ဓာတ်ပုံများကပြောသော ၂၀၁၆

ရန်ကုန်မြို့တွင်း လျှပ်စစ်ရထား ပြန်လည်ပြေးဆွဲနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)


မြန်မာနိုင်ငံတွင် ပထမဆုံးဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိပြီးနောက် ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခု၌ ခြင်ဆေးဖျန်းနေသူတစ်ဦး (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

၂၁ ရာစု ပင်လုံညီလာခံတွင် မိုဘိုင်းဖုန်းဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော တပ်မတော်သားနှင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့ (ဓာတ်ပုံ-စိုင်းဇော်)

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပုဂံစေတီပုထိုးများကို လိုက်လံ ကြည့်ရှုစစ်ဆေးနေသည့် သမ္မတဦးထင်ကျော် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်တိုင်းအစိုးရက ကျူးကျော်နေထိုင်သူများအတွက် ထုတ်ပေးသော သက်သေခံကတ်ပြားကို ပြသနေသည့် မိသားစု (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် မိုးရေထဲတွင်စောင့်ဆိုင်းနေသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ဒုဝန်ကြီးတာဝန်မှ ရပ်စဲခံရသူ ဒေါက်တာထွန်းဝင်းကို လေဆိပ်၌ ကြိုဆိုနေသူများ (ဓာတ်ပုံ - နစ်ကီ)

ယခုနှစ်တွင် BRT ယာဉ်လိုင်းများ စတင်ပြေးဆွဲလာသည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)

ယခင်အစိုးရလက်ထက် ၂၀၁၆ ဇန်နဝါရီလက နေအိမ်များ အင်အားသုံး ဖယ်ရှားခံရ၍ ဝမ်းနည်းပူဆွေးနေသော ကျူးကျော်မိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်)

မင်္ဂလာဈေးမီးလောင်စဉ် ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-နစ်ကီ)

Top News