ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရသူ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးအတွက် သံတမန်နည်းပရိယာယ်တွေ ပိုများလာစေရေးဟာ ကျွန်တော့်ရဲ့ ဦးစားပေးကိစ္စဖြစ်ပါလိမ့်မယ်

 ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ ဘန်ကီမွန်းရာထူးက ဆင်းချိန်မှာ သူ့နေရာကို ဆက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ်အဖြစ်  အန်တိုနီယိုဂူတာရက်စ်ကို ကုလ သမဂ္ဂ အထွေထွေညီလာခံက အောက်တိုဘာ ၁၃ ရက်က
ခန့်အပ်ခဲ့ပါတယ်။


မစ္စတာ ဂူတာရက်စ် (၆၇)နှစ်ဟာ ၁၉၉၅ ကနေ ၂၀၀၂ အထိ ပေါ်တူဂီဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ဇွန်လ ကနေ ၂၀၁၅ ဒီဇင်ဘာအထိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးအဖြစ် တာဝန်
ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီရဲ့ ထောက်ခံမှုကို အထွေထွေ ညီလာခံက လုပ်ဆောင်ရာမှာ ညီ လာခံဥက္ကဋ္ဌ ပီတာသွမ်ဆင်က မစ္စ တာ ဂူတာရက်စ်ကို ၂၀၂၂ ဒီဇင် ဘာမှာ အဆုံးသတ်မယ့်  ငါးနှစ်တာ ကာလ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ တာဝန် ထမ်းဆောင်စေဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

သူဟာ ၂၀၁၇ ဇန်န၀ါရီမှာ ကမ္ဘာ့ထိပ်တန်းသံတမန်ဖြစ်လာ မှာဖြစ်ပြီး လာမယ့် ငါးနှစ်အတွက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ပါမယ်။

သူ့ကို အဲဒီရာထူးခန့်အပ် လိုက်တာနဲ့ပတ်သက်ပြီးတော့ အ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီ နေ့ခေတ်ကမ္ဘာရဲ့ မလုံခြုံမှုတွေ၊ မသေချာမရေရာမှုတွေကို ဖြေရှင်း နေရတုန်းမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်က ကျွန်တော်တို့ အခြေအနေ
တိုးတက်အောင် လုပ်ဆောင်ထားချိန် မှာ ဒီအဖွဲ့အစည်းကို ပဲ့ကိုင်ဖို့အ တွက် ဂူတာရက်စ်ကို ရွေးချယ် တာဟာ သိပ်ကိုကောင်းပါတယ် လို့ ပြောကြားခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်အဖြစ် မစ္စတာ ဂူတာရက်စ်ခန့်အပ်ခံရပြီး မကြာခင်မှာ ကုလသမဂ္ဂသတင်းဌာန (UN News Centre)က သူနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပြီး ဇန်န၀ါရီ မှာ သူစပြီး တာဝန်ထမ်းဆောင် ချိန်မှာ ဘယ်ဟာက သူ့ကို ဖိအား အပေးဆုံး (ဒါမှမဟုတ်) ဦးစားအ ပေးဆုံးကိစ္စဖြစ်မလဲဆိုတာ  ပထမဆုံးမေးမြန်းထားပါတယ်။

ခင်ဗျားရဲ့ မေးခွန်းကိုမဖြေခင် ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် ကုလသမဂ္ဂ၀န်ထမ်းတွေ အားလုံးနဲ့ ကျွန်တော်အများကြီး စည်းစည်းလုံးလုံးရှိတယ်ဆိုတာ ဒီကုလသမဂ္ဂသတင်းဌာနကနေ ပြောချင်ပါတယ်။ UNHCR မှာ ဆယ်စုနှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့တုန်းက လုပ်ဖော်ကိုင် ဖက်တစ်ဦးဖြစ်ဖို့ အထူးအခွင့်အ ရေးတစ်ရပ် ကျွန်တော်ရခဲ့ပါ တယ်။ ပြီးတော့ ဇန်န၀ါရီ ၁ ရက်မှာ နောက်ထပ်တစ်ခါ လုပ်ဖော်ကိုင်ဖက် တစ်ယောက်
ဖြစ်လာနိုင်တာကြောင့် ကျွန်တော်ဝမ်းသာမိပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာရှိ တဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေအား လုံးနဲ့ လက်တွဲလုပ်ကိုင်ဖို့  ကျွန်တော် မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။

