ဘီးလင်းမြို့တွင် စတုဒိသာ ခေါက်ဆွဲကြော်စားရာမှ လူ ၃၀ ကျော် အစာအဆိပ်သင့်

 မွန်ပြည်နယ် ဘီးလင်းမြို့ တွင် စတုဒိသာကျွေးသော ခေါက် ဆွဲကြော်စားရာမှ လူ ၃၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူရကြောင်း သတင်းရရှိသည်။

အစားအသောက် မသန့်ရှင်း သဖြင့်  အစာအဆိပ်သင့်ရာမှ အော့အန်ဝမ်းသွားပြီး ဇန်န၀ါရီ ၁၇ ရက်က ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မစိုးရိမ်ရအခြေအ နေဖြင့် ဆေးကုသမှုခံယူနေရခြင်း ဖြစ်ကာ အစာဆိပ်သင့်လူနာ ၁၀ ဦးကျော်သက်သာ၍ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။


အစာအဆိပ်သင့်သူများအတွက် ဆရာစံရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် ဇန်န၀ါရီ ၁၆ ရက်ည ၁၁ နာရီက ဆေးကုသရေး ယာယီစခန်းတစ်ခုဖွင့်လှစ်ထားပြီး ဆေးရုံသို့လွှဲပြောင်း ပေးရန် လိုအပ်သည့်လူနာများကိုအချိန်နှင့် တစ်ပြေးညီလွှဲပြောင်းပေး ကြောင်း၊ စိုးရိမ်စရာအခြေအနေမရှိကြောင်း ဘီးလင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်သီရိရတနာက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဆေးရုံကိုရောက်တဲ့ အ များစုက စတုဒိသာက ကျွေးတဲ့ ခေါက်ဆွဲကြော်ကို စားမိလို့ဖြစ် တာ။ ခေါက်ဆွဲကြော်မစားတဲ့သူ တွေလည်း အော့အန်မှုတွေ ဖြစ် တယ်။ ဘာကြောင့်ဖြစ်လဲဆိုတာ အကြောင်းရင်းကို မသိရသေး ဘူး’’ဟု ဘီးလင်းမြို့နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောသည်။

အစာအဆိပ်သင့်သူများကို ဘီးလင်းမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်သီရိ ရတနာအပါအ၀င် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးစိုးမြင့်ဦးဆောင်သော တပ်ဖွဲ့ ၀င်များနှင့် ဘီးလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းတို့ကသွားရောက် ကြည့်ရှုခဲ့သည်။

More in Regional Section