မိုးသည်းထန်၍ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများ ရေမြုပ်

ပန်းလောင်မြစ်ရေလျှံမှုကြောင့် စဥ့်ကိုင်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို အောက်တိုဘာ ၃၁ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-Than Htay FB.)

 မိုးသည်းထန်စွာ ရွာ သွန်းခဲ့မှုများကြောင့် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခ ရိုင်ရှိ ကျောက်ဆည်၊ မြစ်သားနှင့် တံတားဦးမြို့နယ်များမှ မြစ်ကမ်း တစ်လျှောက်ကျေးရွာများ မြစ်ရေ ၀င်ကာ ရေကြီးနစ်မြုပ်မှုများဖြစ် ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

စမုံမြစ်ရေလျှံမှုကြောင့် ကျောက်ဆည်နှင့် မြစ်သားမြို့ နယ်များရှိ မြစ်ကမ်းဘေးတစ် လျှောက် ကျေးရွာများနှင့် ပန်း လောင်မြစ်ရေလျှံမှုကြောင့် တံ တားဦးမြို့နယ်ရှိ ကျေးရွာများ စုစုပေါင်း ကျေးရွာ ၁၀ ရွာခန့် ရေ ကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့နေရ ကြောင်း ကျောက်ဆည်ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အရမ်းစိုးရိမ်ရတဲ့အနေအ ထားမဟုတ်ပါဘူး။ မြစ်ကမ်းဘေး ရွာတွေဆိုတော့ နှစ်စဉ်မြစ်ရေ တက်ချိန် ရေ၀င်နေကျရွာတွေပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ကွင်း ဆင်းဆောင်ရွက်နေပါတယ်။ အ ခုတော့ ရေက ပြန်ကျနေပါပြီ’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မြစ်သားမြို့အတွင်း စမုံမြစ် ဘေးရှိ ကျေးရွာအချို့ မြစ်ရေ၀င် ရောက်နေပြီး အချို့ကျေးရွာများ ၏ မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေ လေးပေခန့်အထိ မြင့်တက်မှုများ ရှိခဲ့ကြောင်း၊ ဒေသခံအချို့က ကျေးရွာအတွင်းရှိ နီးစပ်ရာအိမ်များသို့ ပြောင်းရွှေ့ရမှုများ ရှိသော်လည်း ကျွဲ၊ နွား စသည့် တိရစ္ဆာန်များနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း မြစ်သားမြို့ နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျေးရွာများအတွင်း ရေ၀င် နစ်မြုပ်သကဲ့သို့ ကားလမ်းများ ရေကျော်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူ သွားလာရေးအတွက် အခက် တွေ့နေကာ မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် သီးနှံစိုက်ခင်းအ ချို့နှင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ ကြောင်း ကျောက်ဆည်ဒေသခံအ ချို့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာဆက်တိုက်ရွာ သွန်းရာ တောင်ကျရေများ စီး ဆင်းခဲ့ပြီး မြစ်ကမ်းတစ်လျှောက် ကျေးရွာများ ယခုကဲ့သို့ ရေ၀င် ရောက်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဆည်ခရိုင် ထွေအုပ်ရုံးမှ သတင်းရရှိသည်။