၂၀၁၆ ကို အသက်ဝင်စေခဲ့သော ဖြစ်ရပ် ၁၀ ခု

ချောက်ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စူဠာမဏိဘုရားကို ကြည့်ရှုနေကြသော ရဟန်းတော်အချို့ (ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ))

အရပ်သားအစိုးရအာဏာရလာခြင်း

၅၄နှစ်တာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးအရပ်သားအစိုးရသည်၂၀၁၆ မတ်လ ၃၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆို၍  တက်ရောက်လာသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာခဲ့ သော အပြီးသတ်ရွေးကောက်ပွဲ ရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည် ထောင်စုလွှတ်တော်၏ ရွေး ကောက်ခံအမတ် နေရာ ၇၉ ဒသမ ၄ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ မြန်မာ နိုင်ငံ၏ ကိုးဦးမြောက် သမ္မတအဖြစ်အရပ်သားစစ်စစ် ဦးထင်ကျော်ကို မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်ပိတ်ပင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးရယူ၍ အစိုးရအဖွဲ့ကို လက်တွေ့ဦးဆောင်မှုပေးခဲ့သည်။အမျိုးသားပြန်လည်ရင်ကြား စေ့ရေး အစိုးရဖြစ်ရမည်ဆိုသော မူကိုကိုင်စွဲ၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရလက်ထက်မှ လူဟောင်းများကို ပြန် လည်ပါဝင်စေခဲ့သည်။ ဒုသမ္မတ နှစ်ဦးဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့သည် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးနှင့် အ ငြိမ်းစားဗိုလ်မှူးတို့ဖြစ်ကြသည်။

ဝန်ကြီးဌာန ၃၆ ခုရှိရာမှ ဦးထင် ကျော်အစိုးရ လက်ထက်တွင် ၀န်ကြီးဌာန ၂၂ ခု သို့လျှော့ချခဲ့ပြီး ၀န်ကြီးဌာန နှစ်ခု(သို့မဟုတ်)သုံးခုကို ပေါင်း၍ တစ်ခုတည်းအဖြစ် ကျစ်လျစ်ခဲ့သလို တိုင်းရင်းသား ရေးရာဝန်ကြီးဌာနအသစ်ကို ဖွဲ့ စည်းခဲ့သည်။ ၀န်ကြီးဌာနများနှင့် ဒုဝန်ကြီးများ လျှော့ချသဖြင့် ဘတ်ဂျက် ကျပ်သိန်းထောင်ချီသက်သာ မည်ဆိုကာ အစိုးရစဖွဲ့ချိန်တွင် ဒုဝန်ကြီးများ မခန့်ဘဲနေခဲ့သော် လည်း နောက်ပိုင်းတွင် ၀န်ကြီးများ အလုပ်မနိုင်၍ ဒုဝန်ကြီးများ ခန့် အပ်လာသည်။

တပ်မတော်သည် နိုင်ငံရေးတွင် အခန်းကဏ္ဍကြီးကြီးမားမား နေရာယူထားဆဲဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ် တော်တွင် ပြင်ဆင်ခြင်းမပြုနိုင်ရန် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော် သားကိုယ်စားလှယ်များက နေရာယူထားသည်။အရေး ကြီး ၀န်ကြီးဌာနသုံးခုဖြစ်သည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရသည်။

