၂၀၁၆ နိုင်ငံတကာ ထူးခြားရက်စွဲများ

ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရို၏ ခေါင်းတလားကို မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာစဉ် (Carlos Garcia / reuters)

ဇန်န၀ါရီ

ဇန်န၀ါရီ ၃ ရက်- ရှီးဟိုက်ဘာသာရေးခေါင်းဆောင် အယ်လ်နီမာကို ဆော်ဒီသတ်ဖြတ်မှုကြောင့် နှစ်ဖက်အဆင်မပြေဖြစ်ကာ ဆော်ဒီအာရေး ဗီးယားနှင့် အီရန်သံတမန်ရေး အဆက်ပြတ်သည်။

ဇန်န၀ါရီ ၈ ရက်- ကမ္ဘာ့အင်အားအကြီးဆုံး မက္ကဆီကို မူးယစ်ရာဇာ ဂက်စ်မန်းအား ထောင်မှထွက်ပြေးပြီးနောက် ပြန်လည်ဖမ်းဆီးရမိခဲ့ သည်။

ဇန်န၀ါရီ ၁၆ ရက်- အီရန်က နျူလက်နက်များဖျက်သိမ်းမှု လုံလောက်စွာ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ပြော ကြားပြီး ကုလသမဂ္ဂက ပိတ်ဆို့တားဆီးမှုများ ဖယ်ရှားခဲ့သည်။

ဇန်န၀ါရီ ၂၈ ရက်- ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီ ၇ ရက်- မြောက်ကိုရီးယားနိုင်ငံက တာဝေးပြေးဒုံးပျံ တစ်စင်းကို အာကာသထဲ ပစ်လွှတ်ခဲ့သည်။ ယင်းမှာ ကုလသဘောတူ ညီချက်အများအပြားကို ချိုးဖောက်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ရှုတ်ချမှု များ ထွက်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်- ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရုရှားရှေးရိုး စွဲဘုရားကျောင်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ ၁၀၅၄ နောက်ပိုင်း ပထမဆုံး ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

မတ်

မတ်လ ၂၁ ရက်- နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက ကွန်ဂိုဒုတိယ သမ္မတဟောင်း ဂျင်ပီယာဘမ်ဘာသည် စစ်အတွင်းပြစ်မှုကျူးလွန်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှု၌ အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

မတ်လ ၂၂ ရက်- ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ချိတ်ဆက် လုပ်ဆောင်သော ဗုံးခွဲမှုသုံးခုကြောင့် လူ ၃၂ ဦးသေဆုံးပြီး ၂၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၂၄ ရက်- ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒို ဗန်ကာရာဇစ်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခဲ့သည်။

မတ်လ ၂၇ ရက်- ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် အသေခံဗုံးခွဲမှု တစ်ခုကြောင့် လူပေါင်း ၇၅ ဦးသေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ဧပြီ

ဧပြီ ၂ ရက်- နာဂါနို-ကာရာဆတ်ဒေသ၌ အာမေးနီးယားနှင့် အဇာ ဘိုင်ဂျန်စစ်ဘက်ကြား တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၉၃ ဦး သေဆုံးခဲ့ သည်။

ဧပြီ ၃ ရက်- ပနားမားဥပဒေကုမ္ပဏီ မော့ဆက်ဖွန်ဆီကာ၏ လျှို့ဝှက် စာရွက်စာတမ်း ၁၁ သန်းခွဲ မီဒီယာသို့ ပေါက်ကြားခဲ့သည်။

မေ

မေလ ၁၉ ရက်- လူပေါင်း ၆၆ ဦးလိုက်ပါခဲ့သော အီဂျစ်လေကြောင်း ခရီးစဉ် ၈၀၄ သည် ပါရီမှ ကိုင်ရိုသို့ ပျံသန်းနေစဉ် မြေထဲပင်လယ်တွင် ပျက်ကျခဲ့သည်။

မေလ ၃၀ ရက်- ချက်သမ္မတဟောင်း ဟိုင်ဆင်ဟာဘရီသည် ၁၉၈၂-၁၉၉၀ အုပ်ချုပ်မှုကာလအတွင်း လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ် ခံခဲ့ရသည်။

ဇွန်

ဇွန်လ ၁ ရက်- ကမ္ဘာ့အနက်ဆုံးနှင့် အရှည်ဆုံးမြေအောက်လိုဏ်ခေါင်း မီးရထားလမ်း Gotthand Base Tunnel ကို ဆွစ်ဇာလန်နိုင်ငံတွင် ဖွင့်လှစ်သည်။

ဇွန်လ ၂၃ ရက်- ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာရန် လူထုဆန္ဒ ခံယူပွဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။

ဇွန်လ ၂၈ ရက်- တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အက်တာကပ် လေဆိပ်ဗုံးခွဲမှုမှာ ၎င်းတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့က ပြောသည်။ ယင်းတိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးသေဆုံးပြီး ၂၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်

