၂၀၁၆ တွင် ကြွေလွင့်ခဲ့သူများ

ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး (ဓာတ်ပုံများ − ကျော်ဇင်သန်း)

၂၀၁၆ အတွင်း မြန်မာပြည် သူများကြားတွင် ကျော်ကြားသော၊ လူသိများသော လူပုဂ္ဂိုလ်များ ကွယ်လွန်အနိစ္စရောက်ကြသည်။ ဘာသာရေးနယ်ပယ်တွင် သက် တော်ဝါတော်ကြီးသည့် ဆရာ တော်ကြီးများ ပျံလွန်တော်မူခဲ့ကြ သကဲ့သို့ နိုင်ငံရေးနယ်ပယ်တွင် လည်း ၀ါရင့်နိုင်ငံရေးသမားကြီးအ ချို့ အပါအ၀င် ကျော်ကြားသူအ ချို့ ကွယ်လွန်အနိစ္စရောက်ခဲ့ကြ သည်။ စာပေအနုပညာနယ်ပယ် တွင်မူ ၂၀၁၆ သည် အဆုံးအရှုံးများခဲ့ပြီး စာပေပညာရှင်ကြီးများ ကွယ်လွန်ခဲ့သော နှစ်တစ်နှစ်ဖြစ် သည်။

ဘာသာရေးနယ်ပယ်

ဘာသာရေး နယ်ပယ်တွင် ရွှေတောင်ကုန်းဆရာတော်ကြီးဟု ကျော်ကြားသည့် အရှင်ပဏ္ဍိတာဘိဝံသမှာ ဧပြီ ၁၆ ရက်တွင် ဘ၀ နတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ။ ပဏ္ဍိတာရာမ တောရစခန်းတို့၏ ကျေးဇူးတော်ရှင် ဦးသျှောင်ဆရာ တော်ကြီးဖြစ်ပြီး ပျံလွန်တော်မူချိန် တွင် သက်တော် (၉၅)နှစ်၊ ၀ါ တော် (၇၅)၀ါရှိပြီဖြစ်သည်။ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ ဘာမွန်ဂတ် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေစဉ် ခန္ဓာဝန်ချုပ်ငြိမ်းခဲ့ခြင်းဖြစ်သည်။ ဆံရစ်ဝိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းပေးခဲ့သော နာမည်ကျော်ဆရာတော်ဖြစ်သည့်ညောင်ဦးမြို့နယ် စက်စက်ယို ကျေးရွာမှ ဆရာတော် ဦးနာဒရမှာလည်း သြဂုတ် ၂၀ ရက်က ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၇၉)နှစ်၊ ၀ါတော် (၅၉)၀ါ ရှိပြီဖြစ်သည်။


(ဓာတ်ပုံများ − ကျော်ဇင်သန်း)

သခင်သိန်းဖေ

စာပေနှင့် အနုပညာနယ်ပယ်

၂၀၁၆ သည် စာပေအနု ပညာနယ်ပယ်တွင် ဆုံးရှုံးမှုကြီး မားသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ယခုနှစ်တွင် ကြွေလွင့်ခဲ့ရသော နာမည်ကျော် စာပေ ပညာရှင်၊ အနုပညာရှင် အရေအတွက် များ ပြားခဲ့သည်။ စာပေနယ်၏ ကြယ်ပွင့်ကြီးများမှာ ရှေ့ဆင့်နောက်ဆင့် အနိစ္စရောက်ခဲ့ပြီး စာပေလောကအတွက် အစားထိုးမရသူများထွက်ခွာသွားသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ 


(ဓာတ်ပုံများ − ကျော်ဇင်သန်း)

