YBS လက်ပတ်အတုများဝတ်ဆင်၍ နှောင့်ယှက်နေသူများရှိသည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်

YBS လက်ပတ်အတုများ ၀တ်ဆင်၍ ခရီးသည်နှင့်လုပ်အား ပေးများကို အနှောင့်အယှက်ပေး သူများရှိနေသည်ဟု  ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး အခမဲ့ကူညီပေးသူများကိုလည်း ယာယီအဖွဲ့ဝင်လည်ဆွဲကတ်များကို ဇန်န၀ါရီ ၁၉ ရက်တွင်ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 ‘‘YBS လက်ပတ်အတုတွေ နဲ့ အနှောက်အယှက်ပေးတယ်ဆို တာမျိုး အွန်လိုင်းပေါ်မှာ ကြား တယ်ဆိုရုံသက်သက်ပဲ ရှိတာပါ။ လက်တွေ့မှာ YBS CallCenter ကို တိကျစွာတိုင်ကြားတာမျိုး မရှိ ပါဘူး။ စိတ်ပူစရာမလိုပါဘူး’’ ဟု YBS Volunterr Callcanter ဗဟို မှ တက်ကြွလှုပ်ရှားသူ ကိုအောင် ကျော်က ပြောသည်။


‘‘အရင်တုန်းက ကျွန်တော် တို့လက်ပတ်တွေကို အများကြီး ထုတ်ပေးလိုက်တယ်။ အခုကျွန် တော်တို့ ယာယီလည်ဆွဲကတ် တွေကို သေချာစိစစ်ပြီးပေးနေ တယ်။ တစ်မြို့နယ်ကို NLDဘက် ကို ကတ်ငါးဆယ်၊ Volunteer ကို ကတ်ငါးဆယ်ပေးတယ်။ Volun-teer ဘက်ကိုပေးတဲ့အခါမှာ ကိုယ်အာမမခံနိုင်တဲ့သူကို မပေးဖို့မှာထားပါတယ်’’ဟု YBSလုပ်အားပေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူ ကိုရာပြည့်ကပြောကြားသည်။

 ဇန်နဝါရီ ၁၉ ရက်တွင် အခမဲ့ ပြေး ဆွဲသည့်ကားများကို အချိန်ပြည့် ပြေးဆွဲခြင်းမပြုရန် သက်ဆိုင်ရာက မေတ္တာရပ်ခံခဲ့ပြီးနောက် စောင့်ကြည့်ခဲ့ရာ၌ ခရီးသည်များ အဆင်ပြေစွာသွားလာနိုင်သည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ကျွန်တော်တို့ပြည်သူတွေ၊ ကားသမားတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ Volunteer တွေ၊ အခမဲ့ပြေးဆွဲသူတွေရဲ့ အ သံတွေနားထောင်ပြီး ဒီနေ့အ ကောင်းဆုံးရွေးချယ်မှု တစ်ခုကို ဒီ နေ့မနက်က လုပ်ခဲ့တယ်။ ဒီ မနက်မှာ ကျွန်တော်တို့ကိုလာပေး ထားတဲ့ အခမဲ့ပြေးဆွဲတဲ့ကားတွေ ကို မထွက်သေးဘဲနဲ့ စမ်းကြည့် လိုက်တယ်။ ခရီးသည်တွေကား လုံလောက်မှုရှိ၊မရှိ၊ ခရီးလမ်း ကြောင်းနားလည်မှု ရှိ၊မရှိ လိုက် လေ့လာတဲ့အခါမှာ အဆင်ပြေ တာကိုတွေ့ရှိရပါတယ်’’ဟု ကို ရာပြည့်ကပြောသည်။

YBS ကားများ ယခင်နေ့က ထက်ပိုများလာသောကြောင့် အ ဆင်ပြေသော်လည်း ည ၇ နာရီ ခန့်တွင် ကားအလာကျဲခဲ့သော ကြောင့် ခရီးသည်များမှာ မှတ်တိုင်များတွင် ပုံနေခဲ့ပြီး အခက်အခဲရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်  ဒေါ်စိုးပပလှိုင်က ပြောသည်။

Top News