သက်ငယ်မုဒိမ်းမှု စံချိန်တင်ပြီး၊ ရဲမဖမ်းနိုင်သည့် နာမည်ကြီး တရားခံများခဲ့သောနှစ်

ရန်ကုန်မြို့တွင် သက်ငယ်မုဒိမ်းမှုများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရေး ဆန္ဒထုတ်ဖော်နေကြသူများ (ဓာတ်ပုံ- နစ်ကီ)

၂၀၁၆ အတွင်း မြန်မာပြည်သူလူထုများကို တုန်လှုပ်စေခဲ့သည့် အမှုအခင်းများစွာ ဖြစ်ပွားခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ဖြစ် ပွားသော အမှုအခင်းများ၌ လေး လောင်းပြိုင်လူသတ်မှု၊ သုံး လောင်းပြိုင်လူသတ်မှုနှင့် သေ နတ်ပစ်ဖောက်၍ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှုတို့မှာ လူနေထူထပ် သော မြို့ကြီးများတွင် ဖြစ်ပွားခဲ့ သည်။ ထို့အပြင် ယခုနှစ်သည် သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုများ စံ ချိန်တင်မြင့်မားသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က တရားခံ များကို လက်ရ ဖမ်းဆီးနိုင်မှု နည်း ပါးသည့် နှစ်လည်းဖြစ်သည်။

သက်ငယ်မုဒိမ်းမှုစံချိန်တင်

မြန်မာနိုင်ငံရဲတပ်ဖွဲ့စာရင်း များအရ ၂၀၁၆ သည် တစ်နိုင်ငံ လုံး၌ သက်ငယ်မုဒိမ်းဖြစ်ပွားမှု စံချိန်တင်မြင့်မားသော နှစ်တစ် နှစ်ဖြစ်သည်။

အမျိုးသမီးနှင့် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ကော်မ တီ၏ စာရင်းများအရ ၂၀၁၆ တွင် သက်ငယ်မုဒိမ်းမှုပေါင်း ၅၃၄ မှုခန့်ဖြစ်ပွားခဲ့သည်။ ၂၀၁၅ က ၂၁၆ မှုသာ ဖြစ်ခဲ့သဖြင့် ၂၀၁၆ တွင် သက်ငယ်မုဒိမ်းမှု ထက်ဝက်ကျော်မြင့်တက်ခဲ့သော နှစ်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ အတွင်း သက်ငယ်မုဒိမ်းမှု ၅၅ မှုသာဖြစ်ပွားခဲ့သော်လည်း ၂၀၁၆ အောက်တိုဘာလကုန်အ ထိ သက်ငယ်မုဒိမ်းမှု ၁၃၀ အထိ ဖြစ်ပွားခဲ့သည်။ အဆိုပါပမာဏ အရ မြန်မာတစ်နိုင်ငံလုံးတွင် တစ် လလျှင် ကလေးသူငယ် ၁၃ ဦးခန့် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ သည့် အခြေအနေဖြစ်သည်။