ဟင်္သာတထွန်းရင်

အထင်ကရအနေဖြင့် ပိုစ့်မော်ဒန်စာပေ၏ မီးရှူးတန်ဆောင်ဟု လေးစားသမှုပြုရသည့် ဆရာ ဇော်ဇော်အောင်မှာ ၂၀၁၆ ဇန်န၀ါ ရီ ၂၆ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် (၇၉)နှစ် ရှိပြီဖြစ်သော ဆရာကြီးမှာ မြန်မာ စာပေလောကနှင့် ပိုစ့်မော်ဒန်လော ကအတွက် မှတ်ကျောက်ပြုစရာ စာပေများစွာ ထားရှိခဲ့သူဖြစ်၏။ ၂၀၁၆ ဖေဖော်ဝါရီ ၂၆ ရက်တွင်တော့ ကဗျာများစွာ ရေးသားခဲ့သည့် ကဗျာဆရာ၊ စာရေးဆရာ မောင်လင်းယုန် (ရှမ်းပြည်)သည် ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၃) နှစ်အရွယ်ရှိပြီဖြစ်သော မောင်လင်းယုန် (ရှမ်းပြည်)မှာ စာပေနယ်အတွက် အကျိုးများစွာပြုခဲ့ပြီး လူငယ်စာပေသမားများ၊ ကျောင်းသားများကို နိုင်ငံတကာ စာပေ၊ သုတရသစာပေနှင့် ကဗျာဘာသာပြန် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထို့ပြင် စာပေနယ်၏နောက်ထပ်ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ် အမျိုးသားစာပေဆုရှင်စာရေးဆရာကြီး မောင်သာရသည်၂၀၁၆ ဖေဖော်ဝါရီ ၂၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၅) နှစ်ရှိပြီ ဖြစ်သောမောင်သာရ၏ စာပေလက်ရာ အများစုမှာ စကားပြောဟန်ဖြင့် ရေးသားခြင်းဖြစ်ပြီး လူမှုဘ၀သရုပ်ဖော်များ ရေးသားရာ၌ ပီပြင်လွန်းသည့် စာရေးဆရာကြီးတစ်ဦးအဖြစ် စာပေနယ်တွင် ထင်ရှား၏။ နောက်ထပ် ကြွေလွင့်ခဲ့သူတစ်ဦးကတော့ ၂၀၁၁ အမျိုးသားစာပေဆုရ စာရေးဆရာ မြတ်ငြိမ်း ဖြစ်သည်။ ဇူလိုင် ၃ ရက်က အသက် (၇၇) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော ဆရာမြတ်ငြိမ်းမှာလည်း စာပေလောက၏ ဘာသာပြန် ရသသုတ စာပေများအတွက် အင်အား ကောင်းသည့် ဒေါက်တိုင် တစ် ချောင်း ဖြစ်ခဲ့သည်။ ‘ဖိလစ်ပိုင် အ မျိုးသား အာဇာနည်ဒေါက်တာရီ ဇော်’ ‘ဟစ်တလာကို ပြန်လည်မွေး ဖွားသူ’၊‘နှလုံးသားထဲမှာ အဖြေ ရှာ’၊ ‘ဦးထုပ်ခြောက်လုံးတွေးခေါ် နည်း’ တို့မှာ ဆရာမြတ်ငြိမ်း၏ ထင်ရှားသော စာပေလက်ရာများ ဖြစ်၏။ ထို့အပြင် စာပေလောက အပြင် အခြားသောအနုပညာနယ် ပယ်မှ ရှေ့မီနောက်မီ အထင် ကရပုဂ္ဂိုလ်ကြီးများလည်း ကွယ် လွန်ခဲ့ကြသည်။ စာရေးဆရာ၊ သ တင်းစာဆရာကြီး မေမြို့ချစ်ဆွေ သည် အသက် (၈၄)နှစ်တွင် ၎င်း ၏ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ထို့အပြင် ဟာသသရုပ်ဆောင် လူ ရွှင်တော်ရှက်တယ်မှာ အစာအိမ် သွေးကြောပေါက်သည့် ဝေဒနာ ဖြင့် မေလ ၂၁ ရက်တွင် ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာန၌ကွယ် လွန်ခဲ့သည်။ ထို့အပြင် ဇာတ်သ ဘင် အနုပညာလောကတွင် ရွှေ မန်းသဘင်မှ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သား ဇာတ် သဘင်ပညာရှင်၊ ရုပ်ရှင်သရုပ် ဆောင် ၀င်းဗိုလ်မှာ ၂၀၁၆ ဇန်န ၀ါရီ ၁ ရက်တွင် နှလုံးရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။ ၀ိတိုရိယဆေး ရုံတွင် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန် ချိန်၌ အသက် (၇၂)နှစ်ရှိပြီဖြစ် သည်။ ထို့အပြင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအနေဖြင့် အနုပညာ နယ်ပယ်၏ ဂန္တ၀င်တစ်ဦးဖြစ်ပြီး ကျေးလက်တေးသီချင်များဖြင့် ကျော်ကြားခဲ့သည့် နိုင်ငံကျော်အ ဆိုတော် ဟင်္သာတထွန်းရင်သည် ၂၀၁၆ နှစ်ကုန်ခါနီး နိုဝင်ဘာ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။ ‘မိသားစုကန်တော့ပွဲ’၊ ‘အမေနဲ့ ရွာကိုလွမ်းတယ်’၊ ‘စာဥရယ် ရွာရောက်ပြန်ခဲ့ပါ’ တေးသီချင်းများဖြင့် နိုင်ငံတစ်ဝန်းကျော်ကြားခဲ့သော ဟင်္သာတထွန်းရင်သည် အသက် (၇၇)နှစ် အရွယ်တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး (ဓာတ်ပုံများ − ကျော်ဇင်သန်း)