အခုခင်ဗျားရဲ့ မေးခွန်းကို ပြန်ဖြေပါမယ်။ ပထမဆုံးဦးစားပေး ကိစ္စက ငြိမ်းချမ်းရေးနဲ့ ဆက်စပ် နေတယ်လို့ ကျွန်တော်ထင်ပါ တယ်။ ငြိမ်းချမ်းမှုမရှိတာဟာ ဒီ နေ့ခေတ်ကမ္ဘာကြီးမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အသိသာဆုံး  ပြဿနာပဲဖြစ်ပါတယ်။ ပဋိပက္ခ အဟောင်းတွေ လုံးဝနိဂုံးချုပ်မ သွားဘဲ ပဋိပက္ခအသစ်တွေအများ ကြီးတိုးပွားလာတာကို ကျွန်တော် တို့ မြင်တွေ့နေရတယ်။ ဆိုမာလီ ယာ (ဒါမှမဟုတ်) အာဖဂန်နစ္စတန် (ဒါမှမဟုတ်) ကွန်ဂိုပြည်သူ့ဒီမိုက ရက်တစ်နိုင်ငံကို ကြည့်လိုက်။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ကြိုတင် မပြောဆိုနိုင်တဲ့ ခံစားချက်တစ်ခုရှိ နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း  ဟာ ပဋိပက္ခတွေကို ကာကွယ်ဖြေ ရှင်းဖို့ သူတို့ရဲ့ စွမ်းပကားအများ ကြီးဆုံးရှုံးသွားတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် သံတမန် နည်းပရိယာယ်တွေ ပိုများလာစေ ရေးဟာ ကျွန်တော့်ရဲ့ ဦးစားပေး ကိစ္စဖြစ်ပါလိမ့်မယ်။ အဲဒါဟာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် အများကြီး မူတည်နေတယ်ဆိုတာ ပြီး တော့ အတွင်းရေးမှူးချုပ်မှာ လုပ် ဆောင်နိုင်စွမ်းအကန့်အသတ်ရှိ နေတယ်ဆိုတာတွေကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဦးဆောင် စည်းရုံးသူတစ်ယောက်၊ ပြုပြင် ပြောင်းလဲစေသူတစ်ယောက်၊ ရိုးသားတဲ့ ကြားခံညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ဆောင်မယ် ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေကို ပိုပြီးတော့ တစုတစည်းတည်း ဆောင် ကြဉ်းနိုင်မယ်လို့ ကျွန်တော်မျှော် လင့်ပါတယ်။ ဒီနေ့ခေတ်ကမ္ဘာမှာ ကျွန်တော်တို့ ကြုံတွေ့
နေရတဲ့ စစ်ပွဲတွေပိုပြီးဆိုးရွားလာတယ်။ ခံစားနေရတဲ့ လူတွေအခြေအနေ ပိုဆိုးလာတယ်ဆိုတာ နားလည်ပါ တယ်။ ဒါပေမဲ့ အဲဒါထက်ပိုဆိုးတာက ကျွန်တော်တို့ရဲ့စုပေါင်းလုံခြုံမှုမှာ အဲဒီစစ်ပွဲတွေရဲ့ ရိုက်ခတ်မှုဟာ တကယ့်ကို အရမ်းအန္တရာယ် ရှိလာပါတယ်။ ပဋိပက္ခတွေမှာ ပါဝင်နေတဲ့သူတွေ (ဒါမှမဟုတ်) ပဋိပက္ခထဲက အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှုရှိသူတွေ ဆက်စပ်သူတွေအားလုံးအတွက် အရေး ကြီးတဲ့အချိန်ကို ရောက်ပါပြီ။ အတူတကွ
ပူးပေါင်းဆောင်ရွက် ဖို့နဲ့ ကမ္ဘာ့လုံခြုံရေးအတွက် ဘုံအကျိုးစီးပွားဟာ သူတို့တွေကြား ရှိနေနိုင်တဲ့ သဘောထားကွဲလွဲမှု တွေထက် အများကြီးပိုအရေး ကြီးတယ်ဆိုတာကို နားလည်ထား ရမယ့် အရေးကြီးတဲ့အချိန်ကို ရောက်ပါပြီ။

ဒါဆို . . . ခင်ဗျားငြိမ်းချမ်းရေးကို ယုံကြည်လား (ဒါမှမဟုတ်) ငြိမ်းချမ်းရေးမရှိတာဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ ဘဏ္ဍာရေးပြဿနာ တွေ ဒုက္ခသည်ပြဿနာတွေစတဲ့ ကမ္ဘာ့ပြဿနာအများစုရဲ့
နောက်ကွယ်က အကြောင်းရင်းဖြစ်တယ်လို့ ခင်ဗျား ယုံကြည်သလား။