အမေရိကန် စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပထမဆုံး အိမ်ဖြူတော်ခရီးစဉ်အပြီးတွင် အမေရိကန်အစိုးရသည် ဦးသန်းရွှေနှင့်တကွ စစ်အစိုးရ ခေါင်းဆောင်ဟောင်းများ၊ ခရိုနီများနှင့် မြန်မာနိုင်ငံအပေါ် ဆယ်စု နှစ်များစွာ စီးပွားရေးပိတ်ဆို့အ ရေးယူထားခြင်းကို ပယ်ဖျက်ပေးခဲ့သည်။မြန်မာအပေါ်အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ပယ်ဖျက်ခြင်းနှင့် အမျိုးသားအရေးပေါ် အက်ဥပဒေကိုရုပ်သိမ်းကြောင်း အုပ်ချုပ်ရေးအမိန့်အာ ဏာကို သမ္မတအိုဘားမားက အောက်တိုဘာ ၇ ရက်တွင် လက်မှတ်ရေးထိုးကာ တရားဝင်ကြေ ညာခဲ့သည်။ ယင်းနှင့် တစ်ဆက်တည်းမှာပင် အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ချမှတ်ထားသည့် အထူးပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအောက်တွင်ရှိနေသော ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မောင်အေး၊ လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေ စသည့် စစ်အစိုးရခေတ် ထိပ်တန်းခေါင်းဆောင် ဟောင်းများနှင့်တကွ တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းများကိုစာရင်းမှ ဖယ်ရှားခဲ့သကဲ့သို့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဌာန(ကပစ) အပေါ် ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားခဲ့သည်။ ထိပ်တန်းခရိုနီကြီးများဖြစ်သော ဦးတေဇ၊ဦးဇော်ဇော်၊ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်၊ ဦးဌေးမြင့်၊ ဦးခင်ရွှေစသူတို့ကိုလည်း စာရင်းမှပယ်ဖျက်ခဲ့သည်။

ထို့အပြင် ကုန်သွယ်ရေးအထူးခံစားခွင့် (GSP) ကို ပြန်လည် ပေးအပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်း ငါးထောင်ခန့် အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ရခဲ့သည်။ မြန်မာ နိုင်ငံထွက် ကျောက်စိမ်းနှင့် ပတ္တမြားအပါအ၀င် မည် သည့် ကျောက်မျက်ရတနာများမဆို အမေရိကန်သို့ တင်ပို့ခြင်းကို တားဆီးပိတ်ပင်ထားခြင်းကိုလည်း ရုပ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်း (သို့မဟုတ်) ငွေ ရေးကြေးရေး လွှဲပြောင်းမှုလုပ်ငန်း များနှင့်ပတ်သက်၍ မြန်မာအရေး ယူပိတ်ဆို့မှု အစီအစဉ်အောက် တွင် OFAC က ချမှတ်ခဲ့သော ကန့်သတ်ချက်အားလုံးလည်း ဖယ်ရှားပေးခဲ့သည်။

သို့သော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကဏ္ဍဖြင့် ပိတ်ဆို့ခံထားရသော လူပုဂ္ဂိုလ်များနှင့်လုပ်ငန်းများသည် SDN စာရင်းတွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွား များကိုလည်း ဆက်လက်ပိတ်ဆို့ ထားဆဲဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

 ပြည်သူများ စိတ်နှလုံးထိခိုက်ခဲ့ရသော ပုဂံငလျင်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကြိုးပမ်းနေသော ပုဂံဒေသရှိရှေးဟောင်း စေတီပုထိုးများမှာ ဩဂုတ် ၂၄ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စေတီပုထိုး ၄၀၀ ခန့်ထိခိုက်ပျက်စီးခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ထုထည်နှင့် ဉာဏ်တော်ကြီးမား သည့် စေတီပုထိုး ၈၉ ဆူ ပျက်စီး ခဲ့သည်။ ငလျင်လှုပ်ခတ်အပြီးနောက်တစ်ရက်တွင် ပုဂံမြို့သို့သမ္မတ ဦးထင်ကျော်ရောက်ရှိလာ ပြီး နောက်ရက်များတွင်လည်း တပ် ချုပ်နှင့် အခြားပြည်ထောင်စုဝန် ကြီးများက ပျက်စီးသွားသည့် စေတီပုထိုးများကို လာရောက် ကြည့်ရှုကာ ယခင်ရှေးဟောင်း လက်ရာမပျက် အကောင်းဆုံးပြု ပြင်မှုများ ပြုလုပ်ရန် မှာကြားခဲ့ကြ သည်။ ထို့အပြင် ယူနက်စကိုမှ ပညာရှင်များအပါအဝင် နိုင်ငံ တကာမှ ရှေးဟောင်းပညာရှင်များ ဖိတ်ခေါ်၍ စစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်။ ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုးများ ထိခိုက်ပျက်စီးမှု သည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပြီး ပုဂံဘုရားများ ငလျင် ကြောင့် ပြိုကျနေသည့် မြင်ကွင်း က မြန်မာပြည်သူများ၏ စိတ်နှလုံး ကို များစွာထိခိုက်စေခဲ့သည်။ သို့ သော် ငလျင်ကြောင့် ပျက်စီးသွား သော စေတီပုထိုးများမှာ ယခင် ပုဂံငလျင်ဒဏ်ကြောင့် ပြိုကျပျက် စီးသွားပြီး အသစ်ပြုပြင်တည် ဆောက်ထားသည့် စေတီပုထိုး များဖြစ်နေခြင်းက အဆိုးထဲက အကောင်းဟုပင် ဆိုရမည်။

