ ဒေါ် နယ်ထရန့်လောက် နေတိုးအဖွဲ့ အပေါ်မှာ အေးစက်စက်နဲ့ သဘောမကျတဲ့ အမေရိကန်သမ္မတ လောင်းမျိုး ကျွန်တော်မတွေ့ခဲ့ဖူး ဘူး။ သူနေတိုးအဖွဲ့နဲ့ ပတ်သက် လို့ပြောဆိုနေတဲ့ ကိစ္စတချို့နဲ့ ပတ်သက်ပြီး ခင်ဗျားစိုးရိမ်လား။

အင်း . . .  နေတိုးအဖွဲ့နဲ့ ပတ် သက်လို့ သူအဲဒီလိုပြောဆိုချိန်မှာ ကျွန်တော်ဝါရှင်တန်မှာ ရောက် နေပါတယ်။ ဒါပေမဲ့ နေတိုးအ ဖွဲ့ရဲ့ အရေးပါမှုကို အမေရိကန် သမ္မတတိုင်းက နားလည်ထားပါ တယ်။ အဲဒီအဖွဲ့ဟာ ကျွန်တော် တို့တစ်ယောက်ကို တစ်ယောက် စုစုစည်းစည်းနဲ့ ကူညီပေးနေတဲ့ ကာကွယ်ရေးမဟာမိတ်အဖွဲ့တစ် ဖွဲ့ဖြစ်ပါတယ်။ ဘယ်သူပဲရွေး ကောက်ခံရ၊ ခံရ အဲဒီအထူးခွင့် ပြုချက်အရလိုက်နာမယ်ဆိုတာ ကျွန်တော်သေချာသိပါတယ်။

ဒီလူဟာ အမေရိကန်သမ္မတဖြစ် လာဖို့ အံဝင်ခွင်ကျရှိသူတစ် ယောက်ဟုတ်ပါလား။

အင်း . . .  ကျွန်တော်တို့ တခြား လူတွေရဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပြုဖို့ အ ရမ်းဂရုစိုက်ရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဒီမိုကရေ စီစနစ်ကို လေးစားရပါမယ်။ ဘယ်သူပဲအနိုင်ရရ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်ရပါမယ်။

ပြောပါဦး။

ခင်ဗျား ကျွန်တော့်ကို မှတ် ချက်ပေးအောင် လုပ်နေတာပဲ။

 

Top News