ထို့အပြင် အဆိုပါကော်မတီ စာရင်းများအရ အသက်မပြည့် သေးသည့် ကလေးသူငယ်များ အား အဓမ္မပြုကျင့်သူအများစုမှာ အိမ်နီးချင်းများ ဖြစ်လေ့ရှိပြီး ဒုတိယအများဆုံးမှာ ဖခင်က ပြု ကျင့်သည့် အမှုများဖြစ် သည်။ ထို့ နောက် ပထွေးက ပြုကျင့်သည့် အမှုများက စတုတ္ထနေရာတွင်ရှိ သည်။ ထို့အပြင် ယခုနှစ် နိုဝင် ဘာတွင် မြ၀တီမြို့ရှိ စစ်ဘေး ရှောင်စခန်းမှ ကလေးသူငယ်တစ် ဦးအား ကျောင်းထိုင်ဆရာတော်က အဓမ္မပြုကျင့်မှုများနှင့် မုံရွာမြို့တွင် ဘုန်းကြီးက ဘုန်းကြီးကျောင်းသား နှစ်ဦးကိုအဓမ္မပြုကျင့်သည့်အမှုများ၊ အသက်မပြည့်သေး သည့် ကျောင်းသူကိုကျောင်းဆရာက အဓမ္မပြုကျင့်မှုများနှင့် သမီးကို ခြိမ်းခြောက်၍ ရက်အတန်ကြာသည်အထိ အဓမ္မပြုကျင့်သည့်အမှုများလည်း ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည်။ ပြည်သူ အများစုက သက်ငယ်မုဒိမ်းများနှင့် ပတ်သက်၍ ပြင်းထန်စွာ အရေးယူကိုင်တွယ်ရန် နိုဝင်ဘာ ဒုတိယပတ်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ယခုနှစ်ကုန်ပိုင်းတွင်တော့ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် သည့် အမှုဖြစ်စဉ်အချို့ရှိလာ သည်။ ပြည်မြို့တွင် အသက် (၁၂) နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင် ဆရာတော်တစ်ပါးကို လူဝတ်လဲ ၍ ထောင်အနှစ် ၂၀ ချခြင်း၊ ၀ါး ခယ်မမြို့နယ်ရှိ ကျေးရွာတစ်ရွာ တွင် သမီးအရင်းအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် ဖခင်ကို ထောင် အနှစ် ၂၀ ချမှတ်ခြင်းနှင့် ပေါက် တောတွင် အသက် (၇)နှစ် အ ရွယ် ကလေးငယ်အား အဓမ္မပြု ကျင့်သည့် အသက် (၂၀)ကျော်အ ရွယ် တရားခံကို ထောင်အနှစ် ၂၀ ချမှတ်ခြင်း စသည်တို့ဖြစ်သည်။

နေခင်းကြောင်တောင် မိန်းကလေးငယ်ကိုဓားထောက်၍ ငွေတောင်းကာ အနုကြမ်းစီးနေသည်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားသူက ပုံကိုပြန်လည်ပြသနေစဉ် (ဓာတ်ပုံ − စံကျော်)