ဒီဟာတွေအားလုံးဟာ တစ် ခုနဲ့ တစ်ခုဆက်စပ်နေတယ်ဆိုတာ ရှင်းနေပါတယ်။ သံတမန်နည်း ပရိယာယ်တွေ ပိုများလာတာဟာ အကောင်းဆုံးနည်းလမ်းပဲဆိုတာ ရှင်းပါတယ်။ တစ်ချိန်တည်းမှာ လူသားတွေ ခံစားနေရတာတွေ ကို ဘက်ပေါင်းစုံကနေ ကျွန်တော် တို့ ထိန်းချုပ်ရာမှာ အထောက်အ ကူဖြစ်လာမယ်ဆိုတာ ရှင်းပါ တယ်။ ပြီးတော့ ဒုက္ခသည်ပမာဏ ဟာ အဆိုးရွားဆုံးကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်။

ခင်ဗျားရဲ့ အလုပ်တာဝန်သစ်နဲ့ ပတ်သက်လို့ စဉ်းစားတဲ့အချိန်မှာ ခင်ဗျားစိတ်ထဲမှာ ပေါ်လာတဲ့ အဓိ ကစိုးရိမ်စရာ (ဒါမှမဟုတ်) စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။

လက်ရှိအချိန်မှာ အဓိကစိန် ခေါ်မှုကတော့ ကျွန်တော်ပြောခဲ့ သလိုပဲ ငြိမ်းချမ်းမှုအတွက် သံတ မန်နည်းပရိယာယ်တွေနဲ့ ဆက်စပ် လို့ ကျွန်တော်တို့ပိုပြီး ထိရောက် အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းကို ပြုပြင်
ပြောင်းလဲမှုလုပ်တာနဲ့ ဆက်စပ်ပြီး   တော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိ နေပါတယ်။ အဖွဲ့အစည်းကို ထိ ရောက်အောင် လုပ်ဖို့နဲ့ ကမ္ဘာတစ် ၀န်းလုံးက ကျွန်တော်တို့ စောင့် ရှောက်ရမယ့် လူတွေနဲ့ ဆက်စပ် လို့ စိန်ခေါ်မှုတွေ
ရှိနေပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကနဦးလုပ်ဆောင်ခဲ့တဲ့ ၂၀၃၀ စီမံကိန်းနဲ့ ရာသီဥတုဆိုင်ရာ သဘောတူညီမှုတွေစတဲ့ ပြီးခဲ့တဲ့ ကာလမှာဖြစ်နိုင်ခဲ့တဲ့ အရေးကြီး အောင်မြင်မှုတွေကို သေချာ အောင်ဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။ အထင်ကရဆုံး ဖြတ်ချက်တွေကို အကောင်အ ထည်ဖော်ဖို့ သေချာအောင်လုပ် ဆောင်ရာမှာလည်း စိန်ခေါ်မှုတွေ ရှိနေပြီး ထိရောက်အောင်လုပ်ရ မယ့် နောက်ဆက်တွဲကိစ္စတွေရှိပါ တယ်။ ပြီးတော့ လူ့အခွင့်အရေး ဟာ လူသားတွေရဲ့ ဘုံတာဝန်တစ် ခုဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံအားလုံး ရဲ့ တာဝန်ဖြစ်တယ်လို့ ယူဆလာ အောင်လုပ်ဖို့ မေးမြန်းစရာတွေရှိ နေပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ ကုလသ မဂ္ဂအတွင်းရေးမှူးချုပ် ရွေးချယ် ရေးလုပ်ငန်းစဉ်မှာ အမျိုးသမီး ကိုယ်စားလှယ်အများအပြားကို စဉ်းစားဖို့ တင်ပြထားတာတွေ တွေ့မြင်ခဲ့ပါတယ်။ ထိပ်တန်းရာ ထူးနေရာတွေမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကို မေးမြန်းချင် ပါတယ်။