ထို့အပြင် ပုဂံဒေသကို ယူနက်စကိုဝင်ရေး အတားအဆီးဖြစ်စေ သည်မှာ ငလျင်လှုပ်ခတ်မှုကြောင့် မဟုတ်ဘဲ စေတီပုထိုးများကြား တွင် ဟိုတယ်များ၊ စားသောက် ဆိုင်များ စသည့်ခေတ်မီအဆောက် အအုံသစ်များ တည်ဆောက်လာ ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အ ဆောက်အအုံသစ်များကို ရပ်ဆိုင်းထားရန် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားခဲ့ သည်။ ငလျင်ဒဏ်ကြောင့် အ သေးစားထိခိုက်ပျက်စီးခဲ့သော စေတီပုထိုးများကို နိုဝင်ဘာက ပြုပြင်မှုများ စတင်ပြုလုပ်ပြီး ထု ထည်နှင့် ဉာဏ်တော်ကြီးများသည့် နာမည်ကြီး စေတီပုထိုး ၈၉ ဆူကို ၂၀၁၇ ဇန်နဝါရီတွင် စတင်ပြုပြင် တော့မည်ဖြစ်သည်။ သာမန်ပျက် စီးမှုများ ဖြစ်ပွားသည့် စေတီပုထိုး အငယ်များကို အလှူရှင်များက ပြုပြင်တည်ဆောက်လှူဒါန်းခွင့် ပေးမည်ဖြစ်ပြီး ထုထည်နှင့် ဉာဏ် တော်ကြီးမားသည့် နာမည်ကြီး စေတီပုထိုးများကို နိုင်ငံတော် အစိုးရက တာဝန်ယူပြုပြင်တည် ဆောက်မည်ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစကတည်းက ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေးအတွက် ၂၁ ရာစုပင်လုံညီလာခံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဩဂုတ်လကုန်တွင် ကျင်းပခဲ့သည်။

ငြိမ်းချမ်းရေးအိပ်မက်ကို အ ကောင်အထည်ဖော်နိုင်ရန် လွတ်လပ်ရေးကြိုးပမ်းစဉ်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားများ စုပေါင်းအကောင်အထည်ဖော်ခဲ့သည့် ပင်လုံစိတ်ဓာတ်၊ပြည်ထောင်စုစိတ်ဓာတ်ကို  အခြေခံ၍ ၂၁ ရာစုနှင့်ကိုက်ညီသော ပင်လုံညီလာခံမျိုး လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်းဦးဆောင်သည့် NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရအပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ပြောကြားခဲ့သည်။

ညီလာခံတွင် အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များမှ ခေါင်း ဆောင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာများနှင့်ပတ် သက်၍ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များ၊ စာတမ်းစုစုပေါင်း ၇၆ စောင် တင်ပြဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးမှုများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အသီးသီးနှင့် နိုင်ငံရေးအင်အားစုများ၏ သဘောထားအမြင် တင်ပြဆွေးနွေးမှုများကို နားဆင်ကြည့်ရှုခွင့်ရရှိခဲ့သည်။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးချက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် အကောင်းမြင်သည့် တုံ့ပြန်မှုများ ရှိခဲ့သည်။

တစ်ဖက်တွင်လည်း ညီလာခံအတွင်း ဆွေးနွေးတင်ပြချက်များအနက် ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ်၊ နိုင်ငံအမည်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးချက်နှင့် ပြည်နယ်သတ်မှတ်ပေးရေး အဆိုပြုချက်များအပေါ် အပြန်အလှန်ဝေဖန်မှုများ ရှိခဲ့သည်။