ပြည်သူများကို တုန်လှုပ်စေခဲ့သော လူသတ်မှုများ

၂၀၁၆ တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုက တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ သည်။  သြဂုတ် ၂၀ ရက်က ရန်ကုန် မြို့ မင်္ဂလာဒုံမြို့နယ်တွင်းရှိ ရဲဝန် ထမ်းတစ်ဦးနှင့် မိသားစုဝင်သုံးဦး ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ခြင်းဖြစ်ပြီး တရားခံကိုလည်း ယခု အချိန်အထိ ဖမ်းဆီးရမိခြင်းမရှိ ပေ။ ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်း ရွာတစ်ရွာတွင်လည်း သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား ခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်း ဟင်္သာတတက္ကသိုလ်အနီးရှိ ချစ် သူလမ်းကြားတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှာလည်း ၂၀၁၆ ၌ ထူးခြားသော လူသတ်မှုတစ်ခုဖြစ်ခဲ့ သည်။ သူနာပြုဆရာမက ကျန်းမာရေးမှူးနှင့် ပူးပေါင်းကြံစည်၍ ၎င်း၏ရည်းစားဟောင်းဖြစ်သူ ကျောင်းဆရာကို ကာမအားတိုးဆေးများ ထိုးကာ သတ်ပစ်ခဲ့သည့်အမှုဖြစ် သည်။ လူသေအလောင်းကို ချစ်သူလမ်းကြားဘေး လယ်ကွက်၌ မြှုပ် ထားခဲ့ပြီး ရက်အတန်ကြာတွင် ခွေးတစ်ကောင်က မြေကြီးကို တူးယက်ရာမှ လူသေအလောင်းပေါ် လာခြင်းဖြစ်သည်။ ယခုနှစ် လူ သတ်မှုဖြစ်ပွားနှုန်းမှာ ၂၀၁၅ ကထက် အကြိမ်ရေလျော့နည်းခဲ့ သော်လည်း ရက်ရက်စက်စက် သတ်ဖြတ်သည့် လူသတ်မှုများ များပြားခဲ့သည်။ ၂၀၁၅ တွင် လူ သတ်မှုပေါင်း ၁,၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၂၀၁၆ ၌ လူသတ်မှု ၁,၀၀၀ ခန့်ရှိခဲ့သည်။ လူအများ အံ့အား သင့်တုန်လှုပ်ခဲ့ရသည့်အမှုများကို  နမူနာပြရလျှင်ရန်ကုန်မြို့အင်းစိန်မြို့နယ်တွင်ဇူလိုင်လကုန်က ရွှေထည်ပစ္စည်းများ ယူဆောင်ရန် မိခင်အရင်းကို ဓားဖြင့်ထိုး၍ ထွက်ပြေးခဲ့သည့်အမှု၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ပန်ဆန်းကျေးရွာတွင် သြဂုတ် ၃၀ ရက်က ဖခင် အ ရင်းကို ဓားမဖြင့်ခုတ်သတ်မှု၊ ကယားပြည်နယ် လွိုင်ကော်မြို့ ကျေးရွာတစ်ရွာတွင် အမျိုးသမီး ချင်း အကြွေးတောင်းရာမှ စကား များပြီး ဓားဖြင့် အပိုင်းပိုင်းခုတ် သတ်၍ မီးရှို့ကာ အိမ်သာကျင်းထဲ ပစ်ချထားသည့်အမှု၊ ရန်ကုန်မြို့ လယ်ကောင် ၃၅ လမ်း(အလယ်ဘ လောက်) သုံးလွှာတွင် နေထိုင် သည့် သားအမိနှစ်ဦးအား ဆွေ မျိုးတော်စပ်သူ အမျိုးသားက နေ့ ခင်းကြောင်တောင် သံတုတ်ဖြင့် တက်ရိုက်ကာ သုံးလွှာ နောက်ဖေးပေါက်မှ ခုန်ချထွက်ပြေးမှု စ သည်ဖြင့် အံ့အားသင့်ဖွယ်ရာ အမှု အခင်းများ ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့စွမ်းဆောင်ရည်ကို အကဲ စမ်းသော လုယက်မှုနှင့်အနုကြမ်း စီးမှုများ

ရဲတပ်ဖွဲ့၏ မှတ်တမ်းများအ ဆိုအရ ၂၀၁၆ တွင် လုယက်မှုများ လည်း ယခင်နှစ်ထက် နည်းပါးခဲ့ သည်။ ၂၀၁၅ တွင် လုယက်မှုများ နှင့် ပစ္စည်းခိုးမှုများ ၂၂၀ ခန့်ရှိခဲ့ သော်လည်း ယခုနှစ်တွင် ၁၉၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ် တမ်းတွင် တွေ့ရ၏။ သို့သော် လည်း ပြည်သူများ အထိတ်တလန့်ဖြစ်စေခဲ့သည့် အနုကြမ်းစီးမှုနှင့် ပြန်ပေးဆွဲမှုများ ယခုနှစ်ကုန်ခါနီး တွင် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၃ ရက်က အမျိုးသားနှစ်ဦး စမ်း ချောင်းမြို့နယ် ရှမ်းကုန်းလမ်းအ တွင်းရှိ ငွေလဲကောင်တာကို သေ နတ်ဖြင့် ပစ်ဖောက်ဓားပြတိုက်ကာ ဒေါ်လာနှင့် ငွေများယူဆောင်သွား ခဲ့ခြင်းဖြစ်သည်။ ဧပြီ အတွင်းက လည်း အမျိုးသားတစ်ဦးက ကြည် မြင့်တိုင်ရှိ နေအိမ်တစ်ခုမှ  ကလေး ကို ဓားဖြင့်ထောက်ကာ အနုကြမ်း စီးငွေ တောင်းခံမှုဖြစ်ပွားခဲ့သည်။ ထို့နောက် ကလေးငယ်ကို ဓားဖြင့် ထောက်ကာ ဖခင်ကို ကားမောင်း လိုက်ပို့ခိုင်းပြီး ဟံသာဝတီဘူတာ အရောက်တွင် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မန္တလေးကျုံး အနောက်ဘက် လမ်း ၈၀×၈၁လမ်း၊ ၁၃×၁၄ လမ်းကြား၊တောင်တစ်လုံးဝင်းအတွင်း နေအိမ်တွင် စက်တင်ဘာ ၆ ရက်က အိမ်ရှင် အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး အနုကြမ်းစီးခဲ့ကာ အမျိုးသမီးမှာ ဓား ဒဏ်ရာရရှိခဲ့သည်။

