၂၀၁၆ အထင်ကရပြောစကားများ

‘‘ရောက်တုန်းရောက်ခိုက်မှာ ပြောချင်တာရှိရင် အစိုးရဘက်မှာ၊ အုပ်ချုပ်ရေးဘက်မှာ လိုအပ်နေတာရှိရင်၊ ပြောချင်တာရှိရင် အားမနာတမ်းပြော လို့ရပါတယ်။ ပြောချင်တာပြောလို့ရပါတယ်။ ချီးမွမ်းစကား၊ ၀မ်းသာစကား
ပြောဖို့ မဟုတ်ပါဘူး။ အခက်အခဲလေးတွေရှိရင် တင်ပြကြပါ။ ပြောကြပါ။ တတ်နိုင်သမျှ မှတ်သားသွားပြီးတော့ ပြည်သူ၊ ပြည်သားတွေရဲ့ လိုအင် ဆန္ဒကို တတ်နိုင်သမျှဖြည့်ဆည်းဖို့က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့  အစိုးရရဲ့ စိတ်ရင်း၊ စေတနာအရင်းပါဆိုတာ ပြောပါရစေ’’

ဦးထင်ကျော် (နိုင်ငံတော်သမ္မတ) (မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများထံသို့ လာရောက်တွေ့ ဆုံစဉ်ပြောကြားမှု)

‘‘ကျွန်မ လိုချင်တောင့်တမိတဲ့ အန္တိမရည်မှန်းချက်ကတော့ မြန်မာမှာ တာဝန်ဝတ္တရားတွေမရှိတော့တဲ့ အနေအထားမျိုး၊ ကျွန်မကို မလိုအပ်တော့မယ့်အနေအထားမျိုး၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ ကျွန်မ ပထမဆုံး ပါဝင်လာခဲ့ချိန်ကစပြီး ယူခဲ့တဲ့တာဝန်တွေအားလုံးတွေကနေ အနားယူနိုင်မယ့် အနေ အထားမျိုးပါပဲ’’

ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်) (CNN သတင်းဌာနနှင့် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော သီးသန့် အင်တာဗျူး၌ ပြောကြားမှု)


‘‘ကျွန်တော်ကတော့ ပြည်သူ့အသံကို နားစွင့်ရင်း ဩော်... ကားကျပ်တာ  ကားတွေများလာလို့၊ ကားတွေများတာ ၀ယ်စီးနိုင်ကြလို့၊ ၀ယ်စီးနိုင်တာ  စီးပွားရေး အဆင်ပြေလာလို့ ပြည်သူတွေ အစစအရာရာ အဆင်ပြေရင်  အဆဲခံရတာ ကျေနပ်ပါတယ်’’

ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) (မတ်လ ၁၈ ရက် သမ္မတ၏ ပူတာအိုခရီးစဉ်တွင် ဖုန်ကန်ရာ ဇီခန်းမ၌ တွေ့ဆုံပွဲ၌ ပြောကြားချက်)


‘‘လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက် ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီရဲ့

ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို အလေးအနက်သတိပြုရမှာဖြစ် ပါတယ်’’ 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (သြဂုတ် ၃၁ ရက်၂၁ ရာစု ပင်လုံညီလာခံတွင် ပြောကြားမှု) 

‘‘ဆယ်မိနစ်စကားပြောဖို့အတွက် နှစ်ပေါင်း၆၀စောင့်ရတယ်။ သက္ကရာဇ် အနေနဲ့ ဒီလိုအခွင့်အရေးမျိုးကို နှစ်ပေါင်းများစွာ စောင့်နေရတယ်။ဒီလို အခွင့်အရေးမရလို့ တောထဲ၊ တောင်ထဲ၊ တိုက်ပွဲထဲမှာ ကျဆုံးနေတဲ့ အစိုးရဘက်က တပ်မတော်သား ဘယ်နှယောက်ရှိလဲ၊ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲက ရဲဘော်ဘယ်နှယောက်  သေခဲ့သလဲ။ ဒီလူတွေရဲ့ အသက်၊ ဒီလူတွေရဲ့သွေး၊ အဲဒါကို ကျွန်တော် တို့အနေနဲ့ လေးစားဂုဏ်ပြုသင့်တယ်။ ငြိမ်းချမ်းရေးရဲ့ အဖိုးအခအဖြစ် အားလုံးကလေးစားသင့်တယ်’’

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးပူးတွဲကော်မတီဝင်) (မီဒီယာများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်စေနိုင်၍ နောင်တွင် ယင်းကဲ့သို့ မပြုလုပ်ရန် မေတ္တာရပ်ခံချက်)


‘‘နိုင်ငံတော်ရဲ့ ဘတ်ဂျက်ဟာလုံလောက်မှုမရှိပါဘူး။ ဒါပေမဲ့ လူတစ် ယောက်ဟာ တစ်နေ့လက်ဖက်ရည်တစ်ခွက်လျှော့သောက်ခြင်းအားဖြင့်၊ မိမိလျှော့သောက်လိုက်မယ့် လက်ဖက်ရည်တစ်ခွက်ဖိုးလေးကို ထည့်ခြင်း အားဖြင့် မျှဝေပေးမယ်ဆိုရင်၊ ပိုက်ဆံရှိတဲ့သူကလုပ်မယ်ဆိုရင် ဒါကျွန် တော်တို့ ၀န်ကြီးဌာနကနေ စတင်ပြီးအကောင်အထည်ဖော်မှာဖြစ်ပါ တယ်’’