ပင်လုံညီလာခံကတည်းက လက်ရှိအချိန်ထိ တိုင်းရင်းသားများ အဓိကတောင်းဆိုခဲ့သည့် အချက်များမှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုသည့်အချက်ကို တောင်းဆိုမည်မဟုတ်ဟု ၂၀၁၆ ဇူလိုင်က ကျင်းပသည့် မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ကြသည်။

၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီရက်ပိုင်းအတွင်း ကချင် ဒေသနှင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ ညီလာခံအပြီး၌လည်း တပ်မတော် နှင့် NCA မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပရန် သတ်မှတ်ထားသည်။ သို့သော် ညီလာခံ အောင်မြင်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေပြီး NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရန်ကိစ္စမှာ အဓိကစိန်ခေါ်မှုဖြစ်သည်။

အစိုးရသစ်ကို စိန်ခေါ်လိုက်သည့် မောင်တောဒေသအကြမ်းဖက်မှု

သမိုင်းနှင့်ချီသည့် ပြဿနာများ ဖြေရှင်းရန် ကျန်ရှိနေသေးသည့် ရခိုင်ပြည်နယ်တွင် ယခုနှစ်အောက်တိုဘာလဆန်းက ဖြစ်ပွားသည့်အကြမ်းဖက် တိုက်ခိုက်မှုများက ပြည်တွင်းသာမက နိုင်ငံတကာအထိ ဂယက်ရိုက်မှုများ ဖြစ်ပွားစေခဲ့သည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် မောင်တောဒေသရှိ ကျီးကန်း ပြင်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်အပါအဝင် ရဲစခန်းသုံးခုကို အကာလ်မူလ်မူဂျာဟီဒင်န် အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၁၉ ရက်တွင် ဝင်ရောက်တိုက်ခိုက် ခဲ့သည်။ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် မူဂျာဟီဒင်န်အဖွဲ့က အရှေ့အလယ်ပိုင်းဒေသမှ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှုဖြင့် မောင်တောဒေသကို သိမ်းပိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ လက်နက်မျိုးစုံ ၅၁ လက်နှင့် ကျည်ဆန် ၁၀,၁၄၀ ဆုံးရှုံးကာ အကြမ်းဖက်အဖွဲ့မှ ရှစ်ဦးကို အသေ၊ နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။

နယ်မြေလုံခြုံရေးအခြေအနေ စိုးရိမ်မှုများကြောင့် ဒေသခံ ၃,၀၀၀ ခန့်မှာလည်း မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ တိမ်းရှောင်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မောင်တောခရိုင်ကို စစ်ဆင် ရေးနယ်မြေအဖြစ် သတ်မှတ်ကြေညာ၍ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။

 ဒီဇင်ဘာ ၉ ရက်အထိ နယ် မြေရှင်းလင်းမှုများအတွင်း အကြမ်းဖက်အဖွဲ့မှ ၇၀ ဦးကို အသေဖမ်းမိခဲ့ပြီး သံသယရှိသူ ၅၇၅ ဦး ကို စစ်ဆေးနေကာ အပြစ်မရှိသူ ၄၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

နယ်မြေရှင်းလင်းရေးလုပ်စဉ်အမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရသည်၊ သတ်ဖြတ်ခံရသည်ဟု နိုင်ငံတကာမီဒီယာအချို့ကရေးသား ဖော်ပြမှုများနှင့်ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့ခဲ့သည်။ထို့အပြင်ဒုတိယသမ္မတဦးမြင့်ဆွေခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်က မောင်တောဒေသသို့ သုံးရက်ကြာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး နောက် စွပ်စွဲပြောဆိုမှုများမှာ မှန်ကန်ခြင်းမရှိကြောင်းနှင့် လက်ရှိဒေသအခြေအနေမှာ တည်ငြိမ်စ ပြုနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။


လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့  (ဓာတ်ပုံ−စိုင်းဇော်)