အရင်ဦးဆုံးအနေနဲ့ ကမ္ဘာ တစ်ဝန်းဘယ်နိုင်ငံမှာမဆို နိုင်ငံ့ ခေါင်းဆောင်အဖြစ်နဲ့ ဒါမှမဟုတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ်နဲ့ အမျိုးသမီးတစ်ယောက် ရှိတဲ့ ထင်ရှားတဲ့တန်ဖိုးကို ကျွန် တော်အပြည့်အ၀အသိအမှတ်ပြု ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက် ပြီး ကျွန်တော်ဘာမှမလုပ်နိုင်ပါ ဘူး။ ကျွန်တော်ဟာ အမျိုးသမီး တစ်ယောက်မဟုတ်ဘူး။ ကျွန် တော်ကို ခွင့်လွှတ်ပါ။ ဒီအဖွဲ့အ စည်းအတွက် ကျွန်တော်သေချာ အောင် လုပ်နိုင်တာကတော့ ကမ္ဘာတစ်ဝန်းလုံး ကျွန်တော်တို့လုပ်နေ တာတွေ အားလုံးထက် အရင် ဆုံးအမျိုးသမီးတွေနဲ့ မိန်းကလေး တွေ လုပ်ပိုင်ခွင့်အာဏာအပ်နှင်း တာနဲ့ ကာကွယ်ပေးတာပဲဖြစ် ပါတယ်။ ဒုတိယအနေနဲ့ အနီးစပ် ဆုံးဖြစ်နိုင်တဲ့ အနာဂတ်မှာ ရာထူး အဆင့်အားလုံးမှာ ယောက်ျားနဲ့ မိန်းမကြား တန်းတူအကျိုးခံစား ခွင့်ရရှိဖို့ အဖွဲ့အစည်းမှာ ကျွန် တော်တို့ ဆောင်ရွက်ဖို့ပဲဖြစ်ပါ တယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ လိင်ကွဲပြားမှုနဲ့ပတ် သက်လို့ ကျွန်တော်ဘာမှ မလုပ် နိုင်ပေမယ့် ကုလသမဂ္ဂက ဆက်စပ်တဲ့ အရာအားလုံးမှာ ကျား၊မညီမျှမှုရှိစေဖို့ ကျွန်တော်အရမ်းခိုင် မာတဲ့ ကတိကိုပေးနိုင်ပါတယ်။

ဒါဆိုခင်ဗျားရဲ့ ဒုတိယအတွင်းရေး မှူးချုပ်အနေနဲ့ အမျိုးသမီးတစ် ယောက်ခန့်ဖို့ ခင်ဗျားစဉ်းစားမှာ လား။

အဲဒါဟာ လုံးဝလိုအပ်မှုလို့ ကျွန်တော်ထင်တယ်။ တန်းတူအ ကျိုးခံစားခွင့်ဆိုတာ တကယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟာ အမျိုးသမီးတစ်ယောက်ဆို ရင် ဒုတိယအတွင်းရေးမှူးချုပ်ဟာ အမျိုးသားဖြစ်သင့်တယ်။ တကယ် လို့ အတွင်းရေးမှူးချုပ်ဟာ အမျိုးသားဖြစ်နေရင် ဒုတိယအတွင်း ရေးမှူးချုပ်ဟာ အမျိုးသမီးတစ် ယောက်ဖြစ်သင့်တယ်လို့ ဆိုလို တာပါ။

ခင်ဗျားဟာ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးအဖြစ်နဲ့ ၁၀ နှစ်ကြာတာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ဒုက္ခသည်တွေ ရွှေ့ ပြောင်းနေထိုင်သူတွေရဲ့ လိုအပ် ချက်တွေကို ဖြေရှင်းရာမှာ အတွင်းရေးမှူးချုပ်
တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည် အသစ် ထဲက ဒီနယ်ပယ်မှာ ခင်ဗျားရဲ့ အတွေ့အကြုံကို ဘယ်လိုသုံး သွားမလဲ။