ဒေါက်တာအောင်သူ (စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) (ဒီဇင်ဘာ ၁ ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော်၌ ပြောကြား)

‘‘လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခိုင်းတာ မဟုတ်ပါဘူး။ အရင်က လို ထမင်းတစ်နပ်လျှော့စားခိုင်းတာလည်း မဟုတ်ဘူး။ သုံးရာလောက် မျှဝေလိုက်ရင် ဆည်အလှူထဲပါသွားမယ့်သဘော ပြောတာပါ’’

ဒေါက်တာအောင်သူ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) (အမျိုးသားလွှတ်တော်၌ ဒီဇင်ဘာ ၂ ရက်က ထပ်မံရှင်းလင်းပြောကြားမှု)

‘‘ကျွန်တော်တို့ ဒီနေရာကနေ ရဲရဲဝံ့ဝံ့အာမခံရဲတယ်။ ကျွန်တော်တို့ ဒီအစိုးရတက်ပြီးနောက်ပိုင်း လမ်းတစ်လမ်းဟာ ငါးနှစ်မှမခံရင် အဲဒီအင်ဂျင်နီယာ ကို ထောင်ထဲပို့ ပစ်လိုက်မယ်’’ 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (ဆောက်လုပ်ရေးဝန်ကြီးဌာန) (ဧပြီ ၃၀ ရက်က နေပြည်တော်-ရန်ကုန်အမြန်လမ်းပေါ်ရှိ မိုင်တိုင် (၁၇၃) ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှု)


‘‘စောက်ရူး၊ စောက်ရူး၊ မင်းက အဲဒီဟာကို ငါ့လာမေးတာ မင်းက စောက်ရူး’’

ဦးဝင်းထိန် (၂၀၁၆ ခုနှစ် သြဂုတ်အတွင်းက လူထုပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးက အစိုးရအဖွဲ့ထဲမှ လူတချို့အပြောင်းအလဲဖြစ်မည်ဆို သည့် သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ပြောကြားမှု)

‘‘အကုန်လုံးလာစစ်နိုင်တယ်။ ဘယ်ကလာယူရမှာလဲ။ မင်းကလည်းကွာဦးမြင့်အောင်ရှင်းပြီးပြီပဲ။ ငါပိုက်ဆံယူတယ်ဆို ငါ့ကိုသေဒဏ်ပေးလိုက်’’

ဦးစိုးသိန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) (နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်လုပ်ငန်းရှင်များအ သင်းချုပ်ရုံးတွင်  ဇွန်လ ၃ရက် နံနက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားမှု)


‘‘မဘသ မလိုအပ်တော့ဘူး... ’’

ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)

‘‘အများပြည်သူကို ထုတ်ပြန်လိုက်တော့ ဘာဖြစ်သလဲဆိုတော့ အခုအခြေ အနေကိုကြည့်လေ၊ အခုကာလဒေသကိုကြည့်လေ။ အဲဒီကိုယ်စားလှယ် တွေအတွက် ရာဇ၀တ်မှုကို ဖိတ်ခေါ်သလိုဖြစ်မှာပေါ့။ အိမ်ဖောက်ခံရတာ တို့၊ လုယက်ခံရတာတို့၊ ဓားပြတိုက်ခံရတာတို့ ဖြစ်သွားမှာပေါ့’’ 

ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ /ဒီ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး) (အောက်တိုဘာ ၇ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံဝင်း အတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်တွင် ပြုလုပ်သော သတင်းထောက်များနှင့် တွေ့ဆုံပွဲ၌ ပြောကြားမှု)

‘‘အစာရေစာငတ်ပြတ်ပြီး ဖောက်လုပ်ခဲ့တဲ့အတွက် တန်ဖိုးရှိတဲ့လမ်းဖြစ်တယ်။ နာဂစ်မှာလူပေါင်း တစ်သိန်းသုံးသောင်းဟာ ဗြုန်းဆိုပြီး သေသွား တာဟာ တန်ဖိုးမရှိဘဲနဲ့ သေသွားကြတာ။ အခု ဒီသေမင်းတမန်လမ်းဟာ ရှစ်သောင်းကျော် ပြည်သူ၊ ပြည်သားများ  အသက်ပေးလိုက်တာဟာ တန်ဖိုးရှိတယ်။ နောက်ဆို ဒီရှစ်သောင်းကျော်အတွက် အထိမ်းအမှတ်အနေနဲ့ ကျောက်စာတိုင်ကို စိုက်ပါဦးမယ်’’ 

ဦးအုန်းမြင့် (မွန်ပြည်နယ်ဝန်ကြီးချုပ်) (မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် လွတ်လပ်ရေးနေ့က သမိုင်းဝင် သေမင်းတမန် မီးရထားလမ်းပြတိုက်ဖွင့်လှစ်ခဲ့ပြီး အဖွင့်စကားတွင် ထည့်သွင်းပြောကြားမှု)

 

Top News