ရှမ်းမြောက်ဒေသအကျပ်အတည်း

KIA,TNLA နှင့် MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့များက ၎င်းတို့ လှုပ်ရှားရာဒေသများကို တပ်မတော်က ထိုးစစ်ဆင်တိုက် ခိုက်နေ၍ဟူသော အကြောင်းပြ ချက်ဖြင့် မြန်မာ့ကုန်သွယ်ရေး ကဏ္ဍ၏ အရေးပါဆုံးသော မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်ခဲ့ သည်။ ထို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးသည် ရုတ် တရက်ရပ်တန့်သွားပြီး မူဆယ်- ကွတ်ခိုင်လမ်းပိုင်း၌ သွားလာနေ သည့် ကုန်တင်ယာဉ်မောင်းအပါ အဝင် ပြည်သူအချို့ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။ တိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅ ဦး၊အရပ်သား ၂၃ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး   သေဆုံးခဲ့သည်။

ထို့အပြင် မူဆယ်မြို့နယ် မုံး ကိုးနယ်မြေရဲစခန်း တိုက်ခိုက်ခံရမှု အတွင်း ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သည်။ ကုန်သွယ်ရေးလမ်း ကြောင်းကို တပ်မတော်က လုံခြုံ ရေးအပြည့်အဝယူပြီးနောက် ဒီဇင်ဘာ ၂၅ ရက်ကစကာ အစိုးရကကုန်သွယ်ရေးဇုန်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တိုက်ပွဲများကြောင့် ကုန်သွယ်ရေး လုံးဝရပ်တန့်သွား သည့် ငါးရက်တာအတွင်း နိုင်ငံတော်က ရမည့်အခွန်ငွေ အမေရိ ကန်ဒေါ်လာ သန်း ၅၀ ခန့် နစ်နာခဲ့ရသည်။ နိုင်ငံတော် ဝင်ငွေအဓိကရှာဖွေပေးရာ ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ပြီး အရပ်သားများပါ သေဆုံးခဲ့သော အဆိုပါတိုက်ခိုက် မှုများအတွက် လက်နက်ကိုင်ပူး ပေါင်းအဖွဲ့၏ လုပ်ရပ်ကို ဝေဖန် မှုများရှိခဲ့သည်။ ဒီဇင်ဘာနှောင်းပိုင်းတွင်မူ နယ်စပ်ကုန်သွယ်ရေးပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။

ခရီးသည် ၈၀ ခန့် သေဆုံးခဲ့ရသည့် အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု


အောင်စိုးမိုးကျော်ရေယာဉ်ကို ဆယ်ယူပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ−ထွန်းထွန်းဝင်း)

ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသော အောင်စိုးမိုးကျော်ရေယာဉ်သည် အောက်တိုဘာ၁၅ရက်နံနက် ၅ နာရီခန့်တွင် ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကျောက်ဆောင်ကို ရှောင်တိမ်းရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့သည်။ ခရီးသည် ၁၅၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း ခရီးသည် ၇၃ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိပြီး ခရီးသည်ခုနစ်ဦးခန့် ပျောက်ဆုံးခဲ့သည်။ရေစီးသန်လှသော ချင်းတွင်းမြစ်၏ ပေ ၄၀ အနက်ထိ နစ်မြုပ်သွားသော ရေယာဉ်ကို နစ်မြုပ်ပြီး သုံးရက်အကြာတွင်မှ ရေပေါ် ပြန်ဆယ်နိုင်ခဲ့သည်။ အောင်စိုးမိုး ကျော်ရေယာဉ်ကို လူ ၃၀ ကျော်သာ တင်ဆောင်ရန် ရေကြောင်းပို့ ဆောင်ရေးက သတ်မှတ်ထားသော်လည်း လူ ၃၀၀ ခန့် တင်ဆောင်သွားသည့်အပြင် ဆိုင်ကယ်အစရှိသော ကုန်ပစ္စည်းများစွာကိုပါ တင်ဆောင်ခဲ့သဖြင့် အရှိန်မထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်နစ်မြုပ်မှုတွင် မင်္ဂလာဆောင်ရန် နှစ်ဖက်ဆွေမျိုးများ ပါဝင်သော မိသားစုတစ်စု ပါဝင်သွားခဲ့ရာ ၁၂ ဦးတွင် လေးဦးသာ အသက်ရှင်ပြီး သတို့သမီးပါ ဆုံးပါးသွားသည့် ရင်နင့်ဖွယ်ဖြစ်ရပ်မှာလည်း ကြားရသူတိုင်းကို ဝမ်းနည်းစေခဲ့သည်။

