မောင်တောမြို့နယ်တွင် ဆယ်အိမ်မှူးဟောင်း ဘင်္ဂါလီတစ်ဦး အလောင်းတွေ့ရှိ


မောင်တောမြို့နယ် မြောက်ပိုင်း ဝက်ကျိန်းကျေးရွာ နှင့် ဘဒကားကျေးရွာကြားရှိ ပြူးမချောင်းဘေး မြေနုကျွန်း၌ ဆယ်အိမ်မှူးဟောင်း ဘင်္ဂါလီတစ်ဦး သေဆုံးနေသည်ကို လုံခြုံရေးတပ် ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၆ ရက်တွင် တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် မောင်တောမြို့နယ် ဝက်ကျိန်းကျေးရွာနှင့် ဘဒကား ကျေးရွာကြားရှိ ပြူးမချောင်းဘေး မြေနုကျွန်း၌ ရွှံ့များ ပေကျံနေ သော အလောင်းတစ်လောင်း တွေ့ရှိကြောင်း ဖုန်းသတင်းအရ အခင်းဖြစ်ပွားရာနေရာသို့ နယ် ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကသွား ရောက်စစ်ဆေးခဲ့ရာ ဝက်ကျိန်း (မြောက်)ရွာနေ ဆီရာဇူဟွတ်၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။

 သေဆုံးသူ ဆီရာဇူဟွတ် သည် ဒီဇင်ဘာ ၁၆ ရက် ညနေ ပိုင်းကစ၍ နေအိမ်မှ ပျောက်ဆုံး နေသူဖြစ်ပြီး ၎င်းသည် ဘဒကား ကျေးရွာ၏ ယခင်ဆယ်အိမ်မှူး အဟောင်းဖြစ်ကာ ဖွံ့ဖြိုးရေးလုပ် ငန်းများကို ဒေသတာဝန်ရှိအဖွဲ့ အစည်းများနှင့် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။


အဆိုပါအလောင်းကို ကြိမ် ချောင်းဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး ရဲလုပ် ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောနယ်စပ်ဒေသ တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်နေ သော ဘင်္ဂါလီအချို့ ယခုရက်ပိုင်း အတွင်း အသတ်ခံခြင်းများဖြစ် ပေါ်လျက်ရှိသည်။

ဒီဇင်ဘာ ၂၁ ရက်က မောင် တောနယ်စပ်သို့ လာရောက်သ တင်းရယူခဲ့သည့် ပြည်တွင်း၊ ပြည် ပသတင်းမီဒီယာများ၏မေးမြန်းမှု ကို ဖြေကြားခဲ့သူ ဘင်္ဂါလီတစ်ဦး အသတ်ခံခဲ့ရသည်။ ဒီဇင်ဘာ ၂၅  ရက်ကလည်း ရေတွင်းကျွန်းကျေး ရွာမှ ရွာခန့်စာရေးဖြစ်သူ ရော်ဖီး ဆိုသူ အသတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက် ကလည်း မောင်တောမြို့နယ် ဇင်ပိုင်ညာ ဘင်္ဂါလီကျေးရွာနေ မာမောက်ဖာရူးဆိုသူကို အကြမ်းဖက်သမားများက ဓားဖြင့် အချက်ပေါင်း တစ်ရာကျော် ထိုးခဲ့သည်။ သို့သော် မာမောက်ဖာရူးသည် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မီရောက်ရှိလာကာ ခွဲစိတ်ကုသမှုခံယူခဲ့သဖြင့် အသက်ရှင်ခဲ့သည်။