နိုင်ငံရေးနယ်ပယ်

၂၀၁၆ တွင် နိုင်ငံရေးနယ် ပယ်၌လည်း ကြွေလွင့်သူများရှိခဲ့ သည်။ ကြွေလွင့်သူများထဲတွင် လူ သိများသော နိုင်ငံရေးသမား အ နည်းငယ်နှင့် တို့ဗမာအစည်းအရုံး ၀င် သခင်သိန်းဖေနှင့် ကရင်တိုင်း ရင်းသား လက်နက်ကိုင် ခေါင်း ဆောင် တစ်ဦးတို့လည်း ပါဝင်ခဲ့ သည်။ဝါးခယ်မသိန်းဖေဟု ခေါ်ဆို ကြသည့် တို့ဗမာအစည်းအရုံးဝင် သခင်သိန်းဖေသည် အောက်တို ဘာ ၁၉ ရက်က ၎င်း၏ နေအိမ်မှာပင် ကွယ်လွန်ခဲ့သည်။ သခင် သိန်းဖေသည် ကွယ်လွန်ချိန်တွင် အသက် (၁၀၁)နှစ်ရှိပြီး လူကြီး ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ် သည်။ ကိုလိုနီခေတ်တွင် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲများ၌ ပါဝင်ခဲ့သလို အာ ဏာရှင်လက်အောက်တွင်လည်း နိုင်ငံရေးလုပ်ငန်းများ၌ တက်ကြွ စွာ ပါဝင်လုပ်ဆောင်ခဲ့သည်။

ထို့ပြင် ယခင်သမ္မတရုံး အ ကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်(အငြိမ်း စား) ဦးအံ့မောင်မှာ ဇွန်လ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့သည်။ ၎င်း သည် မောင်အံ (မဟာဝိဇ္ဇာဘုံဘေ) ကလောင်အမည်ဖြင့် ဘာသာ၊ သာသနာဆိုင်ရာ စာပေများရေးသားခဲ့ပြီး သာသနာတော်နှစ် ၂၅၀၀ ခရီးမှာ ထင်ရှားသည်။တပ်မတော် အစိုးရလက်ထက် တစ်လျှောက် သာသနာရေး ဦးစီးဌာနကို ဦးဆောင်ခဲ့သူလည်းဖြစ်ပြီး ၂၀၁၄ အတွင်း ဖြစ်ပွားသော သန္တိသုခကျောင်းတိုက်ကို ညအချိန်မတော် ၀င်ရောက်စီးနင်းမှု၏နောက်ကွယ်တွင် ပါဝင်သူတစ်ဦးအဖြစ် နာမည်ထွက်ခဲ့သည်။

ထို့အပြင် ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် (DKBA)မှ ဗိုလ်နှုတ်ခမ်းမွှေးဟု လူသိများ သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်မှာလည်း မတ်လ ၁၃ ရက် မွန်းလွဲပိုင်းတွင် ကွယ် လွန်ခဲ့သည်။ ဗိုလ်ချုပ်ကြီး စော လားပွယ်သည် အသက် (၅၄) နှစ် အရွယ်ရှိနေပြီဖြစ်ပြီး နာတာရှည် လည်ချောင်း ကင်ဆာရောဂါဖြင့် ပဲခူးပြည်သူ့ဆေးရုံတွင် ကွယ်လွန် ခဲ့ခြင်းဖြစ်၏။ ၂၀၁၀ ရွေးကောက် ပွဲကာလက မြ၀တီမြို့ဝန်းကျင် တွင် ဖြစ်ပွားသည့် တိုက်ပွဲများ၌ ဗိုလ်နှုတ်ခမ်းမွှေးမှာ ထင်ရှားခဲ့ သည်။

ထို့အပြင် ၂၀၁၆ ၌ ကွယ် လွန်မှုများအနက် မင်းတုန်းမင်း တရားကြီး၏ တီတော်စပ်သည့် ဒေါက်တာချိုနွယ်ဦးသည် အသက် (၈၁)နှစ်အရွယ်တွင် အမေရိကန် နိုင်ငံ၌ ကွယ်လွန်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီ ၇ မိနစ်က အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ် Leesburg မြို့တွင် အနိစ္စရောက်ခြင်းဖြစ်သည်။

Top News