ယင်းဖြစ်ရပ်က ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်မောင်း၏ ပေါ့ဆမှု၊ဌာနဆိုင်ရာ အဆင့်ဆင့်၏ ကြီးကြပ်စစ်ဆေးမှု အားနည်းခဲ့သည့်အပေါ် အကြီးအကျယ်ဝေဖန်ထောက်ပြခဲ့ကြသည်။

နိုင်ငံကျော်ခဲ့သည့်အင်းဝအပ်ချုပ်ဆိုင်အမှု

အပ်ချုပ်ဆိုင်အမှုဟု လူသိများခဲ့သည့် ဆယ်ကျော်သက်အရွယ်အိမ်အကူမိန်းကလေးငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါချို့ယွင်းသည်အထိ နှစ်နှင့်ချီ၍ လူမသိသူမသိ နှိပ်စက်နေခြင်းကို သတင်းထောက်တစ်ဦးက ဖော်ထုတ်ပေးခဲ့ သည့် ဖြစ်ရပ်သည် ၂၀၁၆ စက်တင်ဘာ ၂၀ ရက်တွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကြီးမားစွာ ရိုက်ခတ်ခဲ့သည်။

 မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နစ်နာကြေးပေးသည့်နည်းဖြင့် ညှိနှိုင်းဖြေရှင်းပေးခြင်းကလည်း လူထုကို အံ့အားသင့်စေခဲ့သည်။

ဝေဖန်မှုများ မြင့်တက်နေချိန် တွင် လူ့အခွင့်အရေးကော်မရှင်က မေတ္တာ၊ စေတနာ၊ သဘောရိုးဖြင့် ဖြေရှင်းပေးလိုက်တာပါဟူသည့် ဖြေကြားချက်များကလည်း လူမှုကွန်ရက်များပေါ်တွင် ပွက်လောရိုက်ခဲ့ပြီး အဆိုပါ ကော်မရှင်အဖွဲ့ဝင်များကို ထုတ်ပယ်ရန် ဖိအားပေးမှုများ ပေါ်ပေါက်လာခဲ့သည်။

အင်းဝအမှုအပါအဝင် ယခင်လူ့အခွင့်အရေးများ ဖြေရှင်းရာတွင် ကော်မရှင်၏ ဖြေရှင်းပုံညံ့ဖျင်းမှုများကို လူစည်ကားရာ နေရာများတွင် ဗီနိုင်းများချိတ်ဆွဲပြသ ခြင်းများ ပြုလုပ်ကာ ကော်မရှင်အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် (သို့မဟုတ်) နုတ်ထွက်သွားသည့် တာဝန်ရှိသူများနေရာတွင် အမှန်တကယ် လူ့အခွင့်အရေး လှုပ်ရှားနေသူများအား အစားထိုးခန့်အပ်ရန် လူထုသဘောထား လက်မှတ်ကောက်ခံကာ လူပေါင်း ထောင်ချီလက်မှတ်ရေးထိုးထား သည့် အဆိုပြုစာကို နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လူ့အခွင့်အရေးကော်မရှင်ရုံးသို့ ပေးပို့ခဲ့ကြသည်။

 မကြာမီ လူ့အခွင့်အရေးကော်မရှင်က အင်းဝအပ်ချုပ်ဆိုင်အမှုအတွက် တာဝန်ရှိသူ ကော်မရှင်အဖွဲ့ဝင်လေးဦးကို နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့်ပြုခဲ့သည်။

ယခုအခါ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ခြောက်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ၊ ကလေးသူငယ်ဆိုင်ရာဥပဒေပုဒ်မ ၆၆(ဃ)၊ အပြင်းအထန်နာကျင်စေမှု၊ ချုပ်နှောင်ထားမှု၊ ပူးပေါင်းကြံစည်မှုစသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားပြီးအမှုရင်ဆိုင်နေရသည်။

အင်းဝအပ်ချုပ်ဆိုင် မိသားစု ဝင်များသည် မိန်းကလေးငယ်များအား နှာခေါင်းကို ဓားဖြင့်ခုတ်ခြင်း၊ လက်ချောင်းများ လှန်ချိုးခြင်း၊ အရေပြားများကို မီးရှို့ခြင်း စသည့်ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သည်ဟု ၎င်းတို့၏ အုပ်ထိန်းသူ များက အနောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုထားသည်။