၂၀၁၆ တွင် ဖြစ်ပွားခဲ့သော အမှုများအနက် လူသတ်မှုများနှင့် ထိတ်လန့်ဖွယ် အနုကြမ်းစီးမှုများ ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ ခြင်းမရှိသေးပေ။ မင်္ဂလာဒုံမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် လေး လောင်းပြိုင်လူသတ်မှုနှင့် စမ်း ချောင်းမြို့နယ်မှ ငွေလဲကောင်တာ ဓားပြတိုက်မှု၊ ကြည့်မြင်တိုင် အနု ကြမ်းစီးမှု စသည့် ထိတ်လန့်ဖွယ် အမှုကြီးများတွင် တရားခံ၏ CCTV မှ ပုံရိပ်၊ ခဲခြစ်ပုံကြမ်း စသည်တို့ကို သက်သေအဖြစ် ရရှိသော်လည်း ရှာဖွေဖမ်းဆီး နိုင်ခြင်းမရှိသေးပေ။ ထို့အပြင် မြို့နယ်အသီးသီးတွင် ဖြစ်ပွားသည့် လူသတ်မှုများ၌ တရားခံမတွေ့သောကြောင့် ရဲ အရာရှိအချို့ကိုပင် ပြောင်းရွှေ့ တာဝန်ပေးခဲ့ရသည်။ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ အရေးယူမဖော် ထုတ်နိုင်သေးသည့် မှုခင်းများက ယခင်နှစ်ထက် ပို၍ များပြားနေ သည်။ နှိုင်းယှဉ်ပြရမည်ဆိုလျှင် ၂၀၁၅ တွင် တရားခံ မမိသေးသည့် အမှုကြီး ၁၁ မှုနှင့် လူသတ်မှုတစ်မှု သာရှိသည်။ ယခုနှစ်၌ အမှုကြီး ၂၀ ကျော်နှင့် လူသတ်မှုကိုးမှုမှာ တရားခံ ဖမ်းဆီးမရသေးပေ။ ယခု နှစ်သည် အစိုးရသစ် စတင်တာ ၀န်ယူသည့် နှစ်လည်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအာရုံစိုက် သော ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်သောအရပ်သား အစိုးရ လက်ထက်တွင် ပြည်သူများက တရားဥပဒေစိုးမိုးရေးအတွက် ယခင်ထက်ပို၍ မျှော်လင့်ခဲ့ကြ သည်။ ပြည်သူ့အစိုးရလက်ထက် တွင် ရဲတပ်ဖွဲ့ကလည်း မိမိတို့၏ ပင်မတာဝန်ဖြစ်သော တရားဥပ ဒေစိုးမိုးရေးကို အကောင်းဆုံး စွမ်း ဆောင်ပြရင်း ပြည်သူအများအား ကိုးရသည့် ပြည်သူ့ရဲများဖြစ်လာ ရန်မျှော်လင့်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ မင်းမဲ့စရိုက်ဆန် ဆန် ဖြစ်ပွားခဲ့သော မှုခင်းကြီး အချို့တွင် တရားခံများကို မဖော် ထုတ်နိုင်၍ ရဲတပ်ဖွဲ့၏ စွမ်းဆောင် ရည်အပေါ် မေးခွန်းထုတ်မှု ပိုမို ကျယ်လောင်နေပါသည်။   ။

Top News