ကမ္ဘာရဲ့ အစိတ်အပိုင်းအ များကြီးမှာ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ဆက်စပ်လို့ လူပြိန်းကြိုက်တွေ နိုင်ငံခြားသားမုန်းတီးရေးချဉ်းကပ်မှုတွေနဲ့ အခြေအနေပြင်းထန်မှု မြင့်မားလာတာတွေနဲ့အတူ ကမ္ဘာ မှာ သိပ်မကြာသေးခင်က ဒုက္ခ သည်ကာကွယ်ရေး ယိုယွင်းနေ တာကို မြင်တွေ့ရတဲ့အတွက်  ကျွန်တော် အရမ်းစိုးရိမ်ခဲ့မိပါ တယ်။ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း နေထိုင်မှုတွေနဲ့ ဆက်စပ်လို့ သိပ် မကြာခင်က လုပ်ခဲ့တဲ့ ညီလာခံ တွေဟာ အဲဒီလမ်းကြောင်း
တွေကို ပြောင်းလဲရာမှာ အထောက်အကူ ဖြစ်ဖို့ ကျွန်တော်မျှော်လင့်တယ်။ ပြီးရင် အဲဒီလမ်းကြောင်းတွေ ပြောင်းပြန်ဖြစ်စေဖို့ ကျွန်တော် လုပ်နိုင်တာ အားလုံးလုပ်မယ်။ ဒုက္ခသည်တွေကို ကာကွယ်ဖို့ဆို တာကို ကမ္ဘာကြီးရဲ့ တာဝန်တစ်ခု အနေနဲ့ ယူဆလာစေဖို့ လုပ်မယ်။ အဲဒါဟာ ဒုက္ခသည်တွေနဲ့ ပတ် သက်တဲ့ အစဉ်အလာပဲမဟုတ် ဘူး။ အဲဒါဟာ ကမ္ဘာတစ်ဝန်းလုံး က ယဉ်ကျေးမှုအားလုံး၊ ဘာသာ တရားအားလုံးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်
နေတဲ့ ကိစ္စပါ။ အစ္စလာမ်ဘာသာမှာ ကြည့် လိုက်၊ ခရစ်ယာန်ဘာသာမှာ ကြည့်လိုက်၊ အာဖရိကမှာ ကြည့် လိုက်၊ မတူတဲ့ ဘာသာတွေကို ကြည့်လိုက် ဗုဒ္ဓဘာသာမှာ၊ ဟိန္ဒူ ဘာသာမှာ ဒုက္ခသည်တွေကို လက်ခံဖို့ ခိုင်မာတဲ့ ကတိတစ်ခုကို တွေ့ ရတယ်။ ဒါကြောင့် နိုင်ငံတကာ ဥပဒေအရသာမဟုတ်ဘဲ နိုင်ငံတွေလေးစားသမှုရှိလာနိုင်ဖို့ သေချာ  အောင်လုပ်ဖို့အတွက်ပဲမဟုတ်ဘဲ ကျွန်တော်တို့ မျက်မြင်တွေ့နေရ တဲ့ ဆိုးရွားတဲ့ ပဋိပက္ခတွေက ထွက်ပြေးလာတဲ့ သူတွေကို ကာကွယ် ဖို့ လိုအပ်နေတာတွေနဲ့ ပတ်သက် လို့ အပြည့်အ၀တစ်သားတည်း ဆောင်ရွက်ဖို့ ကိစ္စဟာ တကယ့် ကို ဦးစားပေးကိစ္စတစ်ခုပဲဖြစ်ပါ တယ်။ ရွှေ့ပြောင်းနေထိုင်မှုကို လူသားဆန်တဲ့ အမြင်နဲ့ ကြည့်ဖို့နဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းဖို့ရာမှာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ကလည်း ဦးစား ပေးကိစ္စဖြစ်ပါတယ်။ အဲဒါကို ထိ ထိရောက်ရောက်ထိန်းချုပ်ဖို့ပဲလို အပ်တာပါ။ ဒါကို
နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုအပေါ် အ ခြေခံဖို့ပဲလိုအပ်ပါတယ်။ လူတွေ မသေအောင် ဆောင်ရွက်ဖို့လိုပါ တယ်။ တစ်ချိန်တည်းမှာပဲ လူ မှောင်ခိုကူးသူတွေ၊ မှောင်ခိုသမား တွေ ပိုများလာတာဟာ မူလနိုင်ငံ တွေ၊ ခရီးတစ်ထောက်နားတဲ့ နိုင်ငံတွေ၊ နောက်ဆုံးရောက်ရှိ မယ့်နိုင်ငံတွေကြားမှာ ထိရောက် တဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ပဲ ဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင် မှုကိစ္စကို ကမ္ဘာကြီးက ပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ ကြုံ နေကျ ကိစ္စတွေထဲက တစ်ခုလို့ မမှတ်ယူထားတဲ့အတွက်ပဲဖြစ်ပါ တယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အလုပ်ကို လူအများက မဖြစ်နိုင် တဲ့အလုပ်တစ်ခုလို့ ပြောထားကြ ပါတယ်။ အခုခင်ဗျားဟာ မဖြစ်နိုင်တာကို ဖြစ်နိုင်တာတွေအဖြစ် ပြောင်းလဲပစ်မှာလား။

ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားပါမယ်။ အဲဒါ တစ်ခုတည်းပဲ ကျွန်တော်ပြောနိုင် တယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ လေးနက်တဲ့ တန်ဖိုး တွေနဲ့ လေးနက်တဲ့အကြောင်း ရင်းတွေအတွက် တာဝန် ထမ်းဆောင်ရာမှာ ကျွန်တော်အစွမ်းရှိ သလောက် အားလုံးကို လုပ် ဆောင်သွားပါမယ်။

—Ref:UN News Centre

Top News