ဇူလိုင် ၄ ရက်- နာဆာ၏ ဂျူနိုအာကာသယာဉ်သည် ဂျူပီတာဂြိုဟ် ပတ်လမ်းကြောင်းအတွင်းဝင်ရောက်ပြီး လပေါင်း ၂၀ ကြာ လေ့လာမှု စတင်သည်။

ဇူလိုင် ၁၂ ရက်- တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ နယ် မြေပိုင်ဆိုင်မှုပြောဆိုမှုများ ဥပဒေအရအကျုံးမ၀င်ကြောင်း အငြင်းပွားမှု ဖြေရှင်းရေး အမြဲတမ်းတရားရုံးက ဆုံးဖြတ်သည်။

ဇူလိုင် ၂၆ ရက်- Solar Impulse-2 သည် ကမ္ဘာကိုပတ်သော ပထမ ဆုံး နေစွမ်းအင်သုံးလေယာဉ်ဖြစ်လာခဲ့သည်။

သြဂုတ် 

သြဂုတ် ၅-၂၁ ရက်- ၂၀၁၆ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပခဲ့သည်။

သြဂုတ် ၃၁ ရက်- ဘရာဇီးသမ္မတ ဒီလ်မာရူးဆက်ဖ်ကို စွပ်စွဲပြစ်တင်ရန် ဘရာဇီးအထက်လွှတ်တော်က ၆၁-၂၀ မဲဖြင့် ထောက်ခံဆုံးဖြတ်ခဲ့သည်။

စက်တင်ဘာ

စက်တင်ဘာ ၃ ရက်- ကမ္ဘာ့ကာဗွန် ၄၀ ရာခိုင်နှုန်းထုတ်လွှတ်သောအမေရိကန်နှင့် တရုတ်တို့က ပါရီရာသီဥတုပြောင်းလဲမှု သဘောတူညီ ချက်ကို အတည်ပြုသည်။

စက်တင်ဘာ ၉ ရက်- မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ ပဉ္စမမြောက် နှင့် အကြီးဆုံး နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက်- မလေးရှားလေကြောင်းအမှတ်စဉ် (၁၇) သည် ရုရှားလိုလားသောသူပုန်များထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်း၌ ပျံသန်းစဉ် Bak ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု နိုင်ငံတကာစုံစမ်း စစ်ဆေးရေးအဖွဲ့က ကောက်ချက်ချသည်။

အောက်တိုဘာ

အောက်တိုဘာ ၁၃ ရက်- ဗြိတိသျှတို့ဦးဆောင်သော ဓနသဟာယ အဖွဲ့မှ နုတ်ထွက်ကြောင်း မော်လဒိုက်နိုင်ငံက ဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာ ၁၅ ရက်- မွန်ထရီရယ်သဘောတူညီချက်ကို ပြင် ဆင်မှုအဖြစ် ဟိုက်ဒရိုဖလူရိုကာဗွန်(HFCS)များ လျှော့ချဖြတ်တောက်ရေး UNEP ထိပ်သီးအစည်းအဝေး၌ နိုင်ငံပေါင်း ၁၅၀ က သဘောတူသည်။

နိုဝင်ဘာ

နိုဝင်ဘာ ၈ ရက်- အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပက် ဘလေကန်ဒေါ်နယ်ထရန့်က ဒီမိုကရက်ဟီလာရီကလင်တန်ကို အနိုင်ရ ရှိခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်- တောင်အာဖရိကသမ္မတ ဂျက်ကော့ဘ်ဇူးမားသည် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် အယုံအကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်- တောင်ကိုရီးယားနိုင်ငံသား တစ်သန်းခန့် သမ္မတ အိမ်တော်အနီးစုဝေးပြီး သမ္မတပတ်ဂွန်ဟေးနုတ်ထွက်ရန် တောင်းဆိုခဲ့ သည်။

နိုဝင်ဘာ ၂၅ ရက်- ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကက်စထရို ကွယ်လွန်ခဲ့သည်။

ဒီဇင်ဘာ

ဒီဇင်ဘာ ၁ ရက်- လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီ က ကြေညာသည်။

ဒီဇင်ဘာ ၄ ရက်- အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုဆန္ဒခံ ယူပွဲတွင် ရှုံးနိမ့်ပြီးနောက် အီတလီဝန်ကြီးချုပ် မက်တီယိုရန်ဇီ နုတ်ထွက် သွားသည်။

ဒီဇင်ဘာ ၁၃ ရက်- ဆီးရီးယားနိုင်ငံတွင် အလက်ပိုမြို့ကို အစိုးရတပ်ဖွဲ့ များက ပြန်လည်သိမ်းပိုက်ခဲ့သည်။

Top News