ဘိန်းဖြူတရားခံ ခုနစ်ဦးအနက် တစ်ဦးမှာ တပ်မတော်သားဖြစ်

မေလ ၁၀ ရက် နံနက် ၁၀နာရီခန့်က သီပေါမြို့၊ မြို့လယ်ရပ်ရှိနေအိမ်တစ်အိမ်တွင် ကာလတန်ဖိုး ကျပ်နှစ်သိန်းရှစ်သောင်းဖိုးခန့်ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ရာ တရားခံခုနစ်ဦးထဲတွင် တပ်မတော်သားတစ်ဦး ပါဝင်ကြောင်း သီပေါမြို့နယ်ရဲစခန်းက အတည်ပြု ပြောကြားသည်။

ယင်းတပ်မတော်သားမှာ မိုင်းတောင်အခြေစိုက် ခလရ (၂၂) မှဖြစ်ပြီး  အိတ်ခ်ျအိုင်ဗီပိုးရှိသဖြင့်  မိခင်တပ်ရင်းမှ ပြင်ဦးလွင် ခုတင် ၇၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူရန် စေလွှတ်ခြင်းခံထားရသူဖြစ်သည်။ ၎င်းကို သီပေါအခြေစိုက် ခလရ (၂၃) သို့ လွှဲပြောင်းပေးအပ်ထားသည်။ ““ကျွန်တော့်ဆီကို အဲဒီဘက်က ဒီလိုအမှုတွေဖြစ်တတ်တယ်ဆိုတာ ပြည်သူက လာလာတိုင်နေကြတာရှိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ရဲစခန်းကို အကြောင်းကြားထားတာပါ””ဟု သီပေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။