အဆိုပါ ဖြစ်ရပ်ကို ဖော်ထုတ်ခဲ့သည့် Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းအား နိုင်ငံတော်သမ္မတရုံးက ဂုဏ်ပြုဆု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းများဖော်ထုတ်ရာတွင် အရပ်သားများ ပူးပေါင်းပါဝင်မှုအတွက် ရဲချုပ်ဆု၊ မြန်မာသတင်းမီဒီယာကောင်စီက စတုတ္ထမဏ္ဍိုင်ဆုများနှင့် သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးက လည်း ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

သစ်ထုတ်လုပ်မှု တစ်နှစ်ရပ်ဆိုင်းခြင်း

သစ်တောပြုန်းတီးမှု ၁၀ နိုင်ငံစာရင်းတွင် တတိယနေရာသို့ ရောက်ခဲ့သော မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုကို အစိုးရသစ်လက်ထက်တွင် ၂၀၁၆ ဧပြီကစ၍ တစ်နှစ်ရပ်နားခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ပဲခူးရိုးမသစ်ထုတ်လုပ်မှုကိုလည်း ၁၀ နှစ်ခန့် ရပ်ဆိုင်းခဲ့သည်။

သစ်ထုတ်လုပ်ကွက်များ၏ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထား သော်လည်း အခြားစိုက်ခင်းမှ ထုတ်လုပ်သည့် သစ်များ မပါဝင်ပေ။ သစ်ထုတ်လုပ်မှု တစ်နှစ်ရပ်နားမည့် သတင်းများထွက်ပေါ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင်သတင်းမထုတ် ပြန်မီ အစိုးရသစ်သည် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြု လုပ်ခဲ့သဖြင့် အောင်မြင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၂၀၁၅ တွင် အဆိုးဆုံးဖြစ်ခဲ့သဖြင့် ပြန်လည်ကုစားသည့် အဆိုပါအစီအစဉ်သစ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကြိုဆိုကြသည်။ တစ်နိုင်ငံလုံးတွင် သစ်တောပြုန်း တီးမှု အများဆုံးဖြစ်ခဲ့သည့် ပဲခူးရိုးမကိုမူ ၁၀ နှစ်ခန့် သစ်ထုတ်လုပ်ခွင့်ပိတ်သည့် အစိုးရ၏ ခြေလှမ်းသစ်ကိုလည်း ထောက်ခံခဲ့သည်။

ပဲခူးရိုးမသည် မြန်မာနိုင်ငံတွင် ကျွန်းသစ်အများဆုံးပေါက်ရောက်သော ဒေသဖြစ်ပြီး ပေါက်သောကျွန်းသစ်အရည်အသွေးက ကမ္ဘာတွင် လူကြိုက်များနာမည်ကျော်သည်။

ကရုဏာသက်စရာ ဖြစ်ခဲ့ရသည့် နာဂဒေသကူးစက် ရောဂါဖြစ်ပွားမှု

ဝက်သက်ရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး နာဂဒေတွင် ၂၀၁၆ မေလမှ ဩဂုတ်အထိ လူပေါင်း ၆၈ ဦး သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ သေဆုံးရခြင်းမှာ ယင်းဒေသတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံနိုင်မှု ၂၀ ရာခိုင်နှုန်းသာရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ သတင်းအချက်အလက်ရရှိမှု အားနည်းခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာပေးမှုအပိုင်း၌ အားနည်းချက်များရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ဝေးလံခေါင်ဖျားသော ဒေသများ၏ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်များကို မီးမောင်းထိုးပြခဲ့သကဲ့သို့ ပညာရေး၊ စီးပွားရေးနှင့် လူမှုအဆင့်အတန်း နိမ့်ကျမှုအခြေအနေများကိုပါ သတိပြုမိစေခဲ့သည်။ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ယင်းဒေသများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အစိုးရ၏ အာရုံစိုက်မှုရပြီး ကျန်းမာရေး နှင့်ပတ်သက်၍လည်း ကာကွယ်ဆေးထိုးစီမံချက်များဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်သည်။

Top News